၂၄ အောက်တိုဘာ ၂၀၂၅ - ၁၄:၁၂
အလာမဟ်နာအေနီသည်အေလ်မေဖေက်၏အခြေခံတိုင်ဖြစ်ပြီးဟောင်ဇေလ်အေလ်မီယေ၏အခြေခိုင်သည်ပညာအမွေအနှစ်ဖြစ်ကြောင်း

အေမာမ်ဟိုစိုင်းန် (အ.စ) ၏ရောင်ဇာတော် ၏ကိုယ်စားလှယ်တော် မှ မီရ်ဇာယေ နာအေနီ ၏ နိုင်ငံတကာ ကွန်ဂရက် (ခ) နိုင်ငံတကာ ညီလာခံ တွင် မိန့်ခွန်းပြောကြားစဉ် အလာမဟ် နာအေနီ သည် အေလ်မေဖေက် ၏ အခြေခံ တိုင်ဖြစ်ပြီး ဟောင်ဇေလ်အေလ်မီယေ အခြေခိုင်သည် ပညာအမွေအနှစ် ဖြစ်ကြောင်း မိန့်ကြားခဲ့ ပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Hawza သတင်းဌာန၏ သတင်းအရ အေမာမ်ဟိုစိုင်းန် (အ.စ) ၏ရောင်ဇာတော်  ၏ ကိုယ်စားလှယ်တော် H.I ရှိက်ခ်ဟာဒီ ကဝီစီ သည် မီရ်ဇာယေ နာအေနီ ၏ နိုင်ငံတကာ ကွန်ဂရက် (ခ) နိုင်ငံတကာ ညီလာခံ ဖွင့်ပွဲ အခမ်းအနား တွင် မိန့်ခွန်းပြောကြားစဉ် ဖေက် နှင့် အူစူလ် ၏ သမိုင်းတွင် မရ်ဟွန်မ် အလာမဟ် နာအေနီ ၏ ထင်ရှားသောနေရာကို မီးမောင်းထိုးပြခဲ့ပြီး  မရ်ဟွန်မ် အလာမဟ် နာအေနီ သည် လက်တွေ့ကျ သော ဓမ္မသတ် ပညာ ရှင်တစ်ဦးဖြစ်ပြီး ဟောင်ဇဟ် ၏ ပညာရေးဆိုင်ရာမစ်ရှင်၏ အဓိကကျသောပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ၎င်း ၏ပညာရေးဆိုင်ရာကြိုးပမ်းမှုများနှင့် သွန်သင်ချက်များသည် သုတေသီများနှင့် မရ်ဂျအ်များ အတွက် အေလ်ဟာမ် နှင့် လမ်းညွှန်မှု၏အရင်းအမြစ်တစ်ခုအဖြစ် ယနေ့တိုင်တည်ရှိနေကြောင်း မိန့်ကြာခဲ့ပါတယ်။

ဆက်လက်ပြီး အဲဟ်လေ့ဘိုက်(သ) (အ.စ.)၏  ကျောင်းတော်ဟာ ရှာရီယာဥပဒေကို ကာကွယ်စောင့်ရှောက်ဖို့၊ ဘာသာရေးအသိပညာတွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ အမှန်တရားနဲ့ တရားမျှတမှုဆိုင်ရာ အခြေခံမူတွေကို မြှင့်တင်ဖို့ မိမိ တို့၏ ဘဝများ ကို မြှုပ်နှံခဲ့ကြသည့် မရ်ဂျအ်များ ၏ ရှည်လျားတဲ့ ဝန်ဆောင်မှုလမ်းကြောင်းကြောင့် ထင်ရှား ကြောင်း မိန့်ကြားခဲ့ပါတယ်။

အေမာမ်ဟိုစိုင်းန် (အ.စ) ၏ရောင်ဇာတော်  ၏ကိုယ်စားလှယ်တော် H.I ရှိက်ခ်ဟာဒီ ကဝီစီ က ထပ်လောင်းပြောကြား ရာတွင် ဤကွင်းဆက်သည် ဘာသာရေးအမွေအနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ပြီး အခက် အခဲများကြားမှ အနာဂတ်မျိုးဆက်များထံ လက်ဆင့်ကမ်းပေးခဲ့သော ဟဒီးစ်၏ ရာဝီများမှ စတင်ခဲ့ကြောင်း မိန့်ကြား ခဲ့ပါတယ်။

H.I ရှိက်ခ်ဟာဒီ ကဝီစီ က ဆက်လက်ပြီး ဤ ဖေက် ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်မှုသည် ရှိက်ဆူစူက် ၊ ရှိက်ခ်မိုဖီးဒ် ၊ ဆယက်ဒ် မိုရ်သဇာ ၊ ရှိက်ခ်သူစီ နှင့် အခြားပညာရှင်ကြီး များကဲ့သို့သော အစောပိုင်း ဥပဒေပညာရှင်များ နှင့်အတူ ဆက်လက်တည်ရှိခဲ့ပြီး နောက်ပိုင်းတွင် အလာမဟ် ဟစ်လီ ၊ ရှာဟီးဒ် အောင်ဝဲလ် နှင့် စာနီ ၊ မိုဟကစ်က် ကရ်ကီ နှင့် အခြားကြီးကျယ်သောပညာရှင်များနှင့်အတူ ဤ ဖေက် (ဓမ္မသတ် ) လမ်းကြောင်းကို ခိုင်မာစေပြီး ဆက်လက်လုပ်ဆောင်ခဲ့ကြောင်း မိန့် ကြားခဲ့ပါတယ်။

H.I ရှိက်ခ်ဟာဒီ ကဝီစီ က မရ်ဟွန်မ် အလာမဟ် နာအေနီ ၏ ပညာရှင်အဆင့်အတန်းကို အလင်းပြခဲ့ပြီး ဤရွှေပမာပညာရှင်ကွင်းဆက်၏ တောက်ပသောရတနာများထဲမှ တစ်ဦးမှာ ဘာသာရေး၏ အဓိကကျသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ကြီးကျယ်သောပညာရှင်တစ်ဦးဖြစ်သည့် ဟဇရသ် အာယာသွလ္လာဟ် မီရ်ဇာယေ မိုဟမ္မဒ် ဟိုစိုင်းန် နာအေနီ ဖြစ် ကြောင်း မိန့်ကြားခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် မီရ်ဇာယေ မိုဟမ္မဒ် ဟိုစိုင်းန် နာအေနီ သည် မိမိ ၏ အဆင့်မြင့် ဖေက် နှင့် အူစူလ် ပညာရပ်များ ကို အာယာသွလ္လာဟ် ကြီး အဘူလ်ကာစင်မ် ကလ်ဘာစီ ထံ မှ စတင်ခဲ့ပါတယ်။ပြီးနောက် စာမရဟ် မြို့ တွင် မိုဂျဒက်ဒ် ရှီရာဇီ ၏ အတန်းများ မှာ တက်ရောက်ခဲ့ပါတယ်။ ပြီးနောက်  ဆယက်ဒ် အစ္စမာအီးလ် ဆဒ်ရ် နှင့် အတူ ကရ်ဗလာ နှင့် နဂျဖ်ဖေအရှ်ရဖ် မြို့များသို့ သွားရောက်ခဲ့ပြီး အာယာသွလ္လာဟ် အာခွန်းဒ် ခိုရာစာန်နီ ၏ သင်ကြားမှု ကို ခံယူခဲ့ပါတယ်။

H.I ရှိက်ခ်ဟာဒီ ကဝီစီ က မရ်ဟွန်မ် အလာမဟ် နာအေနီသည် အဆင့်မြင့် သုတေသီ တစ်ဦးဖြစ်ရုံသာမက ကောင်းကင် ဘုံ၏ ဖေက် ပညာဆိုင်ရာ မစ်ရှင်၏ စိတ်ချယုံကြည်ရသူတစ်ဦး လည်းဖြစ်ကြောင်း မိန့်ကြားခဲ့ ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် မီရ်ဇာယေ မိုဟမ္မဒ် ဟိုစိုင်းန် နာအေနီ ၏ ကျော်ကြားသည့် သီးကုံးရေးသားထားမှု တစ်ခု ဖြစ်သည့်  «  ဖဝါအစ်ဒ် ဒိုလအူစူလ် » သည် သူတေသနာပြုဖို့ အတွက် ပြီးပြည့်စုံသည့် လက်ယာတစ်ခု ဖြစ်ပြီး နောက်မရ်ဂျအ်များ အတွက် အခြေခံအုတ်မြစ်တွေ ပံ့ပိုးပေးကြောင်း သိရှိရပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် မီရ်ဇာယေ မိုဟမ္မဒ် ဟိုစိုင်းန် နာအေနီ ၏ ပညာရေး အမွေအနှစ်များမှာ ဒါဇင်များ စွာသော ရေးသားသီးကုံးထားမှုများ နှင့် တပည့် များ မွေးထုတ်ပေးခဲ့မှု ထိုတပည့်များ မှ မရ်ဂျအ်များ ဖြစ်လာ ကြပြီး ဟောင်ဇဟ် ၏ အခြေခံများဖြစ်လာပါတယ်။

အေမာမ်ဟိုစိုင်းန် (အ.စ) ၏ရောင်ဇာတော်  ၏ကိုယ်စားလှယ်တော် မှ နောက်ဆုံး တွင် အလာမဟ် နာအေနီ၏ ပညာရပ်ဆိုင်ရာ လက်ရာများနှင့် သွန်သင်ချက်များသည် အွန်မသ် အတွက် လမ်းညွှန်မှု၏ မီးပြတိုက်နှင့် ဟောင်ဇဟ် များအတွက် အလင်းရောင် နှင့်  မီးပြတိုက်တစ်ခုဖြစ်ပြီး ၎င်း၏ ပညာရပ်ဆိုင်ရာ ကြီးကျယ်ခမ်းနား မှုနှင့် လက်တွေ့ကျသော ရည်မှန်းချက်သည် ယနေ့တိုင် ပညာရပ်ဆိုင်ရာနှင့် ဓမ္မသတ် ဆိုင်ရာ သုတေသန၏ ဗဟိုချက် တွင် ထင်ရှားသော နေရာတစ်ခု ရှိနေကြောင်း မိန့်ကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha