၂၈ ဒီဇင်ဘာ ၂၀၁၅ - ၁၉:၅၄
 အီရတ် စွန်နီ အိုလမာ ဘက်မှ ရှီအာ အိုလမာ ကိုချီးကျူး

အီရတ် နိုင်ငံ ၏ စွန်နီ အာလင်မ် ခါလစ်ဒ် အလ်မေလာလ် အနေဖြင့် မိမိ၏ တင်ပြမှု တစ်ခု တွင်သက္က်ဖီးရီ အကြမ်းဖက် အုပ်စု IS ကို တိုက်ထုတ်ရာတွင် အီရတ် နိုင်ငံ စွန်နီမြို့ သားများကို ကူညီ ထောက်ပံ့ ပေးခဲ့သည့် ရှီအာ မရ်ဂျာများ ၏ လုပ်ဆောင်ချက် ကိုချီးမွမ်းထောမနာခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ


ဂျမာအသ်သေ အိုလမာယေ အဲဟ်လေ့စွန္နသ်၊အီရတ် ၏ ဥက္ကဋ္ဌ ခါလစ်ဒ် အလ်မေလာလ်  ( မွတ် စလင်မ်များ စည်းလုံးညီညွတ်ရေး ရက်သတ္တပတ် )  အတွက်  (အလ်မီယာဒီးန် ) ရုပ်မြင် သံကြား နှင့် အမေး အဖြေ အစီအစဉ်တွင် အီရတ် နိုင်ငံ ရှိ ရှီအာ မရ်ဂျာများအနေဖြင့်  ရှီအာ မွတ်စလင်မ်များ ကို ကျယ်ကျယ်ပြန့်ပြန့် မျိုးပြုတ် သတ်ဖြတ်နေပြီး  ရိုသေလေးမြတ် ရသည့် သာသနာ့ အဆောက် အဦး များ ကို တိုက်ခိုက်နေမှု အထူးသဖြင့် စာမရာမြို့ ရှိ ရောင်ဇာတော် မြတ် အပေါ် အကြမ်းဖက် တိုက် ခိုက် မှု တွေ ခံနေရတာတောင် မည်သည့် အခါမှ ဂျေဟာဒ် လုပ်ဖို့ဖသ်ဝါ မပေးခဲ့ကြောင်း ရှီအာ အိုလမာ အနေဖြင့် အီရတ် နိုင်ငံ ၏ စွန်နီ မွတ်စလင်မ် များနေထိုင်ရာ မိုစာလ် မြို့ ကို IS အစွန်းရောက် အကြမ်းဖက်သမားများမှ အကြမ်းဖက် တိုက်ခိုက်လာချိန်တွင် ဂျေဟာဒ် လုပ်ဖို့ဖသ်ဝါ ပေးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


အကျော်အမော် စွန်နီ အာလင်မ်  အနေဖြင့်အီရတ် နိုင်ငံ တွင် ရှီအာမွတ်စလင်မ်  ၅သိန်းကျော် မျိုးပြုတ် သတ်ဖြတ် မှု ကို ခံခဲ့ရပါတယ်။ရှီအာ မွတ်စလင်မ် တို့၏ အလေးအမြတ်ထားသည့် ဘာသာ ရေး အဆောင်အဦးများ ၊ဗလီဝတ်ကျောင်းတော်များ ၊ အေမာမ်ဘာရာ များ  တိုက်ခိုက် ဖျက်စီးမှု ကိုခံခဲ့ရပါတယ်။ဒါပေမဲ့ ရှီအာ မရ်ဂျာများ အနေဖြင့် အမြဲ မွတ်စလင်မ် အချင်းချင်း (စွန်နီ ရှီအာ ) စည်းလုံးညီညွတ်ရေး ကို သာ တိုက်တွန်း မိန့်ကြားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။


အန်ဗါပြည်နယ် ဒလင်းမ်လူမျိုး များ၏ ခေါင်းဆောင် ရှိက်္ခ မိုဟမ္မဒ် အေလ်ဟာယာစ် အနေဖြင့် လည်း  ရှီအာ မွတ်စလင်မ်များ သည် အမြဲတမ်း မိမိတို့၏ အခက်အခဲ အကျပ်အတည်းများ ကို သည်းခံခဲ့ကြပြီး  ရှီအာ မွတ်စလင်မ် လူငယ်များက သာလျှင် စွန်နီမွတ်စလင်မ် များနေထိုင်ရာ ဒေသများကို ကာကွယ် ထိန်းသိမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။



===========================================
251/End