၁၀ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၄၄
   ဟိုင်ဒဲရ် ရွလ် အေဗါဒီ အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ တူရကီ စစ်တပ် ၏ အခြေချ စခန်းများ ကိုလေ့လာ

အီရတ် နိုင်ငံ ၏ ဝန်ကြီးချုပ် ဟိုင်ဒဲရ် ရွလ် အေဗါဒီ အနေဖြင့် ရဟတ်ယာဉ် ဖြင့် အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ တူရကီ စစ်တပ် လက်ခံရှိ နေရာများ ကို ဝေဟင်မှ လေ့လာ မှု ပြုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ

အီရတ် သတင်းဌာန ၏ သတင်းထုတ်ပြန်ချက်များ အရ အီရတ် နိုင်ငံ ၏ ဝန်ကြီးချုပ် ဟိုင်ဒဲရ် ရွလ် အေဗါဒီ အနေဖြင့် ရဟတ်ယာဉ် ဖြင့် အီရတ်နိုင်ငံ မြောက်ပိုင်း ရှိ တူရကီ စစ်တပ် လက်အောက် ရှိ နေရာများ ကို ဝေဟင်မှ လေ့လာ မှု ပြုခဲ့ ကြောင်း သိရှိရပါတယ်။

ဝန်ကြီးချုပ် ဟိုင်ဒဲရ် ရွလ် အေဗါဒီ အနေဖြင့် တူရကီ စစ်တပ်ကို ၄၈ နာရီ အတွင်း အီရတ်က နေထွက်ခွာ သွားဖို့ ရာဇသံ ပေးပြီးနောက် အခုလို ဝေဟင်မှ လေ့လာ စိစစ်မှု ကို ပြုခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ၄၈ နာရီ ကုန်ဆုံးသွားပြီးနောက်ပိုင်းတွင် ဝန်ကြီးချုပ် ဟိုင်ဒဲရ် ရွလ် အေဗါဒီ ဖက်မှ မည်သို့ မျှအရေးယူ မှုကို မပြုခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

အီရတ် နိုင်ငံ ၏ ဝန်ကြီးချုပ် ဟိုင်ဒဲရ် ရွလ် အေဗါဒီ ဖက်မှ သတ်မှတ်ချိန် ကုန် ဆုံးပြီးနောက် တုံ့ပြန် အရေးယူမှု မှာ နေတိုးတပ်ဖွဲ့ ၏ အထွေထွေး အတွင်းရေးမှူးဆီ ဖုန်းဆက် မှုသာ ရှိခဲ့ပါတယ်။

ဖုန်းတွင် ဝန်ကြီးချုပ်မှ အထွေထွေအတွင်းရေးမှူး အား တူရကီ စစ်တပ် အနေဖြင့် ဘဂ္ဂဒတ်မြို့တွင် အီရတ် စေတနာ့ တပ်မတော် (ခ) ပြည်သူ့ တပ်မတော် ၏ သဘောတူညီမှု မရဘဲ နေထိုင်ခြင်းဟာ မိမိတို့ နိုင်ငံ အခြေခံ ဖွဲ့စည်းပုံ ၏ ဆန့်ကျင်ဖက် ဖြစ်ကြောင်း၊ နေတိုး တပ်အနေဖြင့် မိမိတို့၏ လုပ်ပိုင်ခွင့် အာဏာ ကို သုံးပြီး တူရကီ စစ်တပ် ကို အီရတ် မြေ က နေ ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ ပါတယ်။

သို့သော်လည်း အီရတ် စေတနာ့ တပ်မတော် (ခ) ပြည်သူ့ တပ်မတော် အနေဖြင့် မိမိတို့ တိုင်းပြည် တွင် ကျူးကျော်လာ သည့် တူရကီစစ်တပ် ကို ဖယ်ရှားနိုင်ရန် အစီအစဉ် ချလက်ရှိ ကြောင်း သိရှိရ ပါတယ်။

======================

251 / End