၁၉ ဒီဇင်ဘာ ၂၀၂၅ - ၁၅:၅၅
အကယ်၍ ခေတ်ကာလ၏ အေမာမ် ၊အေမာမ်ဇမာန်း (အ.ဂျ) ကြည့်နေမည်ဆိုလျင် ...

အကယ်၍ ခေတ်ကာလ၏ အေမာမ် ၊ အေမာမ်ဇမာန်း (အ.ဂျ) ကြည့်နေမည်ဆိုလျင် ... ခေါင်းစဥ် နှင့် သံဝေဂယူ ရမည့် အကြောင်းအရာလေး တစ်ခုကို တင်ပြပါမယ်။ ဤအကြောင်းအရာလေးကို အီရန် နိုင်ငံ၏ အကျော်အေမာ် တရားဟော ဆရာ H.I အလီရေဇာ ပနာဟီရန်းန် ၏ မိန့်ကြားထားချက်လေး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် နိုင်ငံ၏ အကျော်အေမာ် တရားဟော ဆရာ H.I  အလီရေဇာ ပနာဟီရန်းန်   မှ အကယ်၍ ခေတ်ကာလ၏ အေမာမ် ၊အေမာမ်ဇမာန်း (အ.ဂျ) ကြည့်နေမည်ဆိုလျင် ... ခေါင်းစဥ် နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း မိန့်ကြား ထားပါတယ်။

« စကြဝဠာတစ်ခုလုံးက သင့်အတွက် မတ်တပ်ရပ်ပြီး လက်ခုပ်တီးပေးနေတယ်လို့ မြင်ယောင်ကြည့်ပါ။ ဒါပေ မယ့် အေမာမ်ဇမာန်း (အ.ဂျ ) က သင့်ကိုမြင်တဲ့အခါ လှည့်ထွက်သွားမည်ဆိုလျင် ဒီ အရာများအားလုံး (  စကြဝဠာ တစ်ခုလုံး ၏ လက်ခုပ် တီးပေးမှု ) ဟာ တကယ်ပဲ အသုံးဝင်မည်လား ? ဧကန် မုချ  ကျွန်ုပ်တို့ဟာ သတိထားပြီး လူတွေထက် ကျွန်ုပ်တို့ ခေတ်ကာလ၏ အေမာမ် ၊ အေမာမ်ဇမာန်း (အ.ဂျ) ၏ နှစ်သက်မှုကို ရှာဖွေရမည် ဖြစ်ပါ တယ်။  »

မှီငြမ်း  -

ဒေဖါဂ်ဂေ မတ်က်သတ်က်ဗ်ဗေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ဖေ့စ်ဘုတ်စာမျက်နှာ

အလ္လာဟ်ဟို အက္က်ဘဲရ် ...  H.I  အလီရေဇာ ပနာဟီရန်းန်  ဟောကြားချက်ဟာ မအ်ရေဖသ် အပြည့်ပါ သည့် တရား စကား တစ်ခု ဖြစ်ပါတယ်။ ယနေ့ မိမိကိုယ်ကို ရှီအဟ် ၊ အေမာမ် ဇမာန်း (အ.ဂျ) ၏ နောက်လိုက်ဆိုသူများ သည် အေမာမ် ဇမာန်း (အ.ဂျ) ၏ နှစ်မြို့ ထက် မိမိ ၏ အတ္တ နှင့် အခြားသူများ ၏ နှစ်မြို့ ထက်  ဦးစားပေးနေသည်ကို ဝမ်းနည်းဖွယ် တွေ့နေရပါတယ်။

اللھم صل علی محمد وآل محمد وعجل فرجھم .

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha