အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏အဆိုအရ အာယာသွလ္လာဟ် အလ်အွဇ်မာ မကာရေမိုရှီးရာဇီး သည် အစာအိမ် ပြဿနာ ကြောင့် ဆရာဝန်များ၏ အကြံဉာဏ်ဖြင့် ကုသမှုခံယူရန် တီဟိရန် ဆေးရုံ သို့ တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ်။
အာယာသွလ္လာဟ် အလ်အွဇ်မာ နာဆေရ် မကာရေမိုရှီးရာဇီး ရုံး မှ အီးဒ်ဒိုလ်အဒွဟာ (ခ) ကုရ်ဘာနီ အီးဒ် အတွက် မိုဘာရတ်က် ပြောကြားပြီး လူထုအား သိစေ ရန် အာယာသွလ္လာဟ် အလ်အွဇ်မာ နာဆေရ် မကာရေမိုရှီးရာဇီး သည်လွန်ခဲ့သော ရက်အနည်းငယ်တွင် အစာအိမ်နာခြင်း ကြောင့် ဆေးရုံတက်ပြီး ကုသမှု ခံယူနေကြောင်း အင်န်ရှာအလ္လာဟ် မိုအ်မေနီ များ ၏ ဒိုအာ များ ကြောင့် အမြန်ဆုံး ပြန်လည် ကျန်းမာ လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ်အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ လည်း မကြာသေးမီက တီဟီရန်မြို့ရှိ ဒေသဆိုင်ရာ ဆေးရုံတစ်ခုတွင် တက်ရောက် ကုသခံ ယူနေသည့် အာယာ သွလ္လာဟ် အလ်အွဇ်မာ နာဆေရ် မကာရေမိုရှီးရာဇီး အား သွားရောက် ကြည့် ရှု ခဲ့ပါတယ်။
အာယာ သွလ္လာဟ် အလ်အွဇ်မာ နာဆေရ် မကာရေမိုရှီးရာဇီး အား ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီခါမေနာအီ မှ ကြည်ရှု ချိန် စကား ပြောကြားရင်း ကျနော် လူကြီးမင်း အား အလွန် တွေ့ချင်လို့ ၍ စောင့် ဆိုင်းနေရကြောင်း လူကြီးမင်းအား ဆေးရုံ တွင် တွေ့ လိုသည် မဟုတ် ကြောင်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251