အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစီရင်ခံစာ အရ ဇီယွန်ဝါဒီ နှင့် အမေရိကန် အကူအညီပေးရေးစင်တာများဟု ခေါ်တွင်သော ဂါဇာကမ်းမြောင်ဒေသရှိ ပြည်သူများအတွက် သတ်ကွင်းအဖြစ် ဆက်လက်တည်ရှိနေပါတယ်။ ဇီယွန်နစ်အဖွဲ့မှ ထူထောင်ထားသော အကူအညီပေးရေးဌာနဟုခေါ်သည့် အကူအညီအချို့ကို ရယူရန် ကြိုးပမ်းမှုကြောင့် လွန်ခဲ့သည့် နာရီအနည်းငယ်အတွင်း ပါလက်စတိုင်းသား ဒါဇင်ပေါင်းများစွာ ရှဟီးဒ်ဖြစ် ဒဏ်ရာရရှိခဲ့ပါတယ်။
ဂါဇာကမ်းမြောင် တောင်ဘက်ခြမ်းရှိ ပြည်သူများ မှ ဖသ်ဟ် ဒေသ ရှိ Nitzarim လမ်းကူးမှာ တည်ဆောက်ထားတဲ့ အကူ အညီပေးရေးစင်တာလို့ခေါ်တဲ့ နေရာမှာ စုဝေးခဲ့ကြကြောင်း ဇီယွန်ဝါဒီ အကြမ်းဖက်သမားများက ၎င်းတို့အား သိမ်းကျုံး ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
ဒီလို ထပ်ခါတလဲလဲ အကြမ်းဖက် တိုက်ခိုက်မှုမျိုးဟာ လက်နက်မဲ့ ပါလက်စတိုင်းတွေကို သတ်ဖြတ်ရာမှာ ဇီယွန် ဝါဒီ အကြမ်းဖက်သမားတွေရဲ့ အကျိုးစီးပွားကို ပြသနေပါတယ်။
ဂါဇာကမ်းမြောင်အလယ်ပိုင်းရှိ ဆွဟာဟွတ်ဒ်ဒီးန် အဝေးပြေးလမ်းမကြီးပေါ်တွင် ဇီယွန်ဝါဒီ အကြမ်းဖက် သမားများ က အမြောက်များဖြင့် ပစ်ခတ်ခဲ့ပြီး အနည်းဆုံး ပါလက်စတိုင်း အရပ်သား ၁၀ ဦး ရှဟီးဒ် ဖြစ် ကာ ၁၂၀ ဒဏ်ရာရရှိခဲ့ပါတယ်။
ဂါဇာမြောက်ပိုင်းရှိ ဂျဗာလီယာအလ်ဗလဒ် ဧရိယာတွင် ဇီယွန်ဝါဒီ အကြမ်းဖက်သမားများက လူနေ အဆောက် အအုံ တစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူအများအပြား ရှဟီးဒ် ဖြစ် ကာ ဒဏ်ရာရရှိခဲ့ပါတယ်။
အာဇာနည်တွေထဲမှာ ကလေးနှစ်ယောက်လည်း ပါပါတယ်။ လိုအပ်သော ပစ္စည်းကိရိယာများ မရှိခြင်းကြောင့် အပျက်အစီးများအောက်တွင် နစ်မြုပ်နေသည့် လူများကို မဖယ်ရှားနိုင်သေးကြောင်း သိရပါတယ်။
.......................................................
END / 251
Your Comment