မေးခွန်း ။ ။ ညစ်ညမ်းသည့် စကား ဖြင့် ဆဲခြင်းဖြင့်သူတစ်ပါးကို ပြုနိုင်ပါသလား ?
အဖြေ။ ။ အာယာသွလ္လာဟ်ခါမေနာအီ ။ ။ မိုအ်မင်အား ညစ်ညမ်းသည့်စကားဖြင့်ပြောဆိုခြင်း ၊ဆဲခြင်းသည် ဟရာမ် ဖြစ်ပါသည်။ (မှတ်ချက်။ မိုအ်မင်ဆိုသည်မှာ အူစူလေ ဒီးန် ၅ ခုကို လက်ခံသူကို လည်း ခေါ်ဆို ပါသည်။)
အာယာသွလ္လာဟ်သဗ်ရေဇီး ။ ။ မိုအ်မင်အား ညစ်ညမ်းသည့်စကားဖြင့်ပြောဆိုခြင်း ၊ဆဲခြင်းသည် ဟရာမ် ဖြစ်ပါသည်။
အာယာသွလ္လာဟ် မကာရေမ် ရှီရာဇီး ။ ။ ရိုင်းသည့်အသုံးအနှုန်း ပြုခြင်း၊ဆဲဆိုခြင်းသည် မိုအ်မင် ဖြစ်သည့်လူသား အတွက် မသင့်တော် ပါ။မအပ်စပ်ပါ။ မြောက်များစွာသော်နေရာများအတွက် လည်းဟရာမ် ဖြစ်ပါသည်။
အာယာသွလ္လာဟ် ဖွာဇေလ်လန်ကရာနီ ။ ။ အစ္စလာမ့် စာရိတ္တကို မလွဲမသွေ နေရာတိုင်းတွင် သတိပြု လိုက်နာရပါမည်။
အာယာသွလ္လာဟ် စစ်သာနီ ။ ။ မိုအ်မင်အား ညစ်ညမ်းသည့်စကားဖြင့်ပြောဆိုခြင်း ၊ဆဲခြင်းသည် မပိုင်ပါ။ ခွင့်မရှိပါ။
မှတ်စရာ ဥပဒေသများ ။ ။ အာယာသွလ္လာဟ် စစ်သာနီ ။ ။ မိုအ်မင်အား သရော်ခြင်းသည် ဟရာမ် ဖြစ်ပါသည်။ သရော်သည်ဆိုရာတွင် ၎င်းမိုအ်မင်၏ ပျော့ကွက်ဟာကွက် ၊ယွင်းကွက်များ ကို တင်ပြခြင်း၊မကောင်းပြောခြင်း၊ ပုတ်ခတ်ပြောခြင်းအား စကားပြေပုံသဏ္ဍန် နှင့်ဖြစ်စေ ၊ ကဗျာ ပုံစံနှင့်ဖြစ်စေပြုခြင်းသည် ဟရာမ် ဖြစ်ပါသည်။ မိုအ်မင်မဟုတ်သူများကို မကောင်းပြောခြင်း ပုတ်ခတ်ခြင်းသည်လည်း ကောင်းသည့် လုပ်ရပ်မဟုတ်ချေ။ တစ်ခါတစ်လေ အခြေအနေအရ မကောင်းပြောခြင်းသည်လည်း ဝါဂျစ်ဗ် ဖြစ်သွားတတ်ပါသည်။ ဥပမာ ဖွာစေက် (အဲဟ်ကမ်မေအေလာဟီကို လက်ခံပြီး မကျင့်သုံးသူများ ) ၊ ဗေဒ်အသ် ပြုသူများ (သာသနာတွင်မရှိသည့်အရာများကို အသစ်တည်ထွင်လုပ်သူများ ) ကို၎င်းတို့ ဗေဒ်အသ် အနိသင်များ လူထု ထံ မကူးဆက်မကျယ်ပြန့်သွား အောင်လုပ်ရန်အတွက် ဖြစ်ပါသည်။
အာယာသွလ္လာဟ် အလ်ခဝီး၊ အာယာသွလ္လာဟ် သဗ်ရေဇီး ၊ အာယာသွလ္လာဟ် ဝဟီးဒ် ခိုရာစာန်နီ။ ။ မိုအ်မင်အား မကောင်းပြာဆိုခြင်း ပုတ်ခတ်ပြောဆိုခြင်းသည် ဟရာမ်ဖြစ်လေ၏။ သို့သော် ဖွာစေက် (အဲဟ်ကမ်မေအေလာဟီကို လက်ခံပြီး မကျင့်သုံးသူများ ) ၊ ဗေဒ်အသ် ပြုသူများ (သာသနာတွင်မရှိသည့်အရာများကို အသစ်တည်ထွင်လုပ်သူများ ) ကို၎င်းတို့ ဗေဒ်အသ် မကောင်းသည့် အနိသင်များ လူထုထံ မကူးဆက်မကျယ်ပြန့်သွား အောင်လုပ်ရန်အတွက် မကောင်း ပြောခွင့်ရှိပါသည်။ .
ပြက်ရယ် သဘောဖြင့် ဆဲဆိုခြင်း ကိစ္စ
မေးခွန်း ။ ။ ဆဲရေတိုင်ထွာ ခြင်း သည်ဟရာမ် ဖြစ်ပါသလား? အကယ်၍ ပြက်ရယ် သဘောဖြင့် ဆဲဆိုလျှင် မည်သည့် ဥပဒေ ရှိပါသနည်း?
အဖြေ။ ။ အာယာသွလ္လာဟ် စစ်သာနီ ။ ။ ဟရာမ် ဖြစ်၏။
အာယာသွလ္လာဟ် ဗဲဟ်ဂျက်သ်။ ။ အဲဟ်လေ့ အီမာန် ကို ဆဲဆိုခြင်းသည် ဟရာမ် ဖြစ်ပါသည်။
အာယာသွလ္လာဟ် ခါမေနာအီ ။ ။ ဟရာမ် ဖြစ်၏။
အာယာသွလ္လာဟ် မကာရေမ် ရှီရာဇီး ။ ။ ဟရာမ် ဖြစ်၏။ပြက်ရယ် သည့်သဘောဖြင့် ဆဲဆိုခြင်းကိုလည်း ရှောင်ကြဉ်ရပါမည်။
အာယာသွလ္လာဟ် ဆယက်ဒ် မိုဟမ္မဒ် ရှာဟ်ရူဒီ ။ ။ မိုအ်မင်အား ဆဲခြင်းသည် ဟရာမ် ဖြစ်၏။ ပြယ်ရယ်သဘော နှင့် ဖြစ်စေ၊ အတည် ဖြစ်စေ၊ သို့သော် တစ်ခါတစ်လေ ပြက်ရယ်သဘောနှင့် ဖြစ်ပြီး တမင် ရည်ရွယ်ဆဲတာ မျိုး မဟုတ် မည်၊ မိုအ်မင်၏ သိက္ခာ ကိုမထိ ခိုက်မည်ဆို လျှင်ပြဿနာ မရှိပါ။
မေးခွန်းများ ။ ။ ရှေ့ မှောက်တွင် မရှိသူအား ဆဲဆိုခြင်း ညစ်ညမ်းစွာ ပြောဆိုခြင်းသည် ဂိုနာထိုက်ပါ သလား ?
အဖြေ။ ။ အာယာသွလ္လာဟ် အလ်ခဝီး၊ အာယာသွလ္လာဟ် သဗ်ရေဇီး ၊ ဟုတ်ကဲ့ ဂိုနာ ထိုက်ပါသည်။ ဤလုပ်ရပ်သည် ဟရာမ် ဖြစ်ပါသည်။
ကျမ်းကိုးများ
استفتائات از محضر آیت الله بهجت ج 4 ص 564 س 6485
مسائل جدید ج1 ص 191 و192
منهاج الصالحین آیت الله سیستانی ص16م33
منهاج الصالحین آیت الله خویی ص9م30
منهاج الصالحین آیت الله تبریزی ص13 م30
منهاج الصالحین آیت الله وحید خراسانی ص15م30
استفتاء خصوصی کتبی از مراجع عظام تقلید
မှတ်ချက် ။ ။ လူရှေ့သူရှေ့ တွင်ဆဲသူများ ။ ဆဲတာ အကျင့်ပါနေသူများ ၊ အဆဲ အားပေးသူများ လူအကွယ်တွင်ဆဲသူများ အထူးသတိပြုသင့်ပါတယ်။
----------------------------------
251/End