အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام موسى الكاظم (عليه السلام):
إنّ اللّه َ لَم يَرفَعِ المُتَواضِعينَ بقَدرِ تَواضُعِهِم، و لكنْ رَفَعَهُم بِقَدرِ عَظَمَتِهِ ومجده .
အေမာမ် မူစာကာဇင်းမ် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« ဧကန်မုချ အလ္လာဟ် ဟို အရှင်မြတ် သည် ကျိုးနွံ နှိမ့်ချသူများကို ၎င်းတို့၏ ကျိုးနွံ နှိမ့်ချမှုအတိုင်းအတာနှင့်အညီ မြင့်မားသည့် နေရာကို မချီးမြှင့်တော်မူဘဲ မိမိ၏ ကြီးကျယ် မြင့်မြတ် မှု နှင့် အညီ မြင့်မားသည့် နေရာကို ချီးြမှင့် ပေးသနားတော် မူပါသည်။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ ၃၉၉
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် မိမိကိုယ်ကို ကျိုးနွဲ နှိမ့ချပြီးနေထိုင် နိုင်အောင် ကြိုးစားရမည် ဖြစ်ပါတယ်။ လူသားများဟာ ငွေရှိလာလျင် ၊ ပညာတတ်လာလျင် ၊ေနရာလည်း ရလာလျင် မန်မာန ဝင်လာ တတ်ကြပါတယ်။ ကျိုးနွံ နှိမ့်ချမှုကို အရှုံးပေးခြင်း အောက်ကျခံ ရခြင်းလို့ သဘောထားတတ်လာကြပါတယ်။ ဤ အတွက်ကြောင့် အလ္လာဟ် ဟို အရှင်မြတ်၏ ကြီးမား၊ မြင့်မားသည့် နေရာကို ဆွတ်ခူး နိုင်ရန် မိမိကိုယ်ကို ကျိုးနွံ နှိမ့်ချ မှုကို လက်ကိုင် နိုင်အောင် ကြိုးပမ်းရမည် ဖြစ်ပါတယ်။
****************************************************************
END / 251