၃ ဇူလိုင် ၂၀၂၄ - ၂၀:၁၅
  အသက်မည်သို့ ရှည်ပါသနည်း?

အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် အသက်မည်သို့ ရှည်ပါသနည်း? နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အလ်အမာလီလစ်လ်သူစီ  ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

الامام الصادق (عليه السلام):

مَن حَسُنَ بِرُّهُ بِأهلِ بَيتِهِ زید فی عمره.

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က်  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

 

« အကြင်မည်သူ မဆို မိမိ မိသားစုကို ကောင်းမွန်စွာ ဆက်ဆံမည်ဆိုလျင်  ၎င်း အသက်သည် ရှည်မည် ဖြစ်ပါ သည်။ »

ကျမ်းကိုး ။ ။ အလ်အမာလီလစ်လ်သူစီ  ကျမ်း ၊  ၄၂၅ / ၂၄၅

 

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးအေမာမ် ဂျအ်ဖရ်ဆွာဒစ်က် ( အ.စ) ၏ဟဒီးစ်တော် အတိုင်း ကျနော်တို့တွေ ဘဝတည်ဆောက် နိုင်အောင်  ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ကျနော်တို့ အနေဖြင့် မိမိ မိသားစု အတွင်း အဖေ၊အမေ ၊ညီအစ်ကို၊မောင်နှမ၊ သားသမီးတို့ အကြား ကောင်း ကောင်းမွန်မွန် ဆက်ဆံ ရပါမည်။ ဤနည်းဖြင့် မိမိအသက် ကို ဆေးမစားဘဲ ရှည် အောင် ပြုနိုင်မည် ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် ။

****************************************************************

END / 251