၂၄ အောက်တိုဘာ ၂၀၂၅ - ၂၂:၄၂
ဆီးရီးယား နှင့် အီရတ်နယ်စပ် တွင် အမေရိကန် ညွန့်ပေါင်းတပ်ဖွဲ့ အတွက် အခြေစိုက် စခန်းအသစ် တစ်ခု တည် ထောင်

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အမေရိကန် မဟာမိတ်တပ်ဖွဲ့များသည် ဆီးရီးယား နှင့် အီရတ် နယ်စပ် တွင် စစ်စခန်းအသစ်တစ်ခု တည်ထောင်ခဲ့ကြောင်း သတင်းပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က အမေရိကန် မဟာမိတ်တပ်ဖွဲ့များသည် ဆီးရီးယား၊ အီရတ်နှင့် ဂျော်ဒန်နယ်စပ်ရှိ ၅၅ ကီလိုမီတာ ဧရိယာအပြင်ဘက်တွင် စစ်ဘက်ဆိုင်ရာ နေရာအသစ်တစ်ခု စတင်တည် ဆောက်နေပြီဟု ကြေညာခဲ့ပါတယ်။ ဤနေရာကို ဘဂ္ဂဒက် နှင့် ဒမတ်စကတ် နိုင်ငံတကာ လမ်းမကြီး အနီးတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

ဤအဖွဲ့အစည်း၏ အဆိုအရ အခြေခံပစ္စည်းကိရိယာများနှင့် အဆောက်အအုံအားလုံးကို ဤအခြေစိုက်စခန်းသို့ လွှဲပြောင်းပေးခဲ့ပြီးဖြစ်ပြီး ဂျောင်လာနီ အစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ၎င်း၏တည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရပါတယ်။

ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဤအစီအမံ၏ ရည်ရွယ်ချက်မှာ အထူးသဖြင့် မကြာသေး မီရက်သတ္တပတ်များအတွင်း စေတနာ့ဝန်ထမ်းအရေအတွက် တိုးလာပြီးနောက် အမေရိကန် ညွန့်ပေါင်း တပ်ဖွဲ့ များနှင့် ဆက်စပ်နေသော တပ်ဖွဲ့အသစ်များတွင် လေ့ကျင့်ပေးရန်ဖြစ်ကြောင်း အလေး ပေးပြော ကြားခဲ့ ပါတယ်။

ဒေသတွင်းရှိ တပ်ဖွဲ့အသစ်များ၏ တိုက်ခိုက်ရေးစွမ်းရည်နှင့် စစ်ဆင်ရေးအသင့်ဖြစ်မှုကို အားကောင်း စေရန် အတွက် ဤလေ့ကျင့်မှုများကို အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့များ၏ တိုက်ရိုက်ကြီးကြပ်မှု အောက်တွင် ပြုလုပ် နေကြောင်း သိရပါတယ်။

အောက်တိုဘာလ ၁၆ ရက်နေ့တွင် ပါလ်မိုင်ရာမြို့နှင့် ၎င်း၏ပတ်ဝန်းကျင်တွင် ဆီးရီးယား ၊ အီရတ်၊ ဂျော်ဒန် နယ်စပ်တြိဂံရှိ အယ်လ်တန်ဖ် စခန်းသို့ အမေရိကန်လေယာဉ်များနှင့် သံချပ်ကာယာဉ်များ ဝင်ရောက်ခြင်း အပါအဝင် ပုံမှန်မဟုတ်သော စစ်ရေးလှုပ်ရှားမှုများကို မြင်တွေ့ခဲ့ရကြောင်း သိရပါတယ်။

နှစ်ပေါင်းများစွာ အမေရိကန်ညွန့်ပေါင်းတပ်ဖွဲ့များသည် ISIS အဖွဲ့ကို စစ်ဆင်ရေးများပြုလုပ်ရန် အကြောင်းပြ ချက်ဖြင့် အယ်လ်တန်ဖ်စခန်း နှင့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများ အထူးသဖြင့် SDF ထိန်းချုပ်ထား သော ဒေသများတွင် တပ်စွဲထားခဲ့ခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha