၂၃ အောက်တိုဘာ ၂၀၂၄ - ၁၅:၂၃
ဆော်ဒီအာရေဗျသည် အီရန် နှင့် ပူးတွဲ ရေတပ် စစ်ရေး လေ့ကျင့်မှု ကို ပြုလုပ်လိုကြောင်း ပြောကြား

ဆော်ဒီအာရေဗျသည် အီရန်နှင့် ပူးတွဲရေတပ်စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အစီရင်ခံစာအရ ဆော်ဒီအာရေဗျသည် ပင်လယ်နီတွင် အီရန်ရေတပ်နှင့် ပူးတွဲ ရေတပ် လေ့ကျင့်မှုပြုလုပ်ရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့ပါတယ်။

အီရန်ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ရှဲဟ်ရာမ် အီရန်နီ မှ တီဟီရန်  နှင့် ရီယာ့ဒ် တို့သည် ဆိပ်ကမ်းလာ ရောက်လည်ပတ်ရန် အချင်းချင်း ဖိတ်ကြားထားကြောင်း ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးသည် အခြားနိုင်ငံများကဲ့သို့ နှစ်နိုင်ငံ စစ်ရေးလေ့ကျင့်မှုကို စိတ်ဝင်စားကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ နှစ်နိုင်ငံကြား ဆက်သွယ်မှုတွေ ဆက်လုပ်နေကြောင်း အဆင့်ဆင့်သော ကိုယ်စားလှယ်အဖွဲ့များ ဖလှယ်ခြင်းဖြင့် ပိုမိုတိုးတက်မှုရှိလာမည်ဟု မျှော်လင့် ကြောင်း အီရန်ရေတပ်ဦးစီးချုပ် ရေတပ်ဗိုလ်ချုပ်ကြီး ရှဲဟ်ရာမ် အီရန်နီ မှ ဆက်လက် ပြောကြားခဲ့ပါတယ်။

.......................................................

END / 251