၁၂ ဇွန် ၂၀၂၅ - ၀၀:၁၅
ဂါဇာရှိ အာဇာနည်များ ၏  အရေအတွက်  မှာ ၅၅၁၀၀ ကျော်သွား

ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနက ဂါဇာကမ်းမြောင်ဒေသမှာ ဇီယွန်ဝါဒီ အစိုးရရဲ့ တိုက်ခိုက်မှု တွေကြောင့် အာဇာနည် အရေအတွက် တိုးလာကြောင်း ကြေညာခဲ့ပါတယ်။ အစီရင်ခံစာအရ ပါလက်စတိုင်း အရပ်သား ၅၅၀၀၀ ကျော်သည် ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုအစပိုင်း ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှစပြီး သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNA ၏ အဆိုအရ ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနသည် လွန်ခဲ့သည့် ၂၄ နာရီအတွင်း ဇီယွန်ဝါဒီအစိုးရ၏ တိုက်ခိုက်မှုကြောင့် နောက်ထပ်လူ ၁၂၃ ဦး သေဆုံးကာ ၄၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက မိမိ ၏ နောက်ဆုံး စာရင်းဇယားတွင် ဖော်ပြထားပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ အဆိုအရ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ကြိုးပမ်းမှုအတွင်း ပါလက်စတိုင်းလူမျိုး ၅၇ ဦး သေဆုံးပြီး ၃၆၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီများ ပေးအပ်ရန် ကြိုးပမ်းစဉ် ယခုအချိန်အထိ ပါလက်စတိုင်း ၂၂၄ ဦး သေဆုံးပြီး ၁၈၅၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

.......................................................

END / 251

Tags

Your Comment

You are replying to: .
captcha