အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန ၏ အစီရင်ခံ စာ အရ အလ်မစီရဟ် တီဗီ နှင့် အင်တာဗျူးတွင် ဂါဇာကမ်းမြှောင်ရှိ ဆေးရုံများ တွင် ဓာတ်အားပြတ်တောက်မှု ၏ အန္တရာယ်ရှိသော အကျိုးဆက်များကို သတိပေးခဲ့ပြီး ဆေးဘက်ဆိုင်ရာ အဆောက် အအုံများ ပိတ်ခြင်းသည် လူနာများ၏ အသက်များကို လက်တွေ့ကျကျ ဆုံးရှုံးစေသည်ဟု ခလီးလ် အရ်ကရာန် အလေးပေး ပြောကြားခဲ့ပါတယ်။
ဇီယွန်နစ်အစိုးရသည် ဆေးရုံများလည်ပတ်ရန် လောင်စာဆီဝင်ရောက်မှုကို ပိတ်ဆို့ထားပြီး အရေးကြီးသော ဆေးဘက်ဆိုင်ရာကိရိယာများ၏ လုပ်ငန်းဆောင်တာများကို နှောင့်ယှက်ကာ လူထောင်ပေါင်းများစွာ (အထူးသဖြင့် အထူးကြပ်မတ်ကုသဆောင် လိုအပ်နေသော လူနာများ)၏ အသက်ကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ခုလည်း ဖြစ်ကြောင်း ထပ်လောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်ပြီး ရှိုဟ်ဒါအ် အလ်အက်ဆွာ ဆေးရုံမှ ပြောရေးဆိုခွင့်ရှိသူ ခလီးလ် အရ်ကရာန် က ဂါဇာရှိ ကလေးများ၏ စိုးရိမ်ဖွယ် အခြေအနေအား ကိုးကား၍ ဝိုင်းရံ ပိတ်ဆို့ ထား မှု ရလဒ်ကြောင့် ကလေး ၆၅၀၀၀၀ ကျော်သည် အာဟာရချို့တဲ့မှုဒဏ်ကို ပြင်းထန်စွာ ခံစားနေကြရပြီး နေ့စဉ် အသက်အန္တရာယ်ရှိသော အခြေအနေများ တွင် နေထိုင်နေကြရသည်ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment