၂၂ မေ ၂၀၂၅ - ၂၂:၃၉
ဟဂ်ျရာသီတွင် ပထမဆုံးအကြိမ် မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် ၏အလယ်ဗဟိုတွင် အမျိုးသမီးများအတွက် သီးသန့် နမာဇ် ဝတ်ပြုရန် ခန်းမတစ်ခု ပြုလုပ်

သန့်ရှင်းသောဗလီနှစ်ခု (မတ်စ်ဂျစ် ဒိုလ်ဟရာမ် နှင့် မတ်စ်ဂျစ်ဒ် ဒွန်နဗဝီ ) ၏ ရေးရာအရ မတ်စ်ဂျစ်ဒ်ဒိုလ်ဟရာမ် ၏ အလယ်ဗဟိုတွင် အမျိုးသမီးများအတွက် သီးသန့် နမာဇ် ဝတ်ပြုရန် ဧရိယာတစ်ခုကို သတ်မှတ်ခဲ့ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန နှင့် Wass သတင်းအေဂျင်စီ၏အဆိုအရ မတ်စ်ဂျစ် ဒိုလ်ဟရာမ် နှင့် မတ်စ်ဂျစ်ဒ် ဒွန်နဗဝီ ၏ကြီးကြပ်မှုဆော်ဒီအာရေးဗီးယားအာဏာပိုင်များသည် ဟီဂျရီ ၁၄၄၆ ခုနှစ် ဟဂျ် အခါသမယတွင် ပထမဆုံးအကြိမ် မတ်စ်ဂျစ် ဒိုလ်ဟရာမ် ၏ အလယ်ဗဟိုတွင် အမျိုးသမီးများ အတွက် သီးသန့် နမာဇ် ဝတ်ပြု ခန်းမများကိုသတ်မှတ် ပေးထားကြောင်း သိရပါတယ်။

ဤကြီးကြပ်ရေး အဖွဲ့အစည်းသည် ထောက်ပံ့ရေးအဖွဲ့များမှတစ်ဆင့် အရေးပေါ် ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များ အတွက် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုဌာနအပါအဝင် အမျိုးသမီး ဟဂျ်ပြုသူများ အတွက် သီးသန့် နမာဇ် ဝတ်ပြု ခန်းမအသစ်တွင် ယူနီဖောင်းဝန်ဆောင်မှုများကို ပံ့ပိုးပေးထားပြီး ပျောက်ဆုံးသွား သောပစ္စည်းများကို အမြန်ရှာဖွေရန်အတွက် အထူးဧရိယာတစ်ခုလည်းဖြစ်လည်း ဆောင်ရွက် ပေးနေပါတယ်။

 ဤကြီးကြပ် ရေး အဖွဲ့အစည်းသည် အောက်ပါအဆင့်များအတိုင်း လုပ်ဆောင်ပေးနေပါတယ်။ ထို လုပ်ဆောင် ပေးမှုများ မှာ ဤနေရာများတွင် ကုရ်အာန်အလွတ်ကျက်ခြင်းနှင့် ကျမ်းတော်မြတ် ကုရ်အာန် အားသေလာဝသ် ပြုချိန် ပြုပြင်ပေးသည့် စက်ဝိုင်းများကို တည်ထောင်ထားပြီး၊ ကုရ်အာန်ဘာသာပြန်မိတ္တူများကို ပံ့ပိုးပေးထားပြီး ရှရီအီ  ကိစ္စရပ်များနှင့် ဟဂျ် ဓလေ့ထုံးတမ်းများနှင့် ပတ်သက်၍ လမ်းညွှန်မှုများ ပံ့ပိုးပေးထားမှုများ ၊ နမာဇ် ဝတ်ပြု ခန်းမများနှင့် စင်္ကြံများတွင် လှုပ်ရှားသွားလာနိုင်ရန် စီစဉ်ပေးထားပြီး နမာဇ် ဝတ်ပြု ခန်းမများကို အထူး လမ်းများ တပ်ဆင်ပေးထားခြင်း တို့ ဖြစ်ပါတယ်။

ဟဂ်ျအထူးနေ့များတွင် အမျိုးသမီးများပါ၀င်သည့် စေတနာ့ဝန်ထမ်းအဖွဲ့များသည် ဟဂျ်အထူးနေ့များတွင် အမျိုးသမီးဟဂျ်ပြုသူများ အတွက် လိုအပ်သောအကူအညီများပေးရန် အဆင်သင့်ရှိကြောင်းနှင့် အမျိုးသမီးများ သီးသန့် နမာဇ် ဝတ်ပြု ခန်းမများကို ပုံမှန်သန့်ရှင်းရေးပြုလုပ်ပေးရန် နှင့်  မတ်စ်ဂျစ် ဒိုလ်ဟရာမ် ၏ အစိတ် အပိုင်းအသီးသီးတွင် ဟဂျ်ပြုသူ သူများအတွက် လက်သန့်ဆေးရည်များကိုလည်း ရရှိနိုင်ပြီဖြစ် ကြောင်း သိရှိ ရပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha