၁၉ ဒီဇင်ဘာ ၂၀၂၅ - ၁၂:၁၈
သိမ်းပိုက်ထားသော ဂျေရုဆလင် တွင် အဓိကရုဏ်းများ အတွင်း ဇီယွန်ဝါဒီများ ပဋိပက္ခဖြစ်ပွား၊ ရဲအရာရှိ ၁၀ ဦး ဒဏ်ရာရရှိ + ဗီဒီယို

သိမ်းပိုက်ထားသော ဂျေရုဆလင်တွင် အတင်းအကြပ် စစ်မှုထမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြသော ဟာရီဒီဂျူးများနှင့် အစ္စရေး ရဲတပ်ဖွဲ့တို့အကြား ပြင်းထန်သော ပဋိပက္ခများ ဖြစ်ပွားပြီးနောက် လူလေးဦးကို ဖမ်းဆီးခဲ့ကြောင်း သိရ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာ အရ သိမ်းပိုက်ထားသော ဂျေရုဆလင်တွင် အဓမ္မစစ်မှုထမ်းခြင်းကို ဆန့်ကျင်ဆန္ဒပြနေသော ဟာရီဒီ (Haredi)  ဂျူးအသိုင်းအဝိုင်းနှင့် ဇီယွန်နစ် ရဲတပ်ဖွဲ့တို့အကြား အကြမ်း ဖက်ပဋိပက္ခများ တွင် အနည်းဆုံး ရဲအရာရှိ ၁၀ ဦး ဒဏ်ရာရရှိခဲ့ပြီး လူလေးဦးကို ဖမ်းဆီးခဲ့ခံရပါတယ်။

Zionist TV Channel 12 ၏ အဆိုအရ သိမ်းပိုက်ထားသော ဂျေရုဆလင်တွင် ရဲများနှင့် ဟာရီဒီ ( Haredi ) ဆန္ဒပြသူများ ကြား တိုက်ရိုက်ပဋိပက္ခဖြစ်ပွားခဲ့ပြီး အခြေအနေမှာ အထူးတင်းမာနေပြီး ရုန်းရင်း ဆန်ခတ်မှုများ လည်း ဖြစ်ပွားခဲ့ပါတယ်။

အစီရင်ခံစာအရ မငြိမ်မသက်မှုများသည် အခြေအနေကို ထိန်းချုပ်ရန်နှင့် ဆန္ဒပြသူများကို လူစုခွဲရန် အစ္စရေးရဲတပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စင်းကို ခေါ်ယူခဲ့ရသည်အထိ မြင့်တက်လာခဲ့ ပါတယ်။ါ

ဟီးဘရူးမီဒီယာများက ဟာရီဒီဂျူးတစ်ဦး မဖြစ်မနေစစ်မှုထမ်းရန် ရှောင်တိမ်းမှုကြောင့် ဖမ်းဆီးခံရပြီးနောက် ဆန္ဒပြမှုသည် လျင်မြန်စွာ အကြမ်းဖက်မှုသို့ ပြောင်းလဲသွားချိန်တွင် အဓိကရုဏ်းများ စတင်ခဲ့ကြောင်း ဖော်ပြခဲ့ ပါတယ်။

သိမ်းပိုက်ထားသော ဂျေရုဆလင် တွင် အဓိကရုဏ်းများ အတွင်း ဇီယွန်ဝါဒီများ ပဋိပက္ခဖြစ်ပွား၊ ရဲအရာရှိ ၁၀ ဦး ဒဏ်ရာရရှိ + ဗီဒီယို

ဤအခြေအနေကို တုံ့ပြန်သည့်အနေဖြင့် ဇီယွန်ဝါဒီအတိုက်အခံခေါင်းဆောင် ယာအီးယာ လာပီဒ် က နေတန် ယာဟု  အစိုးရ ၏ စွမ်းဆောင်ရည်ကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး သိမ်းပိုက်ထားသောဂျေရုဆလင်ရှိ ဟာရီဒီ အဓိက ရုဏ်း များသည် အစိုးရအဖွဲ့၏ပျက်ကွက်မှုနှင့် ဇီယွန်ဝါဒီလုံခြုံရေးအေဂျင်စီများ၏အားနည်းချက်ကို ရှင်းရှင်း လင်းလင်းသက်သေပြနေသည်ဟု ပြောကြားခဲ့ပါတယ်။

အခြားတစ်ဖက်တွင်မူ အဗစ်ဒေါ လိုင်ဘာမန်းက အစ္စရေးခေါင်းဆောင်ပိုင်းသည် ဟာရီဒီအုပ်စုများ၏ လွှမ်းမိုးမှု အောက်သို့ ထိရောက်စွာရောက်ရှိသွားသောကြောင့် အတင်းအကျပ်စစ်မှုထမ်းခြင်းမှ ထွက်ပြေး လာသူများ သည် ရဲတပ်ဖွဲ့ကို တိုက်ခိုက်နေကြခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Your Comment

You are replying to: .
captcha