၇ ဇူလိုင် ၂၀၂၄ - ၂၀:၂၆
« نشانه‌هایی از دولت موعود»» စာအုပ် အင်ဒိုနီးရှား ဘာသာဖြင့် ဘာသာပြန် ထွက် ရှိ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် « نشانه‌هایی از دولت موعود» စာအုပ် အင်ဒိုနီးရှား ဘာသာဖြင့် ဘာသာပြန် ထွက် ရှိ ထုတ်ဝေ ခဲ့ပြီး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ 

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အထောက်အထား များ အရ  မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ ကြိုးပမ်းမှုဖြင့် « نشانه‌هایی از دولت موعود» စာအုပ် အင်ဒိုနီးရှား ဘာသာဖြင့် ဘာသာပြန် ထွက် ရှိ ထုတ်ဝေ ခဲ့ပြီး ဖြစ်ပါတယ်။

ဤစာအုပ်တွင် ကမ္ဘာ့အစိုးရကို အေမာမ်ဇမာန်း (အ.ဂျ) မှ  မည်သို့ဖွဲ့စည်းပုံ နှင့် မည်သို့ အုပ်ချုပ်မည် ဆိုသည်ကို တင်ပြထားပါတယ်။ စာရေးသူသည် ၎ိမိ၏ စာအုပ် တွင် နိုင်ငံရေးစနစ်များ ကို ဖျက်ဆီးပုံ နှင့် အေမာမ် ဇမာန်း (အ.ဂျ) မှ တစ်ခုတည်းသော ကမ္ဘာလုံးဆိုင်ရာ စနစ်တစ်ခုကို ဖွဲ့စည်းကာ ကမ္ဘာကြီးအား အဂတိလိုက်စားမှု ကင်းစင်သော နေရာတစ်ခုအဖြစ် ပြောင်းလဲမည် အကြောင်း ကိုလည်း  ရေးသား သီးကုံးထားပါတယ်။

ဤစာအုပ်၏ ပထမပိုင်း၌ တမန်တော်မြတ် (ဆွ) မပွင့်ပေါ်မီ ကမ္ဘာ၏ ပုံကြမ်းနှင့် နောက်အပိုင်းတွင် အေမာမ် မဲဟ်ဒီ (အ.ဂျ) ၏ ကမ္ဘာ့တော်လှန်ရေးသည် မည်ကဲ့သို့ ဖြစ်သည်ကိုသူတေသီပြု တင်ပြထားပြီး နောက်ဆုံးအပိုင်းတွင် အေမာမ် မဲဟ်ဒီ (အ.ဂျ) အုပ်ချုပ်မည့် ကမ္ဘာ့ အစိုး ၏ ဝိသေသလက္ခဏာများ၊ ခေတ်ကာလ ၏ လက်ရှိအခြေအနေ နှင့် သာမန် အခြေအနေ ၊ အသိပညာ ၊ ယဉ်ကျေးမှု ၊ လုံခြုံရေး၊ စီးပွားရေး၊ ကျန်းမာရေး နှင့်ကုသမှု ကဏ္ဍ များ ဖြစ်ပါတယ်။

စာအုပ်အဆုံး တွင်  အေမာမ် ဇမာန်း (အ.ဂျ) မည်သို့ မည်ပုံ ရှဟီးဒ် ဖြစ်မည့် အကြောင်း ကို တင်ပြထားပါတယ်။

« نشانه‌هایی از دولت موعود» စာအုပ်အား  အလီ ယဟ်ယာ မှ အင်ဒိုနီးရှား ဘာသာဖြင့် ဘာသာပြန် ဆိုထားခြင်း ဖြစ်ပြီး စာအုပ် အရွယ်အစားမှာ ၁၄၁  x ၂၁၂ မီလီမီတာ ဖြစ်ပါတယ်။

ဤစာအုပ်အား စိတ်ပါဝင်စားသူများ အနေဖြင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ကွမ်းမြို့ ရှိ မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ)  ၏ ရုံးခန်း တည်ရှိသည့် နေရာ Islamic Republic Blvd., No. 6 Alley တွင် ရယူနိုင်ပါတယ်။ သို့မဟုတ် ဖုန်း နံပါတ် 0098-2532131307 သို့ဆက်သွယ်  ရယူနိုင်ပါတယ်။

................................

END / 251