အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မဒရ်စာသိုလ်ကာအေမ် (အ.ဂျ) ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ ဗလီ၊အေမာမ်ဘာရာ နှင့် မဒရ်စဟ် ဆောက်လုပ်သည့် နေရာတွင် ဖေသ်ရဟ်ငွေကို သုံးခြင်း ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
ဗလီ၊အေမာမ်ဘာရာ နှင့် မဒရ်စဟ် ဆောက်လုပ်သည့် နေရာတွင် ဖေသ်ရဟ်ငွေကို သုံးခွင့် ရှိပါသလား?
အဖြေ
ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ နှင့် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ တို့၏ အမြင်အရ အဲဟ်သေယာသွ်လာဇင်မ် ( အဲဟ်သေ ယာသွ် ဝါဂျစ်ဗ် ) အရ ဖေသ်ရဟ်ငွေ အား ဗလီ၊အေမာမ်ဘာရာ နှင့် မဒရ်စဟ် ဆောက်လုပ်သည့် နေရာတွင် မပေးဘဲ တိုက်တန်သူ၊ရပိုင်ခွင့်ရှိသူ (မရှိဆင်းရဲသားများး ) ၏ရပိုင်ခွင့်ဖြစ်၍ ၎င်းတို့အကြား ခွဲဝေပေး ရမည် ဖြစ်ပါတယ်။
အကြံပြုချက် - ဖေသ်ရဟ်ငွေ အား ဗလီ၊အေမာမ်ဘာရာ နှင့် မဒရ်စဟ် ဆောက်လုပ်သည့် နေရာတွင် ဖြစ်စေ ၊ ပြုပြင်မွမ်းမံသည်နေရာတွင်ဖြစ်စေ အဲဟ်သေယာသွ်လာဇင်မ် ( အဲဟ်သေယာသွ် ဝါဂျစ်ဗ် ) အရ သုံးခွင့် မရှိ ကြောင်း သိရှိထားရပါမည် ဖြစ်ပါတယ်။ ပြီးနောက် အဲဟ်သေယာသွ်လာဇင်မ် ( အဲဟ်သေယာသွ် ဝါဂျစ်ဗ် ) ဆိုတာ မည်သည့် အရာကို ခေါ်ဆိုကြောင်း မိမိတို့ မြို့ ရှိ အဲဟ်ကာမ် ကျွမ်းကျင်သည့် အာလင်မ်များ ကိုမေးမြန်းပြီး နားလည် အောင်ပြုစေချင်လိုပါတယ်။ပြီးနောက် ဖေသ်ရဟ် ငွေအား ဆင်းရဲသားဖြစ်ပြီး မည်သည့် အရည် အချင်းများ ရှိသူ ဖြစ်ရမည် ကိုတရားတော် မှ ညွှန် ကြားထားပြီး ဖြစ် သည့် အတွက် ၎င်းသူများကို သာ ပေးဆောင်ရမည် ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment