၁၉ ဒီဇင်ဘာ ၂၀၂၅ - ၁၃:၂၉
အီရန် ရေတပ် သည် နိုင်ငံတော် ကာကွယ်ရေး ၏ အဓိကအချက်ဖြစ်

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံတပ်မတော် ၏ မဟာဗျူဟာရေတပ်၏ ဒုတိယနိုင်ငံရေးအရာရှိ ဗိုလ်မှူး ကြီး ရေဇာ မဲဟ်မွတ်ဒ် ပူးရ် က ခုခံကာကွယ်ရေးတပ်ဦးကို ထောက်ပံ့ခြင်းနှင့် ဇီယွန်ဝါဒီအစိုးရနှင့် အနောက် နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ရေတပ်၏ အခန်းကဏ္ဍသည် အရေးကြီးကြောင်း ပြောကြား ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ အစီရင်ခံစာအရ ရန်သူများသည် အီရန်၏ကာကွယ်ရေးစွမ်းရည်များကို အားနည်း စေရန် အမြဲကြိုးစားခဲ့ကြသော်လည်း အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင် (ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ) ၏ လမ်းညွှန်မှုနှင့် လက်နက် ကိုင် တပ်ဖွဲ့များ ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အီရန် အစ္စလာမ် မစ်ပြည်သူ့ သမ္မတနိုင်ငံသည် ဖိအား အမျိုးမျိုး ရှိနေသော် လည်း ယနေ့တိုင် ခိုင်မာစွာရပ်တည်နိုင်ခဲ့ကြောင်း ဗိုလ်မှူး ကြီး ရေဇာ မဲဟ်မွတ်ဒ် ပူးရ် က ပြောကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှစ၍ အီရန်ရေတပ်သည် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ တောင်းဆိုချက်အရ အီရန်၏ ဆက်သွယ်ရေးလိုင်းများ၊ ကုန်သွယ်ရေးသင်္ဘောများနှင့် ရေနံတင်သင်္ဘောများကို ရေပြင်တွင် ကာကွယ်ရန် တာဝန် ကို ထမ်းဆောင်ခဲ့ပြီး ယခုအချိန်အထိ ပင်လယ်နီနှင့် အခြားရေလမ်းကြောင်းများကိုဖြတ်၍ ရာပေါင်း များစွာ သော ရေယာဉ်တန်းများကို ၎င်းတို့၏ ဦးတည်ရာများသို့ ဘေးကင်းစွာ လိုက်ပါပို့ဆောင်ပေးခဲ့ကြောင်း ဗိုလ်မှူး ကြီး ရေဇာ မဲဟ်မွတ်ဒ် ပူးရ် က ပြောကြားခဲ့ပါတယ်။

အီရန်တပ်မတော်၏ မဟာဗျူဟာမြောက်ရေတပ် ဒုတိယနိုင်ငံရေးအရာရှိ ဗိုလ်မှူး ကြီး ရေဇာ မဲဟ်မွတ်ဒ် ပူးရ် က ခုခံကာကွယ်ရေးတပ်ဦးကို ပံ့ပိုးပေးခြင်းနှင့် ဇီယွန်အစိုးရနှင့် အနောက်နိုင်ငံများ၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာ တွင် ရေတပ်၏ အခန်းကဏ္ဍကို ဖော်ပြခဲ့ပြီး ရန်သူများသည် အီရန်၏ ကာကွယ်ရေးစွမ်းရည်များကို အားနည်း စေရန် အမြဲကြိုးစားခဲ့ကြသော်လည်း အစ္စလာမ်မစ်တော်လှန်ရေးခေါင်းဆောင် (ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ  ) ၏ လမ်းညွှန် မှုနှင့် လက်နက် ကိုင်တပ်ဖွဲ့များ၏ ကြိုးပမ်းအားထုတ်မှုများကြောင့် အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံသည် ဖိအား အမျိုးမျိုး ကြားမှ ယနေ့တိုင် ခိုင်မာစွာရပ်တည်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha