၂၂ ဩဂုတ် ၂၀၁၆ - ၁၆:၅၂
ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနှင့်တွေ့ဆုံမည်

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Smt.sushma Swarajသည် သြဂုတ် ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး Smt.sushma Swarajသည် သြဂုတ် ၂၂ ရက်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 ဒေါ်အောင်ဆန်းစုကြည် သည် သမိုင်းဝင်ခရီးစဉ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်၍ တရုတ်သမ္မတ စီကျင်းပင်၊ တရုတ်ဝန်ကြီးချုပ် လီကီကျန်းတို့ နှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံသို့ရောက်ပြီးတစ်နောက်နေ့မှာပင် အိမ်နီးချင်း အင်အားကြီးအိန္ဒိယနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးက လာရောက်တွေ့ဆုံမည်ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်နိုင်ငံမှ ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီခွဲက ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိ ခဲ့သည်။

Sushma Swaraj ၏ ခရီး စဉ်သည် မြန်မာနိုင်ငံတွင် ဒေါ် အောင်ဆန်းစုကြည်ဦးဆောင် သော  အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် အစိုးရတာဝန် လွှဲပြောင်းရ ယူပြီးသည့်နောက်ပိုင်း အိန္ဒိယ အစိုးရ၏ အဓိကကျသည့် ပထမ ဆုံး နိုင်ငံရေး ကူးလူးဆက်ဆံမှု တစ်ခုဖြစ်ကြောင်း အိန္ဒိယနိုင်ငံ ခြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ထားသည်။


အိန္ဒိယသမ္မတနိုင်ငံ ဝန်ကြီး ချုပ်၏ အထူးကိုယ်စားလှယ် အမျိုးသားလုံခြုံရေး အကြံပေး ပုဂ္ဂိုလ် မစ္စတာ အာဂျစ်ဒိုဘယ်လ် သည် ပြီးခဲ့သည့် ဇွန်လလယ်က နေပြည်တော်သို့ လာရောက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ၏ ခရီးစဉ်သည် မြန်မာအစိုးရသစ် နှင့် ဆက်ဆံရေး ပိုမိုတိုးတက်စေရေး အားထုတ်မှုကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြား ရေးဝန်ကြီးဌာနက ဆိုသည်။


မြန်မာသမ္မတဦးထင်ကျော် သည် အိန္ဒိယနိုင်ငံသို့ သြဂုတ်လ ကုန်တွင် သွားရောက်လည်ပတ် ရန် စီစဉ်ထားပြီး နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါခြင်းရှိ၊ မရှိမသိရှိရသေးပေ။

--------------------------------
251/End