အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
မြန်မာနိုင်ငံတွင် မွေးနေ့ရှင်များက တောင်းဆိုစရာမလိုဘဲ ပြည်သူများက သတိတရအောက်မေ့လျက် အလေးအမြတ်ထား ပြုလုပ်ပေးလေ့ရှိသော မွေးနေ့ရှင်နှစ်ဦးရှိပါသည်။
ပထမတစ်ဦးမှာ ၁၉၁၅ ဖေဖော်ဝါရီ ၁၃ ရက်တွင် ဖွားမြင်သော ဗိုလ်ချုပ်အောင်ဆန်းဖြစ် ပြီး ဒုတိယတစ်ဦးမှာ ၎င်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပါသည်။
ဗိုလ်ချုပ်ကို တိုင်းပြည်၏ ဖခင်ကြီးအဖြစ်အလေးအမြတ်ပြုခဲ့ကြသလို ၎င်း၏သမီးဖြစ်သူကိုလည်း အမေဟုတင်စားကြပြန်သည်။
မြန်မာနိုင်ငံ၏ ဒုတိယ မြောက်အခမ်းနားဆုံးမွေးနေ့ရှင်၏ မွေးနေ့မှာ ယနေ့(ဇွန်၁၉ ရက်) တွင်ကျရောက်ပါသည်။ ဒေါ် အောင်ဆန်းစုကြည်ကို ဖခင် အမျိုး သားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် မိခင်ဒေါ်ခင်ကြည် တို့က ၁၉၄၅ ဇွန် လ ၁၉ ရက်တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။ အင်္ဂါသမီး ရာဇဖွားဖြစ်သည်။
အသက်(၇၁)နှစ်ပြည့်မွေး နေ့ရှင်သည် အခါးသီးဆုံးမွေးနေ့ များကို ကြံ့ကြံ့ခံဖြတ်ကျော်ခဲ့ပြီး နောက် ခြားနားသောအခြေအနေ တစ်ရပ်ဖြင့် မွေးနေ့ကိုဖြတ်သန်းရ ဦးမည်ဖြစ်သည်။ ယခင်နှစ်များက အတိုက်အခံအဖြစ်သာ မွေးနေ့ များဖြတ်သန်းခဲ့သော ဒေါ်အောင် ဆန်းစုကြည်အနေဖြင့် ဇွန်လ ၁၉ ရက်တွင် လက်ရှိအစိုးရကို ဦးဆောင်သူတစ်ဦးအဖြစ် မွေး နေ့ကို ဖြတ်သန်းရမည်ဖြစ်သည်။
လက်ရှိတွင် ဒေါ်အောင် ဆန်းစုကြည်ကို ထောက်ခံသူများ က (၇၁)နှစ်မြောက်မွေးနေ့အ ထိမ်းအမှတ်အဖြစ် သစ်ပင်များ စိုက်ပျိုးခြင်း၊ အားကစားပြိုင်ပွဲ များပြုလုပ်ခြင်း၊ ရန်ပုံငွေများရှာ ဖွေ၍ ပရဟိတလုပ်ငန်းများသို့ လှူဒါန်းခြင်းတို့ ပြုလုပ်လျက်ရှိ သည်။ သီချင်းများ၊ ကဗျာများ၊ ဆောင်းပါးများဖြင့်လည်း ဂုဏ်ပြု လျက်ရှိသည်။
ရန်ကုန်မြို့ ရွှေဂုံတိုင်လမ်းရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရုံးချုပ်သစ်ဖွင့်ပွဲကို ဒေါ်အောင် ဆန်းစုကြည်၏ (၇၁)နှစ်မြောက် မွေးနေ့ဖြစ်သော ဇွန်လ ၁၉ ရက် ၌ ပြုလုပ်မည်ဖြစ်သည်။ မွေးနေ့ နံနက် ၅နာရီတွင် ရုံးချုပ်၌ အ ရုဏ်ဆွမ်း ကပ်လှူမည်ဖြစ်ပြီး နံ နက် ၁၀နာရီတွင် သံဃာအပါး ၂၅၀အား ဆွမ်းလောင်းလှူမည် ဖြစ်ကာ ယင်းနောက်တွင် ဒေါ် အောင်ဆန်းစုကြည်၏ မွေးနေ့အ ခမ်းအနားကို ကျင်းပမည်ဖြစ် သည်။
စင်စစ် ဒေါ်အောင်ဆန်းစု ကြည်သည် ပထမဦးဆုံးသောမွေး နေ့နှစ်ခုကိုသာ ဖခင်ဖြစ်သူနှင့်အ တူဖြတ်သန်းခဲ့ရသည်။ (၂)နှစ် မြောက်မွေးနေ့အပြီးတစ်လတိတိ တွင် ဖခင်ဖြစ်သူလုပ်ကြံခံခဲ့ရ သည်။
မသမာသူများ၏ လက် ချက်ကြောင့် ဖခင်ဆုံးရှုံးခဲ့ရသဖြင့် ဆယ်ကျော်သက်အရွယ် မွေးနေ့များကို ဖခင်မပါဘဲ ဖြတ် သန်းခဲ့ရသည်။ မိခင်ဒေါ်ခင်ကြည်က အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရ၍ (၁၅)နှစ်သမီးအရွယ်တွင်ဒေါ်အောင်ဆန်းစုကြည်သည် အိန္ဒိယနိုင်ငံသို့ ရောက်ခဲ့သည်။ ထို့ နောက် အင်္ဂလန်တွင် ပညာသင် ကြားခဲ့ပြီး အမေရိကန်၊ ဘူတန်နှင့် ဂျပန်နိုင်ငံများသို့ လှည့်လည်ကာ ပညာရှင်တစ်ဦးအဖြစ်အလုပ် လုပ်ကိုင်ခဲ့သည်။
၁၉၈၈တွင် မိခင် နာမကျန်းဖြစ်နေသဖြင့် မြန်မာနိုင်ငံသို့ ပြန်လာခဲ့သည်။ (၄၃)နှစ် မြောက်မွေးနေ့အပြီး ခြောက်လစွန်းစွန်းတွင် မိခင်ဖြစ်သူကိုပါ ထပ်မံဆုံးရှုံးခဲ့ရသည်။ (၄၃)နှစ် မြောက်အလွန်မွေးနေ့အများစုကို အာဏာရှင်များ၏ လက်ချက်ကြောင့်နေအိမ်အကျယ်ချုပ်ဘ၀ဖြင့် ထပ်မံဖြတ်သန်းရပြန်သည်။ ထိုစဉ်က ဖခင်ကြီးကျဆုံးသော အာဇာနည်နေ့၊ မိခင်ကြီးဒေါ်ခင်ကြည်၏ နှစ်ပတ်လည်နေ့နှင့် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့များတွင် ဆွမ်းကပ်လေ့ရှိရာ ဆရာတော်ကြီးများအား ပင့်ဖိတ်ကြိုပို့ပေးရခြင်းများကို လက်ရှိသမ္မတဖြစ်နေသူ ဦးထင်ကျော်က ပြုလုပ်ပေးခဲ့ခြင်း ဖြစ်သည်။
နေအိမ် အကျယ်ချုပ်မှ နောက်ဆုံးအကြိမ်လွတ်မြောက်ခဲ့ ပြီး နောက်ကျရောက်သော (၆၆) နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း သာမက နိုင်ငံတကာကပါ ဒေါ် အောင်ဆန်းစုကြည်အတွက်မွေး နေ့အထိမ်းအမှတ်ပွဲများပြုလုပ် ပေးခဲ့သည်။ သို့သော်နေအိမ်အ ကျယ်ချုပ်ကျခံနေစဉ်ကတည်းက ပင်မွေးနေ့ရှင်အတွက် မွေးနေ့ဆု တောင်းပွဲများကို ဒီမိုကရေစီဘက် တော်သားများက ထောက်လှမ်း ရေးများ၏ အန္တရာယ်ကြားမှပင်ခက်ခက်ခဲခဲ လုပ်ကိုင်ပေးခဲ့ကြ သည်။
၁၉၉၉တွင်မူခင်ပွန်းဖြစ်သူ သမိုင်းပညာရှင် ဒေါက်တာမိုက်ကယ်အဲရစ်ကွယ်လွန်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့များကို ပိုမိုခြောက်သွေ့သွားစေပြန်သည်။
နေအိမ် အကျယ်ချုပ်ဘ၀ ဖြင့် အထီးကျန်မွေးနေ့ရက်များ ဖြတ်သန်းခဲ့ရသော ငြိမ်းချမ်းရေး နိုဗယ်ဆုရှင်သည် အကျယ်ချုပ် မှ လွတ်မြောက်ပြီးနောက်မွေးနေ့ ပွဲများကို ပြည်သူချစ်သောအနုပ ညာရှင်များနှင့်ဖြတ်သန်းခဲ့သည်။
၂၀၁၂ကြားဖြတ်ရွေး ကောက်ပွဲပြီးနောက် လွှတ်တော် ကိုယ်စားလှယ်ဖြစ်လာပြီး မွေးနေ့ ပွဲအချို့ကို လွှတ်တော်ပရိဝုဏ်အ တွင်း ဖြတ်သန်းခဲ့ရပြန်သည်။ ထို စဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက မွေးနေ့ကိတ် ပေးပို့ခဲ့ရာ ပါတီကြီးနှစ်ခု၏ ခေါင်း ဆောင်နှစ်ဦးအကြား ရင်းနှီးသော ဆက်ဆံရေးကိုဖော်ပြခဲ့သည်။
(၇၁)နှစ်မြောက် မွေးနေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးဖြင့် အဘက်ဘက်မှနိမ့်ကျနေသော နိုင်ငံတစ်ခုမှ ပြည်သူများ၏ ကြီးမားသောမျှော်လင့်ချက် များကို ဦးဆောင်ထမ်းပိုးထားသူအဖြစ် ဖြတ်သန်းရမည်ဖြစ်သည်။
အာဏာရှင်နိုင်ငံတွင် ဒီမိုက ရေစီရေးအတွက် ခက်ခဲလွန်း သောလမ်းကိုလျှောက်ခဲ့သည့် ပိန် ပိန်ပါးပါးအမျိုးသမီးကြီးသည် မွေးနေ့တွင် ပြည်သူကိုရှားရှားပါး ပါးစကားပြောခွင့်ရချိန်၌ပင် ဒီ မိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူများကြိုးစားပေးကြရန် မေတ္တာရပ်ခံခဲ့သည်။
မွေးနေ့များ၏ ဓလေ့မှာ မွေး နေ့ရှင်ကို ဆုတောင်းပေးခြင်းနှင့် မွေးနေ့လက်ဆောင်ပေးခြင်းတို့ ဖြစ်သည်။ ပြည်သူ့ခေါင်းဆောင် ၏ မွေးနေ့ကို သမ္မတဦးထင်ကျော် ၏ ဖခင် ဆရာကြီးမင်းသုဝဏ်က ကဗျာစပ်ဆိုကာ ဆုတောင်းပေးခဲ့ ဖူးသည်။
‘မွေးနေ့ဆုတောင်း’
ပြည်သူတွေ အောင်ပန်း၊ မြဲဆင်မြန်းသည့်
အောင်ဆန်းစုကြည်၊ ရဲဇာနည်ကို
မြန်ပြည်တလွှားချစ်သူများခဲ့။
တို့အားတို့အင်၊ တို့အရှင်ကို
ကြည်ရွှင်စေသော၊ မာစေသောဟု
မွေးသောနေ့မှာ၊ တို့သူငါသည်
မေတ္တာကြည်လင် ရွှင်ရွှင်ပို့။
ဒေါင်းပျိုအိုးဝေ၊ တွန်စေဖို့
မြတ်ဆုမွန်ကောင်း တောင်းကြစို့။
(မင်းသုဝဏ်)
ကျန်ရှိသော မွေးနေ့ဓလေ့ တစ်ခုမှာ မွေးနေ့ရှင်ဖြစ်ချင်သော အလိုရှိသောအရာကို မွေးနေ့ လက်ဆောင်ပေးခြင်းဖြစ်သည်။ အသက် (၇၁)နှစ်ပြည့်မြောက် သည့်တိုင် မြန်မာနိုင်ငံ၏ ဒီမိုက ရေစီရေးအတွက် နှစ်ပေါင်း ၂၈ နှစ်ကြာ မနားတမ်းခရီးကြမ်းနှင် ခဲ့သူ မိန်းမသားတစ်ဦးကို ၎င်း အား ချစ်ခင်ပါသည်ဆိုသူများက ဘာလက်ဆောင်များ ပေးသင့်ပါ သနည်း။ မွေးနေ့ရှင်သည် သူလိုချင်သောအရာကို (၇၀) ပြည့်မွေးနေ့ကပင် ပြောခဲ့ပြီးဖြစ် သည်။ ဒီလှိုင်းဂျာနယ်၏ ‘‘ဒီ စကား’’ကဏ္ဍတွင် ဖော်ပြခဲ့သော မွေးနေ့ရှင်၏ ဆန္ဒသည် တစ်နှစ် ကြာသော်လည်း ပြောင်းလဲဦး မည်မထင်ပါ။
‘‘အသက် (၇၀) ဆိုတော့ နောင် ကျွန်မတို့ နေရတယ်ဆိုလို့ ရှိရင် အနှစ် (၂၀) လောက်နေရ တယ်ဆိုရင်တောင်မှ အင်မတန် အသက်ရှည်တယ်လို့ ပြောရမှာ ပါ။ နောင်နေနိုင်မယ့် အနှစ် ၂၀ လောက်အတွင်းမှာ ဒီနိုင်ငံ တိုး တက်တာ၊ ဖွံ့ဖြိုးတာ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားတွေဟာ တ ကယ့်ကို ကမ္ဘာကနေ လေးစားရ မယ့်၊ တန်ဖိုးထားရမယ့် ပုဂ္ဂိုလ် များဖြစ်စေချင်ပါတယ်။
ကျွန်မအပေါ်မှာပေါ့နော်။ ဒီ အနှစ် ၇၀ အတွင်း စေတနာမေတ္တာ ထားခဲ့တဲ့သူတွေ အားလုံးကို ကျေး ဇူးတင်ပါတယ်လို့ ပြောရင်းနဲ့ ကျွန်မတို့ ပြည်သူ ပြည်သားများ ဟာ ကျွန်မတို့ နိုင်ငံအပေါ်၊ ကျွန်မ တို့ရဲ့ ပြည်ထောင်စုကြီးအပေါ်မှာ စေတနာ၊ မေတ္တာတွေထားပြီး တော့ အားလုံးပျော်ပျော်ရွှင်ရွှင်၊ ချမ်းချမ်းမြေ့မြေ့နဲ့ ဆက်လက်ပြီး တော့ ညီညီညွတ်ညွတ်ဒီလောက ခရီးကို သွားနိုင်ပါစေကြောင်း ကြိုးစားပေးကြပါလို့ မေတ္တာရပ်ခံ ပါတယ်’’ဟု မွေးနေ့ရှင်က ၎င်း၏ ဆန္ဒကို ဒီစကားဖြင့်ပါးခဲ့သည်
===================
251 / End