အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ အရစ်ကျ နည်း ဖြင့် ကုရ်ဘာနီ ပြုလုပ်ခြင်း ဆိုင်ရာ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
ကုရ်ဘာနီ ပြုမည့် သားကောင် အား အရစ် ကျ စနစ်ဖြင့် ဝယ်ပြီး ကုရ်ဘာနီ ပြုလို့ ရပါသလား?
အဖြေ
ဟုတ်ကဲ့ရပါတယ်။
အကြံပြုချက် - အထူးသတိပြုရမည့် အချက်မှာ အရစ် ကျ စနစ် တွင် နေပြန်တိုး တို့ အတိုးတို့ မပါဖို့တော့ အရေးကြီး လိုပါတယ်။ အတိုးပေးခြင်း အတိုးစားခြင်း အတိုးပေးရန် ကြားဝင် ပြောပေးခြင်း အာမခံပေးခြင်း တို့သည် ဟရာမ် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251