အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Aqna News နှင့် Al-Qastal News ဝဘ်ဆိုက်၏ အဆိုအရ ယမန်နေ့က ယခင်နေ့များကဲ့သို့ပင် ဇီယွန်ဝါဒီ အခြေ ချနေထိုင်သူ ၁၀၀၀ ကျော်သည် မတ်စ် အက်ဆွာ ကို တိုက်ခိုက်ပြီး ရန်စသည့် လုပ်ရပ်များ ပြုလုပ် ခဲ့ ကြောင်း သိရပါတယ်။
ဟီးဘရူးဘာသာစကား ဖြင့် "Eid al-Arsh" ဟုလူသိများသည့် သမယတွင် ဤလှုပ်ရှားမှုကို ဆဋ္ဌမနေ့ အဖြစ် ဆက်တိုက် ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အစွန်းရောက် ဇီယွန်ဝါဒီတွေရဲ့ တိုက်ခိုက်မှုဟာ လုံခြုံရေး တင်းတင်းကြပ်ကြပ် ပိတ်ဆို့ထားတဲ့ အက်ဆွာ ဗလီဝတ်ကျောင်း တော် မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
Wadi Halwa Human Rights Information Center မှ အဆိုပါ တိုက်ခိုက်မှုများကို ကာကွယ်ရန်အတွက် ဗလီဝတ်ကျောင်းတော်များ၊ ၎င်း၏ ဝင်ပေါက်များနှင့် လမ်းများ နှင့် သိမ်းပိုက်ထားသော ကွဒ်စ် (ဂျေရုဆလင်) ရှိ နေရာအသီးသီးတွင် သိမ်းပိုက်ထားသော တပ်ဖွဲ့ဝင်များအား တပ်ဖြန့်ထားကြောင်း ကြေညာခဲ့ပါတယ်။
ဤ စင်တာ၏အဆိုအရ အခြေချနေထိုင်သူများသည် ဗလီတွင် တံပိုးမှုတ်ကြပြီး Talmudic ဓလေ့ထုံး တမ်းများကို ပြုလုပ်ခြင်း စွန်ပလွံပင်များ အပါအဝင် ရုက္ခဗေဒ ပူဇော်သက္ကာများ ယူဆောင်လာ ခြင်းတို့ကို ပြုကြပါတယ်။ အထူးသဖြင့် ၎င်းတို့သည် Maidan al-Ghazali၊ Bab al-Qatanin နှင့် Bab al-Isbat တို့၏ တံခါးများတွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်ပါတယ်။
အစောပိုင်းတွင် နာမည်ဆိုးဖြင့်ကျော်ကြားသော အစွန်းရောက် ဘင်ဂူဝါက “ကျွန်ုပ်တို့၏မူဝါဒသည် ဘုရားကျောင်းတောင် (မတ်စ် အက်ဆွာ) တွင် ဆုတောင်းရန် ခွင့်ပြုထားကြောင်း ဒီနေရာက ဂျူးများ နှင့် မွတ်စလင်များအတွက် ဥပဒေ တန်းတူညီတူဖြစ်ပြီး အဲဒီမှာ တရားဇရပ်ဆောက်ဖို့ ရည်ရွယ် ထား ကြောင်း ဆိုထားပါ တယ်။
ဇီယွန်အခြေချနေထိုင်သူများ၏ ဤတိုက်ခိုက်မှုသည် ဇီယွန်အစိုးရမှ ဤသန့်ရှင်းသောဗလီကို 2023 ခုနှစ် အောက်တိုဘာလ ၇ ရက် (မုဟရာမ်လ ၁၅ရက်နေ့ ၊ ဟီဂျရီ ၁၄၄၅ ခုနှစ် ) တွင် "အက်ဆွာ မုန်တိုင်း စစ်ဆင်ရေး " စစ်ပွဲအစမှ စတင်ပြီးနောက် ဖြစ်ပွားခြင်းဖြစ်ပါတယ်။
ပါလက်စတိုင်းဝတ်ပြုသူများ သန့်ရှင်းရာဌာနအတွင်းသို့ ဝင်ရောက်ခြင်းမှ တားဆီးရန် ဗလီအနီးရှိ သံအတား အဆီးများနှင့် တင်းကျပ်သော လုံခြုံရေးအစီအမံများကို အကောင်အထည်ဖော်လျက်ရှိပါတယ်။
.......................................................
END / 251