အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ပါတီနိုင်ငံရေး ကိစ္စ လောလောဆယ် မစဉ်းစား သေးကြောင်း ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ ဟောင်း သူရဦးရွှေမန်းက သြဂုတ် ၃၀ ရက် တွင် မီဒီယာများ၏မေးမြန်းချက်ကို ဖြေကြားသည်။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရာ ထူးမှ ဖယ်ရှားခံရခြင်း တစ်နှစ် ကျော်ကြာပြီးနောက် ပါတီညီလာခံ၌လည်း ပါဝင်ခွင့်မရသည့် ဥက္ကဋ္ဌဟောင်း၏ နိုင်ငံရေးရည်မှန်းချက်ကို မီဒီယာများက မေးခွန်းထုတ်ခဲ့ကြခြင်းဖြစ်သည်။
‘‘ပါတီထူထောင်ပြီး လုပ် မယ်ဆိုတဲ့ကိစ္စ၊ နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွား၊ ပြည်ထောင်စုအ ကျိုးစီးပွား၊ အမျိုးသားအကျိုးစီး ပွားအတွက် ရောက်တဲ့နေရာ၊ ရရှိ ထားတဲ့ တာဝန်နဲ့ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ပါတီနိုင်ငံရေးကိစ္စကတော့ လော လောဆယ် ကျွန်တော်တို့ ဘာမှ စဉ်းစားထားတာမရှိပါဘူး။ တစ် ခုပဲ။ ဘယ်ပါတီ ဘယ်အစိုးရပဲ တက်တက် ဒီအစိုးရက ပြည်သူနဲ့ နိုင်ငံအတွက် ကောင်းအောင်လုပ် မယ်ဆိုတာသိရင် အဲဒီအတွက် ကူညီဝိုင်းဝန်းဖို့အသင့်ပါ’’ဟု သြ ဂုတ် ၃၀ ရက်က ပြုလုပ်ခဲ့သည့် ပြည်ထောင်စုလွှတ်တော်၊ ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များလေ့ လာဆန်းစစ်သုံးသပ်ရေးကော်မ ရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကော် မရှင်၏ဆောင်ရွက်ချက်များကို ရှင်းလင်းသည့် မီဒီယာတွေ့ဆုံပွဲ ၌ ပြောသည်။
လာမည့်နှစ်ဆန်းတွင် ကြား ဖြတ်ရွေးကောက်ပွဲများကျင်းပရန် ရှိရာ အာဏာရပါတီနှင့်ပူးပေါင်း ရန် ရှိ၊ မရှိဆိုသည့် မေးခွန်းကို လည်း မီဒီယာများက မေးမြန်းခဲ့ ကြသည်။
‘‘ကော်မရှင်အနေနဲ့ ပါတီ ကိစ္စ ကင်းရှင်းပါတယ်။ နိုင်ငံ့အ ကျိုးပြုလုပ်ငန်းအတွက် ပြည်သူ များနဲ့ အတူပဲ။ ဘယ်ပါတီနဲ့ဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်သွားမှာ ပါ’’ဟု ၎င်းက ပြောသည်။
တပ်မတော်အစိုးရလက် ထက်က ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တပ်မတော်၏ နံပါတ်(၃) ခေါင်း ဆောင်ဖြစ်ခဲ့သူ သူရဦးရွှေမန်း သည် ၂၀၁၀ ရွေးကောက်ပွဲအ လွန်တွင် သမ္မတဖြစ်မလာဘဲ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသာ ဖြစ်ခဲ့ သည်။ ပါတီဥက္ကဋ္ဌ သမ္မတဦးသိန်း စိန်ပါတီတာဝန်များ မထမ်း ဆောင်နိုင်၍ သူရဦးရွှေမန်းက ပါတီဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။
သို့သော် ၂၀၁၅ ရွေးကောက် ပွဲမတိုင်မီ ပါတီဥက္ကဋ္ဌရာထူးမှ ဖယ်ရှားခံခဲ့ရပြီး ၂၀၁၆ တွင် ပါတီကပါ ဖယ်ရှားခံခဲ့ရသည်။ ပါတီက ဖယ် ရှားခံခဲ့ရသူများက အရေးပေါ်ညီ လာခံခေါ်ယူ၍ ဆုံးဖြတ်ရန်တောင်းဆိုခဲ့ကြသော်လည်း မအောင်မြင် ခဲ့ပေ။
သြဂုတ်အတွင်း ပြုလုပ်ခဲ့ သော ပြည်ခိုင်ဖြိုးပါတီညီလာခံသို့ လည်း သူရဦးရွှေမန်းတက်ရောက် ခွင့်မရခဲ့ပေ။ မီဒီယာများက သမ္မ တဟောင်း ဦးသိန်းစိန်နှင့်ဆက်ဆံ ရေးကို မေးမြန်းခဲ့သော်လည်း သူရဦးရွှေမန်းက တိတိကျကျအဖြေ မပေးခဲ့ပေ။
မြစ်ဆုံကော်မရှင်ဖွဲ့စည်းမှု နှင့် ရခိုင်အရေးအကြံပေးကော်မ ရှင်ဖွဲ့စည်းခြင်းတို့ကို အကောင်း ဘက်မှ ရှုမြင်ကြောင်း သူရဦးရွှေ မန်းက ပြောကြားခဲ့သည်။
အစိုးရနှင့် လွှတ်တော်၏ ဆောင်ရွက်ချက်များအပေါ် လို အပ်သည့် အကြံပြုချက်များပေး မည်ဟုလည်း သူရဦးရွှေမန်းက ပြောသည်။
===================
251 / End