၁၅ ဇူလိုင် ၂၀၁၆ - ၁၇:၁၃
ဒေါ်အောင်ဆန်းစုကြည် နှင့် UNFC မတွေ့မီ ဒေါက်တာတင်မျိုးဝင်းနှင့် အကြိုတွေ့ဆုံမည်

ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စာလှယ်အဖွဲ့(DPN)တို့ ဇွန်လ ၃ ၇က် နံနက် ၁၀ နာရီတွင် တွေ့ဆုံ ဆွေးနွေးနေ။ (ဓာတ်ပုံ-ဖနိဒါ) ရန်ကုန်၊ ဇူလိုင် ၁၅ ။ ။ UNFC ခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတွေ့ဆုံမီ တစ်ရက်အလို ဇူလိုင်လ ၁၆ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့အဖွဲ့ နှင့် UNFC တာဝန်ရှိသူအချို့ ရန်ကုန်မြို့ NRPC ရုံး၌ အကြို တွေ့ဆုံမည်ဖြစ်သည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဒေါက်တာတင်မျိုးဝင်းဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စာလှယ်အဖွဲ့(DPN)တို့ ဇွန်လ ၃ ၇က် နံနက် ၁၀ နာရီတွင် တွေ့ဆုံ ဆွေးနွေးနေ။ (ဓာတ်ပုံ-ဖနိဒါ)

ရန်ကုန်၊ ဇူလိုင် ၁၅ ။  ။ UNFC ခေါင်းဆောင်များ နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မတွေ့ဆုံမီ တစ်ရက်အလို ဇူလိုင်လ ၁၆ရက်တွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းဦးဆောင်တဲ့အဖွဲ့ နှင့် UNFC တာဝန်ရှိသူအချို့ ရန်ကုန်မြို့ NRPC ရုံး၌ အကြို တွေ့ဆုံမည်ဖြစ်သည်။

UNFC အထွေထွေ အတွင်းရေးမှူးဖြစ်သူ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့(Delegation for Political Negotiation – DPN) အဖွဲ့ခေါင်းဆောင် ဦးခူဦးရယ် ခေါင်းဆောင်သော ကိုယ်စားလှယ် အဖွဲ့က ဇူလိုင် ၁၆ရက်မှာ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ NRPC ရုံးတွင် တွေ့ဆုံမည်ဟု ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ ဦးလှမောင်ရွှေထံမှ သိရသည်။

ဇူလိုင်လ ၁၇ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘာလ၊ မွန်ပြည်သစ်ပါတီ(NMSP)မှ နိုင်ထောမွန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)မှ အေဘယ်လ်တွီနှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(SSPP)မှ နာယက ဗိုလ်ချုပ်ဆေထင်တို့ လေးဦး သွားရောက် တွေ့ဆုံသွားမည်ဖြစ်သည်။

===================
251 / End