၂၈ စက်တင်ဘာ ၂၀၂၅ - ၁၈:၁၅
နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ ဗလီကို ဖြိုချဖို့ အိန္ဒိယ တရားရုံးက အငြင်းပွားဖွယ် စီရင်ချက်ချလိုက်

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျရာသ် ပြည်နယ်ရှိ ဂူဂျရာသ် တရားရုံးသည် နှစ်ပေါင်း ၄၀၀ သက်တမ်းရှိ ဗလီကြီး တစ်ခုအား ဖြိုဖျက်ရန် အမိန့်ပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျရာသ် ပြည်နယ်ရှိ ဂူဂျာရတ် အထက်တရားရုံးသည် ပြည်နယ်အတွင်း သက်တမ်း နှစ် ၄၀၀ သက်တမ်းရှိ မန်စာ ဗလီကို ဖြိုဖျက်ရန် အတည်ပြုခဲ့ပြီး မြို့ပြဖွံ့ဖြိုးမှုကို မြှင့်တင်ပေးရန်လို့ ဆိုပါတယ်။

ဒီဆုံးဖြတ်ချက်က ဂူဂျရာသ် ပြည်နယ် အဲဟ်မဒ်အာဗါဒ် မြို့ အစိုးရကို လမ်းတစ်လမ်းကို ကျယ်အောင် တိုးချဲ့ဖို့ ခွင့်ပြုပေးတာဖြစ်ပြီး အဲဒီလုပ်ရပ်က ဂျာနယ်ဘူတာအနားမှာ ကားအနှောက်အယှက် နည်းစေဖို့ ရည်ရွယ် ထားဖြစ်ကြောင်း  တရားသူကြီး က မန်စာ ဗလီ ဂေါပကအဖွဲ့ တောင်းဆိုခဲ့သည့် “လေးပတ်နောက်ဆုတ်ခွင့်” ကို ပယ်ချပြီး ဒီအမိန့်ကို ချ ခဲ့ခြင်း ဖြစ်ပါတယ်။

သမိုင်းနောက်ခံရှိသည့် ဗလီဝတ်ကျောင်းတော်သည် ယဉ်ကျေးမှုနှင့် ဘာသာရေးအရ အရေးပါပြီး ၎င်းဗလီကို ဖြိုဖျက် ခြင်း သည် ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ အာမခံချက်များကို ချိုးဖောက် ကြောင်း ဗလီ၏ ဂေါပက အဖွဲ့ က အလေးပေးပြောကြားခဲ့ပါတယ်။

စည်ပင်မှ တရားဝင် တိုင်ကြားမှုများကို လျစ်လျူရှုခဲ့ကြောင်း စီရင်ချက်အပေါ် ဝမ်းနည်းကြောင်း မန်စာ ဗလီ ဂေါပက အဖွဲ့ မှ ပြောကြားခဲ့ကြပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha