၂၄ စက်တင်ဘာ ၂၀၂၅ - ၁၅:၅၀
ချီလီနိုင်ငံသမ္မတသည် ဘင်ဂျမင်နေတန်ယာဟု ကို တရားစွဲရန် တောင်းဆို

ချီလီနိုင်ငံသမ္မတ ဂါဘရီယယ် ဘိုရစ် သည် ကမ္ဘာ့ကုလသမဂ္ဂညီလာခံတွင် မိန့်ကြားစဉ် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ပါလက်စတိုင်းလူမျိုးတုံးသတ်ဖြတ်မှုတွင် တာဝန်ရှိသူများကို နိုင်ငံတကာတရားရုံး (ICC) သို့ ပို့ဆောင်စေလိုကြောင်း ချီလီသမ္မတက ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

NourNews ၏ အစီရင်ခံစာ အရ ပါလက်စတိုင်းများအပေါ် ဇီယွန်ဝါဒီရာဇ၀တ်မှုများနှင့် ဂါဇာကမ်းမြှောင်တွင် ဝေဟင်နှင့် မြေပြင်ထိုးစစ်များ ဆက်လက်ဖြစ်ပွားနေချိန်တွင် ချီလီသမ္မတ ဂါဘရီယယ် ဘိုရစ်  (ခ) Gabriel Burich က ကုလသမဂ္ဂအထွေထွေညီလာခံ၌ နေတန်ယာဟု နှင့် ပါလက်စတိုင်းလူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ တာဝန်ရှိ သူများကို နိုင်ငံတကာရာဇ၀တ်တရားရုံး (ICC)သို့မဟုတ် အခြားနိုင်ငံတကာတရားရုံးများတွင် စစ်ဆေးစီရင် စေလို ကြောင်း ပြောကြားခဲ့ပါတယ်။

ရုရှားနိုင်ငံ ၏  RIA Novosti သတင်းဌာန ၏အဆိုအရ ကိုလံဘီယာသမ္မတ ဂူစ်တားဗို ပက်ထရို က ဂါဇာမှာ လူသားများကို အစုလိုက်အပြုံလိုက် သတ်တာကို ဆန့်ကျင်တဲ့ စစ်တပ်တွေဟာ ပါလက်စတိုင်း ကို ကယ်တင်ဖို့ အတူတူ လက်တွဲကြဖို့ လိုတယ် လို့ ဖြစ်ပါတယ်။

တနင်္လာနေ့မှာ  အန်ဒိုရာ၊  ဘယ်လ်ဂျီယံ ၊ လူဇင်ဘတ် ၊ မော်လ်တာ ၊ဆန်မာရီနို  နှင့် ပြင်သစ် တို့က UN (ခ) ကုလအထွေထွေညီလာခံ အတွင်းကျင်းပတဲ့ မျက်နှာဖုံးအစည်းအဝေးတစ်ခုမှာ ပယ်လက်စတိုင်နိုင်ငံကို တရားဝင်အဖြစ်အသိအမှတ်ပြုကြပါတယ်။ အဲဒီ့အပြင်  သြစတြေးလျ ၊ ဗြိတိသျှ  ၊ကနေဒါ ၊ ပေါ်တူဂီ တို့လည်း စက်တင်ဘာ ၂၁ ရက်နေ့မှာ ပယါလက်စတိုင်း ကို အသိအမှတ်ပြုဖို့ တူညီတဲ့အရေးယူချက်တွေကို ပြုလုပ်ခဲ့ ကြပါတယ်။

သိမ်းပိုက်ခံထားရသော ပါလက်စတိုင်းနယ်မြေများဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော နိုင်ငံတကာ စုံစမ်းရေးကော်မရှင် အကြီးအကဲ နာဝီ ပီလာ (ခ)  Navi Pillay က နေတန်ယာဟုနှင့် အခြား အကြီးတန်း အစ္စရေး အရာရှိများသည် ဂါဇာကမ်းမြောင်ဒေသတွင် လူမျိုးတုံးသတ်ဖြတ်ရန် လှုံ့ဆော်ခဲ့သည်ဟု စက်တင်ဘာ ၁၆ ရက်က ပြောကြားခဲ့ပါတယ်။

စစ်ရေးဝင်ရောက်ခြင်းဆိုင်ရာ မူဝါဒများကြောင့် အစ္စရေးအုပ်ချုပ်ရေးသည် ဂါဇာ၌ နိုင်ငံတကာနှင့် ပြည်တွင်းမှ တင်းကြပ်သော နိုင်ငံရေးနှင့် စီးပွားရေးဖိအားများကို ကြုံတွေ့နေရသည်။ ဤအခြေအနေအပေါ်တုံ့ပြန်၍ ဥရောပနိုင်ငံအချို့က အစ္စရေးအုပ်ချုပ်ရေးသို့ စစ်ရေးပစ္စည်းအချို့ ရောင်းချခြင်းကို တားမြစ်လိုက်ကြပါတယ်။

တဲလ်အဗစ် အစိုးရအဖွဲ့သည် ဂါဇာကမ်းမြောင်ဒေသအပေါ် အမြဲတမ်းထိန်းချုပ်ထားရန်နှင့် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းရှိ ဂျူးအများစုကို အာမခံချက်ပေးရန် ပြတ်ပြတ်သားသား ရည်ရွယ်ချက်ရှိကြောင်း ကုလသမဂ္ဂကော်မရှင်က အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာတွင် အစ္စရေးအာဏာပိုင်များက ဂါဇာကမ်းမြှောင်စင်္ကြံများ နှင့် ကြားခံဇုန်ရှိ အရပ်ဘက် အခြေခံအဆောက်အအုံများကို ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျ ဖျက်ဆီးမှုအသေးစိတ်ဖော်ပြထားပြီး ယခုနှစ် ဇူလိုင်လတွင် အစ္စရေးထိန်းချုပ်မှု ဂါဇာကမ်းမြှောင် ၇၅ ရာခိုင်နှုန်းအထိ ချဲ့ထွင်လာခဲ့ကြောင်း ပါရှိပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha