၂၂ မေ ၂၀၁၅ - ၁၈:၄၉
အသေခံဗုံးဖောက်ခွဲမှု ဆော်ဒီရှိ ရှီအာ အများစု နေထိုင်ရာ ဒေသတွင် ဖြစ်ပွား/ ဓာတ်ပုံများ

ဆော်ဒီ ရှိရှီအာ အများစုနေထိုင်သည့် ကသီးဖ်ပြည်နယ်၏ အလ်ဂိုဒိုင်ဟ် မြို့ ရှိ အေမာမ်အလီ(အ.စ) မစ်ဂျစ်ဒ်တွင် သောကြာနမာဇ် အတွင်း သက္က်ဖီးရီး ဆော်ဒီနိုင်ငံ သား တစ်ဦး ၏ အသေခံဗုံးဖောက်ခွဲမှု ကြောင့် ၁၉ ဦး ရှဟီးဒ် ဖြစ်ပြီး အမြောက် အများ ဒဏ်ရာ ရခဲ့ရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဆော်ဒီ ရှိရှီအာ အများစုနေထိုင်သည့် ကသီးဖ်ပြည်နယ်၏ အလ်ဂိုဒိုင်ဟ် မြို့ ရှိ အေမာမ်အလီ(အ.စ) မစ်ဂျစ်ဒ်တွင် သောကြာနမာဇ် အတွင်း ဆော်ဒီမွေး သက္က်ဖီးရီးဝဟာဘီ ဆော်ဒီနိုင်ငံ သား တစ်ဦး ၏ အသေခံဗုံးဖောက်ခွဲမှု ကြောင့် အယောက်၃၀ ထက်မနည်း ရှဟီးဒ်ဖြစ်သူများ နှင့် ဒဏ်ရာ ရရှိသူများ ရှိခဲ့ ကြောင်း သတင်း ရရှိ ပါတယ်။
အဗ်နာ သတင်းဌာန၏ သတင်း အထောက်အထား အရဆော်ဒီ နိုင်ငံ ၏ အရှေ့ ပိုင်းရှိ ကသီးဖ်ပြည်နယ် ရှိ ကစီးဖ်မြို့ နှင် ၂ကီလိုမီတာ အကွာ တွင် ရှိသည့် အလ်ဂိုဒိုင်ဟ် မြို့ ရှိ အေမာမ်အလီ (အ.စ) ဗလီ အတွင်းသောကြာနမာဇ် ဝတ်ပြုနေစဉ် ဆော်ဒီ ဝဟာဘီ တစ်ဦး၏ အသေခံဗုံး ဖောက်ခွဲမှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ဤလူမဆန်သည့် လုပ်ရပ်ကြောင့် အယောက်၃၀ ထက်မနည်း ရှဟီးဒ်ဖြစ်သူများ နှင့် ဒဏ်ရာ ရရှိသူများ ရှိကြောင်း သတင်း ရရှိ ပါတယ်။
ဆော်ဒီ နှင့် ကမ္ဘာ့ မီဒီယာများ၏ သတင်း အထောက်အထားအရ ဗုံးဖောက်ခွဲမှု ဟာ အသေခံ ဖောက်ခွဲမှု ဖြစ်ပြီး ရှီအာ မွတ်စလင်မ်များ သောကြာနမာဇ် ဝတ်ပြုနေစဉ် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းဆိုထားပါတယ်။ သတင်းကြေညာ ချက်အရ အယောက် ၃၀ သေဆုံး ရှဟီးဒ် ဖြစ်သွားခဲ့ရပြီး အယောက် ၁၀၀ ဒဏ်ရာ ရခဲ့ပါ တယ်။ဗုံးပေါက်ချိန်တွင်နမာဇ် ဝတ်ပြုသူ အယောက် ၁၅၀နီးပါး ရှိကြောင်း သိခဲ့ ရပါတယ်။
မျက်မြင်သက်သေ ကမာလ် ဂျအ်ဖရ် မှ ပြောပါတယ်။ကျနော်သောကြာနမာဇ်ဖတ်နေပါတယ်။ပထမရကတ်ရဲ့ ရကူအ်သွားနေချိန်မှာပဲ ဗုံးခွဲသံကိုကြားခဲ့ရပါတယ်။ နေရာအပြည့် မီးခိုးတွေနဲ့ပြည့်နေပါတယ်။ပုံမှန် အနေအထား လည်း ပြန်ရောက်လာရော သွေးတွေနဲ့ ပြည့်နေတာကိုတွေ့ခဲ့ရပါတယ်။
သတိထားရမည့် အချက်မှာ ဆော်ဒီတွင်ရေနံ များ ထွက်ရှိနေတဲ့နေရာအများစု မှာ ကသီးဖ်ပြည်နယ် ရှိနေရာအများစု ဖြစ်ပါတယ်။ ဤဒေသတွင်ရေနံထွက်နေတာကို မထောက်ရှုပဲ ရှီအာ အများစုနေထိုင်နေသည့် အတွက်ကြောင့် လူမျိုးရေး ၊ဖေရ်ကာရေး မုန်းတီးမှုကို အခြေခံပြီး ၎င်းဒေသ၏ ရပိုင်ခွင့် ၊အခွင့်အရေး အားလုံးကို ဆော်ဒီ အစိုးရမှ ပိတ်ပင်ထား ပါတယ်။

လတ်တလောအခြေအနေမှာလည်း ဤဒေသရှိ ရှီအာ မိုမေနီများ အနေဖြင့် ယီမင် အပေါ် ဆော်ဒီ ကျူးကျော် မှု အတွက်နဲ့ ဆော်ဒီရှီအာ အာလင်မ် ရှိက်္ခနေမေရ် အား ကြိုးမိန့်ပေးမှု အတွက် အခိုင်အမာ ဆန်ကျင့်လှုပ်ရှား မှုများ ကို ပြုခဲ့ကြပါတယ်။
ဆော်ဒီအစိုးရအနေဖြင့် ဤ ဖောက်ခွဲမှုကို အလ်ကိုင်ဒါ ၏လက်ချက်ဟု ထုတ်လွှင့်ခဲ့ပါတယ်။သို့သော် အာလေ့စအူးဒ် ၏ ဒုတိယဘုရင် မိုဟမ္မဒ်ဗင်စလ်မာန် ၏ အရိပ်အကဲကြောင့် ဖြစ်ပွားခဲ့သည်ဟု ပြောနိုင်ပါတယ်။ အကြောင်းမှာ မိုဟမ္မဒ်ဗင်စလ်မာန်ဒုတိယဘုရင် ရာထူး ကို မရခင် ကာကွယ်ရေး ဝန်ကြီး တာဝန်ကိုယူစဉ် ဆော်ဒီရှီအာ အာလင်မ် ရှိက်္ခနေမေရ် အား ကြိုးမိန့်ပေးမှု အတွက် ဆန္ဒပြမှုများကို အင်အားသုံး နိုင်နင်းရန်အမိန့် ပေးခဲ့သူ ဖြစ်ပါတယ်။
++++++++++++++++++
251 / End