အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr News Agency ၏ အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က် ကျီ က ဆီးရီးယားအပေါ် ဇီယွန်ဝါဒီအစိုးရ၏ ရန်စမှုအပေါ် ဝမ်းနည်း ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ယခုဖြစ်ရပ်သည် ထင်ထားသည့်အတိုင်း အတိအကျဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရန် နိုင်ငံခြားရေး ဝန်ကြီး က ဇီယွန်ဝါဒီ အစိုးရသည် ဒေသတွင်း နိုင်ငံများကို ဆက်လက် ရန်စနေမည် ဖြစ်ကြောင်း ဘယ်မြို့တော်က နောက်ပစ်မှတ်ဖြစ်မလဲဆိုတာ ကြည့်ရန် နှင့် ရက်စက်ကြမ်းကြုတ် သော အထိန်းအကွပ် မရှိ ဇီယွန်ဝါဒီအစိုးရသည် မည်သည့်ကန့်သတ်ချက်များနှင့် သတ်မှတ် ချက်များကို အသိအမှတ်မပြုကြောင်း လက်နက် နှင့်ပြန်ပြောသည့် စကားကိုသာ နားလည်ကြောင်း ပြောကြား ခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ဒေသတွင်းနိုင်ငံများသည် ဤရန်လိုမှုကို အဆုံးသတ်ရန် စည်းလုံး ညီညွတ် ရမည် ဖြစ်ကြောင်း အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က် ကျီ က ပြောကြား ခဲ့ပါတယ်။
အီရန်နိုင်ငံသည် ဆီးရီးယား၏ အချုပ်အခြာအာဏာနှင့် နယ်မြေစိုးမိုးရေးကို ထောက်ခံပြီး ဆီးရီးယားပြည်သူများ ဘက်မှ အမြဲတမ်းရပ်တည်သွားမည်ဖြစ်ကြောင်း အီရန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment