အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါလက်စတိုင်းအမျိုးသမီးများကို ချုပ်နှောင်ထားတဲ့ Damon အကျဉ်းထောင်က ပါလက်စတိုင်းအမျိုးသမီး အကျဉ်းသားတွေကို ဟီဂျဘ်မဝတ်ဖို့ တားမြစ်ထားပြီး မီးခိုးရောင် ၀တ်စုံကို ၀တ်ဆင်ထားဖို့ တောင်းဆိုထား တယ်လို့ ပါလက်စတိုင်း အကျဉ်းသားများနှင့် လွတ်မြောက်ရေးဌာန က အစီရင်ခံထား ပါတယ်။
ပါလက်စတိုင်း အကျဉ်းသားများနှင့် လွတ်မြောက်ရေးဌာန က အလေးပေးဖော်ပြ သည်မှာ - အကျဉ်းထောင် ဒါရိုက်တာအသစ်ခန့်အပ်ပြီးနောက် အဆိုပါအစီအမံများကို အကောင်အထည်ဖော်ခဲ့ပြီး စည်းမျဉ်း အသစ်များကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ရက်နေ့ ဖြစ်ရပ်များ အတွက် "လက်စားချေခြင်း" ပုံစံအဖြစ် ပါလက်စတိုင်း အမျိုးသမီး အကျဉ်းသားများ အတွက် ဟေဂျာဗ် ကို တားမြစ်ခြင်း ဖြစ်ကြောင်း ဖြစ်ပါတယ်။
အစ္စလာမ့်တရားဟောဆရာ ဒေါက်တာ အလာအို ရမ်ဒွါန် က Damon အကျဉ်းထောင်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်မှာ ဤမူဝါဒများကို အကောင်အထည်ဖော်ခြင်းသည် ပါလက်စတိုင်းပြည်သူများ နယ်ချဲ့ အစ္စရေး ၏ မုန်းတီးမှုနှင့် ရန်လိုမှုအဆင့်ကို ပြသနေသည် ဟု ဖြစ်ပါတယ်။ ဆက်လက်ပြီး ဒေါက်တာ မှ ဂျူးတွေရဲ့ အပြုအမူဟာ မှန်းဆလို့ မရ ကြောင်း ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ နှလုံးသားတွေဟာ မွတ်စလင်မ်များ အထူးသဖြင့် ပါလက်စတိုင်းက အဖိနှိပ်ခံ ပြည်သူတွေကို မုန်းတီးမှုတွေ ပြည့်နှက်နေတာကြောင့် ဟု ဆိုပါတယ်။
ဤအစ္စလာမ့်တရားဟောဆရာသည် အဆင့် အတန်း တိုးမြှင့်ခြင်းနှင့် အဖိနှိပ်ခံများ၏ အောင်ပွဲသည် နီးကပ်လာပြီ ဖြစ်ကြောင်းနှင့် ဖိနှိပ်ချုပ်ချယ်မှုများသည် အောင်ပွဲနီးလာပြီဟု ကျွန်ုပ်တို့၏ အကောင်းမြင်ဝါဒကို တိုးပွားစေ သည်ဟု မိမိ ၏မျှော်လင့်ချက်ကို ဆက်လက်ဖော်ပြခဲ့ပါတယ်။
နောက်ဆုံးတွင် ဒေါက်တာ အလာအို ရမ်ဒွါန် မှ ရန်သူများကို လက်စားချေရန် အမြန်ဆုံး လမ်းကြောင်း ပေးရန် အနန္တတန်ခိုးရှင် အလ္လာဟ် ဟို အရှင်မြတ် ထံ တောင်းဆိုခဲ့ပါတယ်။
.......................................................
END / 251