ဂိုရရိုလ်ဟေကမ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال امیرالمؤمنين علیه السلام:
كثْرَةُ الدَّيْنِ تُصَيِّرُ الصّادِقَ كاذِبا وَ المُنْجِزَ مُخْلِفا.
အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အကြွေး များလွန်းခြင်း သည် စစ်မှန်သည့် လူသားအား လူလိမ် နှင့် သစ္စာရှိသူအား သစ္စာမဲ့စေသူ ဖြစ် စေပါ သည်။ »
ကျမ်းကိုး ။ ။ ဂိုရရိုလ်ဟေကမ် ကျမ်း ၊စာမျက်နှာ ၃၆၂ ၊ ဟဒီးစ်တော် အမှတ် ၈၂၁၄
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် လူလိမ် ၊ သစ္စာဖောက် မဖြစ်ရင် အကြွေးများများ ယူခြင်းမှ ရှောင်ကညဥ်ရမည် ဖြစ်ပါတယ်။ ဖြစ်နိုင်လျင် အကြွေး မယူနိုင်အောင် အထူး ကြိုးပမ်းရမည် ဖြစ်ပါတယ်။ မတတ်နိုင်သည့် အဆုံး အကြွေး ယူမိလျင်လည်း အမြန်ဆုံးဆပ်နိုင် အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။ ယာအလ္လာဟ်ကျနော်မျိုးတို့ အားလုံးကို အကြွေးကင်း သူများ အဖြစ် သို့မဟုတ် အကြွေးရှိလျင်လည်း အမြန်ဆုံးဆပ်နိုင်သူများ ဖြစ်အောင် စွမ်းအား အပြည့်အဝ ပေးသနားတော်မူပါ။ ငွေအကြွေးအပြင် အလုပ်အကြွေး များကို ကင်းနိုင်စွမ်းအား သို့မဟုတ် ဆပ်နိုင်စွမ်းအား အပြည့်အဝ ချီးမြှင့်တော်မူပါ။
****************************************************************
END / 251