၆ မတ် ၂၀၂၅ - ၀၀:၀၄
လမြတ် ရမ်ဒွါန် သည် ကောင်းမှု ကုသိုလ် ပြုရန် အကြောင်းခံ ဖြစ်ကြောင်း

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် လမြတ် ရမ်ဒွါန် သည် ကောင်းမှု ကုသိုလ် ပြုရန် အကြောင်းခံ ဖြစ်ကြောင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال الامام الحسن المجتبی علیه:

إنَّ اللّه َجَعَلَ شَهرَ رَمضانَ مِضمارا لِخَلقِهِ فَیستَبِقونَ فیهِ بِطاعَتِهِ إلى مَرضاتِهِ.

အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အလ္လာဟ်ဟို အရှင်မြတ် သည် လမြတ် ရမ်ဒွါန် အား မိမိ အဖန်ဆင်းခံ များ အတွက်  (ကောင်းမှု ကုသိုလ် များ ရရှိနိုင်ရန် ) ယှဥ်ပြိုင်နိုင်ရန် ကွင်းပြင် အဖြစ် ပြုထားတော်မူသည်။ ဤသို့ပြုရခြင်းမှာ အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို နားခံ မှု တွင် တစ်ဦးထက် တစ်ဦး သာအောင် ပြုနိုင် ကြရန် ဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၂၃၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  ကျနော်တို့ အနေဖြင့်  သူက ၁၀ သိန်း လှူနိုင်ရင် ငါ က ၁၅ သိန်း လှူနိုင်တယ်။ သူက ရိုးရိုးထမင်း ကျွေးနိုင်ရင် ငါက ဒန်ပေါက် ထမင်း ကျွေး နိုင်သည် ဟု ပြိုင်ကြမည့် အစား အလ္လာဟ် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို နားခံ မှု တွင် သူထက် ငါ ပိုပြုနိုင်သည် ဟု ပြိုင်သင့်ကြောင်း ဖော်ပြ ထားပါတယ်။ ဤအတွက် ကြောင့် ကျနော် တို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့် တော် ကို နားခံ မှု တွင် သူတပါး သာ အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha