၉ အောက်တိုဘာ ၂၀၂၅ - ၀၀:၀၆
ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးလေကြောင်း နှင့် အမြောက်များဖြင့် တိုက်ခိုက်မှု များ ဆက်လက် ဖြစ်ပွားနေ

အကြမ်းဖက် ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်းနှင့် အမြောက်များဖြင့် တိုက်ခိုက်မှုများတွင် ဂါဇာနိုင်ငံသား အများအပြား သေဆုံးပြီး ဒဏ်ရာရခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အဆိုအရ အစ္စရေးစစ်တပ်သည် ဂါဇာမြို့အနောက်မြောက်ပိုင်းနှင့် ခန်းယူနွစ် အပါအဝင် ဂါဇာကမ်းမြောင်ဒေသ အသီးသီးတွင် လေကြောင်း နှင့် အမြောက်များဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှု များ ကို လုပ်ဆောင်နေ သည်ဟု သိရပါတယ်။

အယ်လ်ဂျာဇီးရား သတင်းထောက်များ၏ အဆိုအရ အနောက်မြောက်ဘက်တွင် ပြင်းထန်စွာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူများကို ဗုံးများဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ဂါဇာကမ်းမြောင်တောင်ပိုင်းတွင် တည်ရှိသော ခန်းယူနွစ် သည် လေကြောင်းတိုက်ခိုက်မှုများနှင့် ဗုံးသယ်ဆောင် ထားသော ဒရုန်းများ၏ပစ်မှတ်ဖြစ်ကြောင်း ပါလက်စတိုင်းသတင်းရင်းမြစ်များက ပြောကြားခဲ့ပါတယ်။

ဂါဇာမြို့တော် အရှေ့ဘက် အလ်သိုဖါဟ် ရပ်ကွက်နှင့် နိုဆီရာသ် စခန်း၏ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများ တွင်လည်း အမြောက်များဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

သတင်းများအရ အစ္စရေး စစ်လေယာဉ်များနှင့် သင်္ဘောများသည် နိုဆီရာသ် ကမ်းရိုးတန်းဒေသကို ပစ်မှတ် ထားပြီး တိုက်ခိုက် နေကြောင်း မြောက်ဂါ ဇာနှင့် အန်နဖ်က် လမ်းများတွင် ဗုံးတပ်ဆင်ထားသော ရိုဘော့များဖြင့် ပေါက်ကွဲမှုများ များစွာ ဖြစ်ပွားခဲ့ကြ ကြောင်း  ထို့အပြင် ခန်းယူနပ်နှင့် မြို့အလယ်ပိုင်းနှင့် မြောက်ပိုင်း ဒေသများတွင်လည်း ညနေအချိန်အတွင်း လေကြောင်းနှင့် အမြောက် များ ဖြင့် တိုက် ခိုက်မှုများ ဆက်လက် ပြုလုပ်နေကြောင်း သိရပါတယ်။

ခန်းယူနွစ် နှင့် မြို့၏ အလယ်ပိုင်းနှင့် မြောက်ပိုင်းဒေသများတွင် ညအချိန်တွင် လေကြောင်းနှင့် အမြောက် စစ်ဆင်ရေး များ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

အဇ်ဇိုက်သွန် ရပ်ကွက်ရှိ အလ်ဖလာဟ် ကျောင်း ရှိ ကယ်ဆယ်ရေးအဖွဲ့များကို ပစ်မှတ်ထားပြီး အစ္စရေး သင်္ဘောများသည် နိုဆီရာသ် ကမ်းရိုးတန်းကို ပစ်ခတ်လျက်ရှိပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha