၂၉ အောက်တိုဘာ ၂၀၂၄ - ၁၃:၂၂
ဟစ်ဘွလ္လာဟ် အဖွဲ့ ၏ အထွေထွေအတွင်းရေးမှူးချုပ်  အသစ် အဖြစ် H.I ရှိက်ခ် နအီးမ် ကာစင်မ်     အား ရွေးကောက် တင်မြှောက်

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် နအီးမ် ကာစင်မ်သည် လက်ဘနွန်ရှိ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် အသစ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ဘနွန်ရှိ ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့ မှ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် နအီးမ် ကာစင်မ် အား ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် အသစ်အဖြစ် ရွေးချယ် တင်မြှောက် လိုက်ပြီး ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ၏ ခေါင်းဆောင်မှုဆိုင်ရာ ထုတ်ပြန်ချက်တွင် အလ္လာဟ်ဟို အရှင်မြတ် ကို သက်ဝင် ယုံကြည်ခြင်းနှင့် စစ်မှန်သော မိုဟမ္မဒ်(ဆွ) ၏ အစ္စလာမ် (ရှီအဟ် ) ကို လိုက်နာခြင်းအပြင် ဟစ်ဇ်ဘွလ္လာဟ် ၏ စံနှုန်းများနှင့် ပန်းတိုင်များကို လိုက်နာခြင်း၊ အထွေထွေ အတွင်းရေးမှူးချုပ် ရွေးချယ်ခြင်းအတွက် တရားဝင် ယန္တရားအတိုင်း လိုက်နာဆောင်ရွက်ခြင်း တို့ ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် နအီးမ် ကာစင်မ်သည်    ကိုက်ညီနေသဖြင့် ၎င်း ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့၏ အထွေထွေ အတွင်းရေးမှူးချုပ် အသစ် နှင့် ဟစ်ဘွလ္လာဟ် ၏ အလံကိုင်ဆောင်သူ အဖြစ် ရွေးချယ် တင်မြှောက် ခဲ့ ကြောင်း ဖြစ်ပါတယ်။

ဤထုတ်ပြန်ချက်တွင် H.I ရှိက်ခ် နအီးမ် ကာစင်မ်   သည် ဟစ်ဇ်ဘွလ္လာဟ် အဖွဲ့ခေါင်းဆောင်အဖြစ် မိမိ၏ တာဝန်ကို ထမ်းဆောင်ရာတွင် အောင်မြင်စေရန် ဆုမွန်ကောင်းတောင်းထားပါတယ်။

ဤထုတ်ပြန်ချက်၏ အခြားအစိတ်အပိုင်းတစ်ခုတွင် ကျွန်ုပ်တို့သည် အနန္တတန်ခိုးရှင် အလ္လာဟ်ဟို အရှင်မြတ်  ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် နှင့် အခြားသော ရှဟီးဒ်များ (ခ) အာဇာနည်များ အစ္စလာမ့်တော်လှန်ရေး၏ မိုဂျာဟစ်ဒ်ဒီးန်များ ၊ စိတ်ရှည်သည်းခံသည့် လက်ဘနွန်နိုင်ငံသားများ ထံ  သစ္စာစောင့်သိသူများ၊ ဟစ်ဇ်ဘွလ္လာဟ် ၏ စံနှုန်းများကို ဖြည့်ဆည်းရန် နှင့် အဖွဲ့ ၏ ပန်းတိုင်များကို အောင်မြင်ရန်၊ ဟစ်ဇ်ဘွလ္လာဟ် အလံကို အမြင့်မှာ လွှင့်တင်ပြီး အောင်ပွဲခံအောင် ကြိုးစားကြမည် ဖြစ်ကြောင်း ကတိကဝတ်ပြု ထားခြင်း ဖြစ်ပါတယ်။

ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် နအီးမ် ကာစင်မ် သည် ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် သက်တမ်းတစ်လျှောက်နှင့် ဆယ်စုနှစ် သုံးခုကျော်ကြာ လက်ဘနွန် ဟစ်ဘွလ္လာဟ် ၏ လက်ထောက် အထွေထွေအတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့ကြောင်း မှတ်သားသင့်ပါတယ်။

တစ်ဆက်တည်း ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ရှိက်ခ် နအီးမ် ကာစင်မ် အသက်ရှည်ပြီး နယ်ချဲ့ အစ္စရေး နှင့် အပေါင်းအပါများ ၏ သူရဲဘော ကြောင်သည့် လုပ်ကြံမှု အန္တရာယ်မှ လည်း အမြဲ လွတ်ကင်းပြီး  ၎င်းတို့ ကိုအောင်နိုင်အောင်  နမာဇ် ပြီးတိုင်း ဒိုအာ ပြုကြရန် မွတ်စလင်မ် တိုင်း အား အထူး မေတ္တာ ရပ်ခံ အပ်ပါ တယ်။  

.........................................................................

END / 251