အဲဟ်လေ့ဘိုက်(သ) (အ.စ) သတင်းဌာန ၊ အဗ်နာ
ဂျအ်မေအသ် သွလ် မွစ်တဖွာ (ဆွ) အလ်အာလန်မ်မီးယေ ၏ ဥက္ကဋ္ဌ အာယာသွလ္လာဟ် အအ်ရာဖီး မှ ဘာရိန်း နိုင်ငံ၏ အကျော်အမော် အာလင်မ် အာယာသွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် အတွက် ဂုဏ်ထူးဆောင် ဆု ချီးမြှင့်ပွဲ အခမ်းအနား တွင် ဘာရိန်း နိုင်ငံ တွင် အိုလမာ ဦးဆောင်သည့် တော်လှန်ရေး ဘက်သို့ ညွန်း၍ မိန့်ခွန်းပြောကြားခဲ့ပါတယ်။
ဘာရိန်း နိုင်ငံ တော်လှန်ရေးတွင် အိုလမာ ၏ လှုပ်ရှား မှု ဟာ ဂုဏ်ပြု ထိုက်ကြောင်း ၊ အာယာ သွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် ဘဝတစ်လျှောက်လုံး တွင် အရေး အကြီးဆုံး ကဏ္ဍ မှာ ကိုယ်ကျင့်တရား ဖြစ်ကြောင်း ၊အာယာသွလ္လာဟ် ၏ လူငယ်လူရွယ်များ နှင့် ဆက်ဆံပုံ ၊ ရိုကျိုး မှု ၊မာန်မာန မရှိ မှု တို့မှာစံနမူနာ ဖြစ်ကြောင်း ကျနော်တို့ လူငယ်လူရွယ် သာသနာ့ ပညာသင် ကျောင်းသားများ (မောင်လာနာများ ၊ဇာကေရာဟ်များ ) အနေဖြင့် မိမိတို့၏ ဘဝ အတွက် အာယာသွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် ၏ ကိုယ်ကျင့်တရား ကို စံထားပြီး ဘဝတည်ဆောက် ရမည် ဖြစ်ကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် အအ်ရာဖီး မှ အာယာသွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် ၏ ကိုယ်ကျင့်တရား ဘက် ညွန်း၍ မိန့် ကြားရင်း သဖ်စီးရေ ကုရ်အာန် ၊ နှင့် ဖေက်ဟေ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကဏ္ဍ တွင် ရှိက်္ခ ၏ ရေးသားသီးကုံးထားသည့် စာအုပ်များ သည် အာယာသွလ္လာဟ် ရှိက်္ခ အီစာ ကာစင်မ် ၏ ပညာရေး အရည်အချင်း ကို ထင်ဟ၊ ပေါ်လွင် စေကြောင်း မိန့် ကြားခဲ့ပါတယ်။
==========================
251/End