အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال الامام الحسن المجتبی علیه:
إنَّ اللّه َجَعَلَ شَهرَ رَمضانَ مِضمارا لِخَلقِهِ فَیستَبِقونَ فیهِ بِطاعَتِهِ إلى مَرضاتِهِ.
အေမာမ် ဟစန် (အလိုင်ဟစ်စလာမ်) မိန့်တော် မူ၏။
« အလ္လာဟ်ဟို အရှင်မြတ် သည် လမြတ် ရမ်ဒွါန် အား မိမိ အဖန်ဆင်းခံ များ အတွက် (ကောင်းမှု ကုသိုလ် များ ရရှိနိုင်ရန် ) ယှဥ်ပြိုင်နိုင်ရန် ကွင်းပြင် အဖြစ် ပြုထားတော်မူသည်။ ဤသို့ပြုရခြင်းမှာ အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို နားခံ မှု တွင် တစ်ဦးထက် တစ်ဦး သာအောင် ပြုနိုင် ကြရန် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၂၃၆
မှတ်ချက် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင် ကျနော်တို့ အနေဖြင့် သူက ၁၀ သိန်း လှူနိုင်ရင် ငါ က ၁၅ သိန်း လှူနိုင်တယ်။ သူက ရိုးရိုးထမင်း ကျွေးနိုင်ရင် ငါက ဒန်ပေါက် ထမင်း ကျွေး နိုင်သည် ဟု ပြိုင်ကြမည့် အစား အလ္လာဟ် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့်တော် ကို နားခံ မှု တွင် သူထက် ငါ ပိုပြုနိုင်သည် ဟု ပြိုင်သင့်ကြောင်း ဖော်ပြ ထားပါတယ်။ ဤအတွက် ကြောင့် ကျနော် တို့ အနေဖြင့် အလ္လာဟ် ဟို အရှင်မြတ် ၏ နှစ်မြို့ မှု အတွက် အလ္လာဟ် ဟို အရှင်မြတ် ၏ အမိန့် တော် ကို နားခံ မှု တွင် သူတပါး သာ အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment