၅ ဇွန် ၂၀၁၅ - ၁၈:၃၁
 လှေစီးဒုက္ခသည် သတင်းယူသည့် သတင်းထောက် ၈ ဦး ခေတ္တထိန်းသိမ်းခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ သမီးလှကျွန်းပေါ်တွင် မြန်မာ့တပ်မတော်ရေက ကယ် ဆယ် ထားသော လှေစီးဒုက္ခသည် ၇၀၀ ကျော်၏ သတင်းကို ရယူရန် ကြိုးပမ်းသည့် ပြည်တွင်းပြည်ပ သတင်း ထောက် ၈ ဦး တပ်မတော်ရေက သတင်းယူခွင့်မပြုဘဲ ခေတ္တထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းအနီးရှိ သမီးလှကျွန်းပေါ်တွင် မြန်မာ့တပ်မတော်ရေက ကယ် ဆယ် ထားသော လှေစီးဒုက္ခသည် ၇၀၀ ကျော်၏ သတင်းကို ရယူရန် ကြိုးပမ်းသည့် ပြည်တွင်းပြည်ပ သတင်း ထောက် ၈ ဦး တပ်မတော်ရေက သတင်းယူခွင့်မပြုဘဲ ခေတ္တထိန်းသိမ်းခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ သတင်းဌာနများဖြစ်သည့် Reuters ၊ AP ၊ AFP ၊ EPA တို့မှ မြန်မာနိုင်ငံသား သတင်းထောက် ၅ ဦး နှင့် နိုင်ငံ ခြားသတင်းထောက် ၃ ဦးတို့သည် မေလ ၃၁ ရက်နေ့ တွင် လှေစီးဒုက္ခသည်များ ထိန်းသိမ်းထားရာ သမီးလှကျွန်းခေါ် လိပ်ကျွန်းသို့ သတင်းရယူရန် စက်လှေများဖြင့် သွားရောက်စဉ် ရေတပ်က သတင်းယူခွင့် ပိတ်ပင်ခဲ့သည့်အပြင် သတင်း ထောက် များကို ခေတ္တထိန်းသိမ်းခဲ့ကြောင်း၊ သတင်းထောက်များ ရိုက်ကူးထားသော ဓာတ်ပုံများကိုလည်း ဖိအား ပေး ဖျက်ခိုင်းခဲ့ကြောင်း သိရှိရသည်။

လှေစီးဒုက္ခသည် အရေးသည် နိုင်ငံတကာတွင် ထိပ်တန်းသတင်းတခုအဖြစ် နေရာယူလျက်ရှိသည် (ဓာတ်ပုံ-Reuters)



“ကျနော်တို့ လိပ်ကျွန်းကိုရောက်တာနဲ့ ရေတပ် ဗိုလ်ကြီးက ခေါ်ထားပြီးတော့ သတင်းယူခွင့် ဓာတ်ပုံရိုက်ခွင့် မပြုဘူး။ နောက် တော့ အထက်ရဲ့ညွှန်ကြားချက်အရဆိုပြီး ရိုက်ထားတဲ့ဓာတ်ပုံတွေ အကုန်ဖျက်ခိုင်းတယ်။နိုင်ငံတော်အဆင့် မီဒီယာ ဖြစ်တဲ့ သတင်းစဉ်က ထုတ်ပြန်ပြီးသားဓာတ်ပုံနဲ့ သတင်းတွေကို ကျနော်တို့က ကိုယ်တိုင်ကိုယ်ကျသွားရိုက်တာပဲ ဖြစ်တယ်။ အဲဒါကို ဘာဖြစ်လို့များ ကျနော်တို့ရိုက်တဲ့ဓာတ်ပုံတွေကို ဖျက်ခိုင်းသလဲဆိုတာ နားမလည်နိုင်ဘူး။ ဒီလုပ်ရပ် ကြောင့် ကျနော်တို့နိုင်ငံရဲ့ သတင်းလွပ်လပ်ခွင့်ကို တိုင်းတာရာမှာ ထိခိုက်သွားမှာတော့ သေချာတယ်”ဟု Reuters သတင်း ဌာနမှ ဓာတ်ပုံသတင်းထောက် ကိုစိုးဇေယျာထွန်းက ပြောသည်။

မြန်မာ့တပ်မတော်ရေက သတင်းထောက်များကို ၂ နာရီကျော်ကြာထိန်းသိမ်းထားပြီးနောက် အစောင့်အရှောက် စစ်သား များဖြင့် ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

မေလ ၂၉ ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဓမင်းဆိပ်ကျေးရွာအနီးရှိပင်လယ်ပြင်တွင် စက်လှေတစီးဖြင့် ရေထဲမျောနေသည့် လှေစီးဒုက္ခသည် ၇၂၇ ဦးကို ရေတပ်က တွေ့ရှိ ကယ်ဆယ် ပြီးနောက် ငပုတော မြို့နယ်၊ ဟိုင်းကြီး ကျွန်း မြို့အနီးရှိ သမီးလှကျွန်းသို့ ပို့ဆောင်ကာ ရေတပ်၏အစီအစဉ်ဖြင့် ယာယီ စောင့်ရှောက် ထားကြောင်း၊ ရေတပ်က ကယ်ဆယ်ထားသူများတွင် အမျိုးသား ၆၀၈ ဦး၊ အမျိုးသမီး ၇၄ ဦးနှင့် ကလေး ၄၅ ဦး ပါဝင်ကြောင်း သိရှိရသည်။

မေလ ၂၁ ရက်နေ့ကလည်း မြန်မာ့တပ်မတော်ရေက လှေစီးဒုက္ခသည် ၂၀၈ ဦး လိုက်ပါသော လှေတစီးကို ဖမ်းဆီးရမိခဲ့ပြီး ဒုက္ခသည်များကို ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုဝဲမြို့တွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီစောင့်ရှောက် ထားသည်။

====================================
251 /End