၁၆ ဇူလိုင် ၂၀၂၄ - ၁၉:၅၀
အာရှုရာ နေ့ ၏ ကျင့်စဥ်များ

အာရှုရာ နေ့ ၏ ကျင့်စဥ်များ ကို အဲဟ်လေဘိုက် (သ) (အ.စ) ကို အချစ်ထားသူများ ၊ နောက်လိုက်များ လိုက်နာ ကျင့်သုံး နိုင်ရန် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

(၁) အေမာမ် ဟိုစိုင်းန် (အ.စ) အား ဇေယာရသ် ပြုခြင်း  

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူသည်။

« အကြင်မည်သူ မဆို အာရှုရာနေ့ တွင် အေမာမ် ဟိုစိုင်းန် (အ.စ) အား ဇေယာရသ် ပြုမည် ဆိုလျင် ၎င်းအပေါ် ဂျန္နသ် ဝါဂျစ်ဗ် ဖြစ်သွားပါသည်။    »  ကြည့် - အက်ပါလိုလ်အအ်မါလ် ကျမ်း ၊ အခန်း ၁

အင်န်ရှာအလ္လာဟ် ၊ အေမာမ် ဟိုစိုင်းန် (အ.စ) ကို အချစ်ထားသူတိုင်း ကို တစ်သက်တွင် အနည်းဆုံး တစ်ကြိမ် လောက် အာရှုရာနေ့ တွင် ကရ်ဗလာ ၌  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ် ပြုနိုင် ခွင့် မြတ်အလ္လာဟ် ချီးမြှင့် ပေးသနားတော် မူပါစေ ။

(၂) လောကီ အလုပ်များ ကို ရပ်ခြင်း

ဟဇရသ် အေမာမ် အလီရေဇာ (အ.စ) မိန့်တော် မူသည်။

«   အကြင်မည်သူ မဆို အာရှုရာနေ့ တွင် လောကီ ၏ အလုပ်အကိုင် ကို ရပ်ထားမည်။ မည်သည့် လောကီ ကိစ္စ  ကိုမဆို မလုပ်မည်ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် လောကီ နှင့်လောကုတ္တရာ ဆိုင် ရာ ဤ၎င်း ဆန္ဒများ (ရှရီအီ) အား ပြည့်ဝ ချီးမြှင့် ပေးသနားတော်မည်။ အကြင်မည်သူ မဆို ဤ  ( အေမာမ် ဟိုစိုင်းန် (အ.စ) ၏)   ဒုက္ခ ဆင်းရဲ အတွက် ဝမ်းနည်း ကြေကွဲ မည် ။ ငိုကြွေးမည် ဆိုလျင်ထိုသူသည် ကေယမသ် နေ့ တွင် ပျော်ရွှင် ပြီး ပြုံးနေပေမည်။ မိမိအိမ် အတွက် တစ်ခုခု ကို စုဆောင်း ခြင်း ပြုမည်ဆိုလျင် ဘာဘဲ စုဆောင်းစုဆောင်း ၎င်း စုဆောင်း မှု တွင် အလ္လာဟ် ဟို အရှင်မြတ် သည် ဘရ်ကသ် ကိုပေးသနားတော် မူမည် မဟုတ်ချေ။ ကေယမသ်နေ့ တွင် ယဇီးဒ် ၊ အိုဗိုင်းဒိုလ္လာဟ် အစ်ဗ်န်နေ ဇေယာဒ် နှင့် အုမရ်အစ်ဗ်န် နေ စအ်ဒ် (အလိုင်းဟင်းမ်မိုလ်လအ်နဟ်) တို့ နှင့်အတူ ပြန်လည် ရှင်သန် ထမြောက် ခြင်း ကို ခံရမည် ဖြစ်ပါသည်။ »  ကြည့် - ပြီးနောက် ဇါဒိုလ်မအာဒ် ကျမ်း ၏ အခန်း ၆  အပိုင်း ၁

(၃) ဒုက္ခရောက်  ပူဆွေး နေသူ ပမာ နေခြင်း

အာရှုရာနေ့ တွင် အကောင်း တကာ အကောင်းဆုံး အလုပ်မှာ သန့်ရှင်း သပ်ရပ်သည့် အင်္ကျီ ဝတ်ရမည်။ အင်္ကျီ ၏  ကြယ်သီးကို ပြုတ်ထားရမည်။ အင်္ကျီ လက်မောင်း ကို လက်ကောက်ဝတ် အထိ မှ တင်ထား ရမည်။ဤသို့ဖြစ် ဒုက္ခရောက် ပူဆွေးနေသူ များပမာ နေရမည် ဖြစ်ပါတယ်။  (ဤသည် အမျိုးသားများ အတွက် သီးသန့် ဖြစ်ပါတယ်။ အမျိုးသမီးများ အနေ ဖြင့် အလှပြင်ထားခြင်း မိတ်ကပ်လိမ်းထားခြင်း ၊နှုတ်ခမ်းနီ ဆိုးထားခြင်း စသည်တို့ ကို ရှောင်ရပါမယ်။  အမျိုးသမီးများ အနေဖြင့်လည်း  မိမိကိုယ် ကို ဒုက္ခရောက်နေသူ ပူဆွေးနေသူပမာ နေရပေမည်။) ကြည့် - အလ်ပါကီယာသိုလ်ဆွာလေဟာသ် ၊ စာမျက်နှာ ၁၀၆

(၄) ဖါကဟ် ထားခြင်း

အာရှုရာနေ့ သည် ရှီအဟ် ခိုင်းရိုလ်ဘရီယဟ် အတွက် အလွန် ဝမ်းနည်း ကြေကွဲ ဖွယ်ရာ နေ့ ကြေကွဲစရာ နေ့ ဖြစ်ပါတယ်။ ဤအတွက် ကြောင့် အာရှုရာနေ့ မနက် မှ စားခြင်း သောက်ခြင်း မပြုဘဲ နေရမည် ။ အဆ်ရ် အချိန် ပြီးနောက် နေဝင် ဖို့ ၂နာရီခန့် အချိန် တွင် ရေ သို့မဟုတ် အစားအစာ ရိုးရိုး နှင့် ဖါကဟ် ရှေကနီ ပြုရမည် ဖြစ်ပါတယ်။

အကြောင်းမှာ ဤအချိန် တွင် ကရ်ဗလာ တွင် စစ်ပွဲ ရပ်သွားသည့် အချိန် ဖြစ်ပါတယ်။ မိမိ၏ အိမ်သူအိမ်သားများ ကို အေမာမ် ဟိုစိုင်းန် (အ.စ) အပေါ် အမေ မှ သားသမီးများ အတွက် ငိုကြွေး သကဲ့သို့ ငိုကြွေး ရန်  ပြောရပါမည်။ ကြည့် - အလ်ပါကီယာသိုလ်ဆွာလေဟာသ် ၊ စာမျက်နှာ ၁၀၅

(၅) ဇေယာရသ် သေ အာရှုရာ ဖတ်ခြင်း

စိတ်ဝင်စားမှု အပြည့် နှိမ့်ချမှု အပြည့် နှင့် ငိုကြွေးပြီး အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ကဗဲရ် တော် ဘက်သို့ မျက်နှာ မူ၍ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဟာဒသ် အား တွေးမြင်ပြီး မိမိ၏ လက်ညှိုး အား အေမာမ် (အ.စ) ၏ ကဗဲရ် တော် ဘက်သို့ ညွှန် ၍ အာရှုရာနေ့ နေ့ တွင် ဇေယာရသ် သေ အာရှုရာ ဖတ်ပါ ၏ ကိုရ်ဘသန်အေလ္လာဟ် ဆို ပြီး နီယသ် ပြု၍  ဇေယာရသ် သေ အာရှုရာ ဖတ်ရမည် ဖြစ်ပါတယ်။ ပြီး နမာဇ်ဇေ ဇေယာရသ် (၂ ရကတ် )  ဝတ်ပြုရပါမည်။ ကြည့် - သဟ်ဖသိုလ်အဝါမ် ကျမ်း ၊ စာမျက်နှာ ၃၂၂

(၆)  အေမာမ် ဟိုစိုင်းန် (အ.စ) အား သတ်ဖြတ်သူများ အပေါ် လအ်နသ် အကြိမ် ၁၀၀၀ ပို့ ခြင်း

အေမာမ် ဟိုစိုင်းန် (အ.စ) အား သတ်ဖြတ်သူများ အပေါ် လအ်နသ် အကြိမ် ၁၀၀၀ ပို့ ရပါမည်။ လအ်နသ်တိုင်း ကောင်းမှု ၁၀၀၀ မှတ်တမ်း တင်ခြင်းခံရပါမည်။ ကောင်းသည် မှာ လအ်နသ် အား ဤ ကဲ့သို့ ပို့ ရပါမည်။

اللَّهُمَّ الْعَنْ قَتَلَةَ الْحُسَيْنِ)  عَلَيْهِ السَّلاَمُ‏ (وأصحابه .

အဓိပ္ပာယ် - အိုအလ္လာဟ် ဟို အရှင်မြတ် သခင် ၊ ဟဇရသ် အေမာမ် ဟိုစိုင်းန် (အ.စ) နှင့် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ သာဝက များ အား သတ်ဖြတ်သူများ အပေါ် လအ်နသ် ချတော်မူပါ။

ဇါဒိုလ်မအာဒ် ကျမ်း ၏ အခန်း ၆  အပိုင်း ၁ တွင် وأصحابه  ဆိုသည့် စကားလုံး သည် မပါချေ။ သို့သော်  ဤအခန်း ၆ အပိုင်း ၃ နောက်ဆုံး တွင် လာရှိပါတယ်။ ဤအတွက် ကြောင့် وأصحابه ကို ထည့် ဖတ်သင့် ပါတယ်။

(မိမိ၏နမာဇ်များ၏ ကူနူးသ် တွင် လည်း နေ့ စဥ် ထည့်ဖတ်သင့်ပါတယ်။ )

(၇) စူရဟ် သောင်ဟီးဒ် အကြိမ် ၁၀၀၀ သေလာဝသ် ပြုခြင်း

(လမ်းသွားရင်း ၊ ထိုင်နေရင်း ) စူရဟ် သောင်ဟီးဒ် အကြိမ် ၁၀၀၀ သေလာဝသ် ပြုရမည်ဖြစ်ပါတယ်။ အကြောင်း သည်ကား  စူရဟ် သောင်ဟီးဒ် အကြိမ် ၁၀၀၀ သေလာဝသ် ပြုသူ အပေါ် အလ္လာဟ် ဟို အရှင်မြတ် ရဟ်မသ် အကြည့် နှင့် ကြည့်တော်မူမည် ဖြစ်ပါသည်။ ပြီးနောက် အလ္လာဟ် ဟို အရှင်မြတ် ရဲဟ်မသ် အကြည့် နှင့် ကြည့်ခံရသူ အပေါ် လုံးဝ အဇါးဗ် ချမည် မဟုတ်သည့် အတွက်ကြောင့် ဖြစ်ပါတယ်။  ကြည့် - ဇါဒိုလ်မအာဒ် ကျမ်း ၏ အခန်း ၆   ၊ အက်ပါလိုလ်အအ်မါလ် ကျမ်း ၊ အခန်း ၁

 (၈) အောက်ဖော်ပြပါ ဒိုအာ အား (၁၀ ) ကြိမ် ဖတ်ခြင်း

اَللُّهُمّ اِنّیِ اسئلک بحق الحسین وجدّه و ابیه و امّه و  (صلواتک وسلامک علیهم  )  اَن تُفَرِّجَ عَنِّی ما انا فیه برحمتک با اَرحم الرّاحِمین .

မြန်မာအသံထွက်  - အလ္လာဟ်ဟွန်မာအင်န်နီ အက်စ်အလိုကာ  ဘေဟက်ကေလ် ဟိုစိုင်းန် (အ.စ)  ဝဂျက်ဒ်ဒေဟီ ဝအဘီဟေ ဝအွန်မ်မေဟီ ဝအခီဟေ ( ဆလဝါသိုကာဝစလာမိုကာအလိုင်းဟင်းမ် ) အန်သိုဖရ်ရေဂျအန်နီမာ အနာ ဖီးဟေ ဘေရဲဟ်မသေကာယာ အရ်ဟမရ်ရါဟေမီးန်

အကြင်မည်သူမဆို အထက်ပါ ဒိုအာ အား အာရှုရာနေ့ တွင်  ၁၀ ကြိမ် ဖတ်ရွတ်မည် ဆိုလျင် အလ္လာဟ် ဟို အရှင်မြတ် သည် ၎င်းအား ဘေးဆိုး ၊ ဘေးအန္တရာယ်တိုင်း မှ ကာကွယ် စောင့်ရှောက် တော် မူပေမည်။  ကြည့် - သဗ်ဆေ ရသွန်ဇ်ဇာ အေရ် ကျမ်း

(၈) လေးရကတ် နမာဇ် ဝတ်ပြုခြင်း

ဟဇရသ် အေမာမ် ဂျအ်ဖရ် ဆွာဒစ်က် (အ.စ) ထံ မှ အဗ်ဒိုလ္လာဟ် ဘင်န် စနာန် ဆင့်ပြန်သည်မှာ အာရှုရာနေ့ တွင်  အကောင်းတကာ အကောင်းဆုံး အလုပ်မှာ  ကျာရှ်သ် အချိန် (နေ့လည် ၏ တစ်ဝက်အချိန် ) တွင် အလ္လာဟ့် အတွက်ဆိုသည့် နီယသ် ဖြင့် ၂ရကတ် ၊ ၂ရကတ် စီ ခွဲဖတ်၍ ၄ရကတ် ဝတ်ပြုရမည် ဖြစ်ပါတယ်။

နမာဇ်ဖတ်နည်းမှာ ပထမရကတ် တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် ကိုလ်ယာ အိုင်းယိုဟဲလ်ကာဖေရူးန်

ဒုတိယ ရကတ် တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် သောင်ဟီးဒ်

သရှ်ဟွတ်ဒ် ဖတ် စလာမ်သိမ်း

တတိယ ရကတ် တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် အဲဟ်ဇားဗ်

စတုတ္တ ရကတ် တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ်  မိုနာဖစ်က်ကူးန်

သရှ်ဟွတ်ဒ် ဖတ် စလာမ်သိမ်း

အကယ် ဤစူရဟ် များအလွတ်မရလျင် အခြား မိမိအလွတ်ရသည့် စူရဟ် များ နှင့် ဝတ်ပြုနိုင်ပါတယ်။

အက်ပါလိုလ်အအ်မါလ် ကျမ်း တွင် ဤ ၄ ရကတ် နမာဇ် ဝတ်ပြု ပြီးနောက် အေမာမ် ဟိုစိုင်းန် (အ.စ)  အား သတ် ဖြတ်သူများ အပေါ်လအ်နသ် အကြိမ် ၁၀၀၀ ပို့ရမည် ဖြစ်ပါတယ်။ လအ်နသ် တိုင်း တွင် ကောင်းမှု ၁၀၀၀ ၏ ဆဝါးဗ် ရရှိမည်။ ဂိုနဟ် ၁၀၀၀ ကို ခွင့်လွတ် ပေးတော်မူခြင်း ခံရပေမည်။ ဂျန္နသ် သုခဘုံ တွင် အဆင့် ၁၀၀၀ မြင့်တင်ပေးခြင်း ခံရပေမည်။

(၉) တစ်နေရာ တွင် မတ်တပ်ရပ် ၍ အောက်ဖော်ပြ စာစု အား ၇ ကြိမ် ရှေ့ တိုးဖတ်  နောက်ဆုတ်ဖတ် ပြုခြင်း

إِنَّا لِلَّهِ وَإِنَّا إِلَیْهِ رَاجِعُونَ رِضاً بِقَضائِه و تَسْلیماً لِامْرِه .

တစ်နေရာတွင် မတ်တပ်ရပ်နေပြီး ရှေ့ သို့ ခြေလှမ်း အနည်းငယ် အထက်ပါ စာစု အား ဖတ်၍ သွားရမည်။ ပြီးနောက် နောက် ဆုတ် ပြီး အထက်ပါ စာစု အား ဖတ်ရမည် ဖြစ်ပါတယ်။ ပြီးနောက် ဇါဒိုလ်မအာဒ် ကျမ်း ၏ အခန်း ၆  အပိုင်း ၃ ပါ  ဒိုအာ များ အားဖတ်ရပါမည်။ ဤအမလ်၏ ဆဝါးဗ် သည် ဟဂျ်အမြောက်အများ အွမ်ရဟ် အမြောက်အများ ထ် ပိုမို မြင့်မြတ်ကြောင်း

(၁၀) အာရှုရာနေ့ မိုအ်မင် တစ်ဦး နှင့် တစ်ဦး အောက်ပါအတိုင်း ဝမ်းနည်းကြောင်း ပြောကြားခြင်း

အေမာမ် မိုဟမ္မဒ်ဘာကဲရ် (အ.စ) အားတစ်ဦးတစ်ယောက်မှ အာရှုရာနေ့ တွင်  တစ်ယောက် နှင့် တစ်ယောက် ဝမ်းနည်း ကြောင်း မည်သို့ ပြောရမည် နည်း ဟု မေးမြန်း လျှောက်ထားရာ အေမာမ် မှ အောက်ပါ အတိုင်း ပြောကြားရန် မိန့်တော် မူခဲ့ပါတယ်။

اَعْظَمَ اللهُ اُجُوْرَنَا وَاُجُوْرَكُمْ بِمُصَابِنَا بِالْحُسَيْنِ عَلَيْهِ السَّلَامُ وَجَعَلَنَا وَاِيَّاكُمْ مِنَ الطَّالِبِيْنَ بِثَارِهِ مَعَ وَلِيِّهِ الْاِمَامِ الْمَهْدِىِّ مِنْ اٰلِ مُحَمَّدٍ عَلَيْهِمُ السَّلَامُ.

ယာအလ္လာဟ် ... ကျနော်မျိုးတို့အား ဤ လောကတွင် အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ဇေယာရသ်  နှင့်  အာခေရသ် တွင်  အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရှဖာအသ် ပေးသနားတော်မူပါ ။

အေလာဟီ အာမီးန်

.......................................................

END / 251