အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Maher သတင်းဌာန၏ ဖော်ပြချက်အရ အီရန်တော်လှန်ရေးအစောင့်တပ်၏ အကြီးအကဲ နှင့် ကွတ်ဒ်စ် တပ်၏ ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ သည် လက်ဘနွန် ဟစ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူးချုပ် ရွေးချယ်ခံ ရခြင်းအတွက် H.I ရှိက်ခ် နအီးမ် ကာစင်မ် အား ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ မှ မိမိ၏ သဝဏ်လွှာ တွင် ပြောကြားသည်မှာ - အလ္လာဟ်ဟို အရှင်မြတ် အား ကျေးဇူးတင်ပါတယ်။အကြောင်းမှာ လူကြီးမင်းကဲ့သို့ မှတ်တမ်းကောင်း သည့် မိုဂျာဟစ်ဒ်ဒီးန် နှင့်ကြံ့ကြံ့ခံခုခံရေး မိုဂျာဟစ်ဒ်ဒီးန်တို့၏ ချစ်ခင်ရသူ ဟစ်ဘွလ္လာဟ် ၏ အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်ခဲ့ရသည့် အတွက် ကြောင့် ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ မှဆက်လက်ပြီး ရှဟီးဒ် H.I ဆယက်ဒ် ဟစန် နစရိုလ်လ္လာဟ် ၊ ရှဟီးဒ် H.I ဆယက်ဒ် ဟာရှင်မ် ဆဖီးယွဒ်ဒီးန် နှင့် အခြားသော တော်လှန်ရေးခေါင်းဆောင်များနှင့် မိုဂျာဟစ်ဒ်ဒီးန် တို့ကို ဂါဝရ ပြု ဂုဏ်ပြုခဲ့ပြီး ဇီယွန်ဝါဒီအစိုးရ၏ စစ်ရာဇ၀တ်မှုများကို ရှုတ်ချခဲ့ပါတယ်။
ပြီးနောက် လူကြီးမင်း H.I ရှိက်ခ် နအီးမ် ကာစင်မ် ၏ ခေါင်းဆောင်မှုအောက်မှာ အာဇာနည်တွေရဲ့ အလင်းရောင်နဲ့ ဂျေဟာဒ် လမ်းကြောင်းက ဆက်သွားမှာဖြစ်ပြီး အရင်ကထက် ပိုအရှိန်မြှင့်မည် ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ မှဆက်လက်ပြီးပြောကြားခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး နာစေရ် ကန်အာနီ မှ ထပ်လောင်း ၍ မိမိ၏ ၏ ကတိကဝတ်ကို ထပ်လောင်း ပြောကြားပြီး ဇီယွန်ဝါဒီ အစိုးရ မပြိုကွဲမချင်း ပါလက်စတိုင်း လွတ်မြောက်ရေး မတိုင်မီအထိ ကွတ်ဒ်စ် တပ်ဖွဲ့သည် ဟစ်ဘွလ္လာဟ် နှင့် အတူ ကွင်းပြင်တွင် ရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
.........................................................................
END / 251