အာရပ်နိုင်ငံများသည် ဇီယွန်အစိုးရအား မိမိတို့၏ လေကြောင်းပိုင်နက်ကို အီရန်အား တိုက်ခိုက်ရန်အတွက် အသုံးပြုရန် ခွင့်မနိုင်ကြောင်း Maher သတင်းဌာနက Arabi 21 ကို ကိုးကား၍ ပြောကြားခဲ့ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ "ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၂ " အပြီးမှာ အစ္စရေးက လက်တုံ့ပြန်ဖို့ ခက်ခဲနေပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ မှလည်း မည်သည့်နိုင်ငံမှ မိမိ ပိုင်နက်နယ်မြေကို အစ္စရေး အား အသုံးပြုမည်ဆိုပါက ပြင်းထန်စွာ လက်တုံ့ပြန်မည်ဟု အိမ်နီးချင်းနိုင်ငံများကို အကြိမ်ကြိမ် သတိ ပေးထား ပြီးဖြစ်ပါတယ်။
အီရန်သည် ဒေသတွင်းရှိ အမေရိကန် မဟာမိတ်များအား စစ်ဆင်ရေးတွင် နိုင်ငံ၏နယ်မြေအဖြစ် အသုံးပြုပါက ပစ်မှတ်ထားခံရမည်ဟု အီရန်က သတိပေးထားကြောင်း Wall Street ဂျာနယ်က သောကြာနေ့တွင် ဖော်ပြခဲ့ ပါတယ်။
ဆော်ဒီအာရေးဗီးယား၊ ကာတာနှင့် အာရပ်စော်ဘွားများပြည်ထောင်စုတို့သည် အီရန်အပေါ် မည်သည့် အရေး ယူမှုမျိုး တွင်မဆို ၎င်း၏ပိုင်နက်နယ်မြေကို အစ္စရေးအား အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း အမေရိကန် အား အသိပေးထားကြောင်း CNN မှ ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်တွင်မူ ဂျော်ဒန်၏ ထိပ်တန်းအရာရှိက ၎င်း၏နယ်မြေကို အခြားနိုင်ငံများနှင့် တိုက်ခိုက်ရန် ခွင့်မပြုကြောင်းလည်း ပြောကြားခဲ့ပါတယ်။
.......................................................
END / 251