အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဟောင်ဇဟ်သတင်းဌာန ၏ အစီရင်ခံစာ အရ မောင်လာနာ ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ ဆပ် သည် လူမျိုး နှင့် လူမျိုး ၏ အကျိုး အမြတ် အတွက် ဝကာဖ် ပြုထားသည့် အရာ များကို ကာကွယ်ရန် ရုန်းကန် နေရသော ကြောင့် ၎င်းအား တိုက်ခိုက်ခြင်းသည် အမှန်တရား နှင့် တရားမျှတမှုဆိုင်ရာ အသံကို ချိုးနှိမ်ရန် ကြိုးပမ်းမှုဖြစ်သည်ဟု အိုလမာ က ပြောကြားခဲ့ပါတယ်။
အိန္ဒိယ အိုလမာ အနေဖြင့် မောင်လာနာ ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ ဆပ် အပေါ် တိုက်ခိုက်မှုကို အစိုးရ အနေနဲ့ ချက်ချင်းစုံစမ်းစစ်ဆေးပြီး ပါဝင်တဲ့သူများကို အပြစ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ရှုံ့ချကြောင်း ကြေညာချက်၏ စာသားမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
ဗစ်မေဟီသအာလာ
မကြာသေးမီက ၂၀၂၅ ခုနှစ် အောက်တိုဘာလ၁၃ ရက်နေ့တွင် ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ ဒါမသ် ဗရကာသိုဟ် အား လက်ခနောင်း မြို့ ထာကုရ် ဂန်ချ် ရှိ ကရ်ဗလာ အဘာစ် ဗါဂ် တွင် သေစေနိုင်သည့် တိုက်ခိုက် မှု ကို ပြုခဲ့ပါသည်။
ဆင်ခြင်တုံ တရား နှင့် အသိဥာဏ်ရှိသော ပုဂ္ဂိုလ် တိုင်းသည် ဤလုပ်ရပ်အား မည်သို့မျှ နှစ်သက်နိုင်မည် မဟုတ် ချေ။ ဤအတွက်ကြောင့် လူမျိုး ၏ ယောက်တိုင်း သည် ဤရက်စက်ယုတ်မာသော လုပ်ရပ်အတွက် ဝမ်းနည်း ရှက်ရွံ့ကြပါသည်။
အလွန်ဝမ်းနည်းစရာအချက်မှာ အကယ်၍ လူမျိုးအတွက် ကိုယ်ချင်စာ တရားထားသူ မည်သူမဆို အနေဖြင့် အသံ ထုတ်လာလျင် ကိုယ်ကျိုးစီးပွား နှင့် တစ်ကိုယ်ကောင်းဆန်မှု နွံ တွင် နစ်နေသည့် မကောင်းမှု၊ပြဿနာ နှစ်သက်သူများသည် ၎င်းကို ထိခိုက်နိုင်ရန် အတွက် ရာဇဝတ် မှု မြောက်သည့် အကြံအစည်များ ကို ထုတ်ကြခြင်း ဖြစ်ပါသည်။
ဟွတ်ဂျ်ဂျသိုလ်အစ္စလာမ် ဝလ်မွတ်စ်လေမီးန် ဆယက်ဒ် ကလ်ဗေ ဂျဝါဒ် နကဝီ ဒါမသ် ဗရကာသိုဟ် သည် မိမိ ၏ ဂုဏ်သိက္ခာ ကို မငဲ့ဘဲ နှင့် မတရား သိမ်းပိုက်ထားသည့် ဝကာဖ် ပြုထားသည့် နယ်မြေများကို ဆန့်ကျင်သည့် လူမျိုးအကျိုး အမြတ် အတွက် မိမိ ၏တရားဝင်တောင်းဆိုမှုများကို သက်ဆိုင်ရာ ထံ စဉ်ဆက်မပြတ် တောင်းဆို မှု ပြုနေသည်ကို လူတိုင်းသိပါသည်။
မောင်လာနာ အား ဤ လုပ်ရပ်ကောင်း အတွက် ဆု အဖြစ် ကိုယ်ကျိုးရှာ လူအချို့ မှ သိက္ခာ ချ ၊ နာမည်ဖျက်ခြင်း များကို ပြုလုပ်ခဲ့ပြီး မကြာသေးခင် ရက်ပိုင်းအတွင်း သေစေလောက်တဲ့ တိုက်ခိုက်မှုတစ်ခု ကို ပြုလုပ်ခဲ့ ကြပါတယ်။ အင်န်နာ လစ်လ္လာဟ်ဟေ ဝအင်န်နာ အေလိုင်းဟေရာဂျေအူးန်
ဤအတွက် ကြိမ်ဖန်များစွာ ပြစ်တင်ရှုတ်ချပါသည်။
တစ်ချိန်တည်းမှာပင် ဘာသာဝင်များ အားလုံးအား ဤရာဇ၀တ်မှုဆိုင်ရာ တိုက်ခိုက်မှုကို ရှုတ်ချရာတွင် မိမိတို့၏ အခန်းကဏ္ဍမှ (မိမိတို့ တတ်နိုင်သည့်ဘက်မှ ) ပါဝင်ဆောင်ရွက်ရန် မေတ္တာရပ်ခံအပ်ပါသည်။ပြီးနောက် စည်းလုံး ညီညွတ်မှု နှင့် အတူ ဘာသာဝင်များ၏ ပိုင်ဆိုင်မှုများ နှင့် ဝကာဖ် ပြုထားသည့် အရာများ နှင့် ပတ်သက်၍ ဘာသာဝင် တို့မှာ တာဝန် ဝတ္တရားများ ရှိကြောင်း နားလည် သဘောပေါက်ထားပြီး မိမိကိုယ်ကျိုးထက် လူမျိုး နှင့် ဘာသာဝင်များ ကို ဝန်ဆောင်မှုပေးသည့်သူများကို ကုညီဖေးမရန် မေတ္တာ ရပ်ခံအပ်ပါသည်။
အသိဉာဏ် ရှိသူများ ၊ လူမျိုးနှင့် ဘာသာ အတွက် စာနာ စိတ် ရှိသူများ ၊ အိုလမာ ၊ တရားဟောဆရာများနှင့် ဓမ္မကတိကများ တို့သည် ဤတိုက်ခိုက်မှုအား ပြင်းပြင်းထန်ထန် ရှုတ်ချပြီး ဤတိုက်ခိုက်မှုကို ချက်ချင်း စုံစမ်း စစ်ဆေးရန်နှင့် ရာဇ၀တ် သား ကောင်များကို အပြစ်ပေးရန် အစိုးရအား ပြင်းပြင်းထန်ထန် မေတ္တာရပ်ခံ တောင်းဆိုထားပါသည်။
ဝ(စ်)စလာမ် မအလ်အက်ရာမ်
မောင်လာနာ ဆယက်ဒ် သနဝီးရ် အဘာစ် ရဇဝီ
မောင်လာနာ ဆယက်ဒ် မိုရှာဟစ်ဒ် အာလန်မ် ရဇဝီ ဟလောရီ
မောင်လာနာ ဆယက်ဒ် စအီးဒ်ဒိုလ်ဟစန် နကဝီ
မောင်လာနာ မကာသစ်ဗ် အလီ ခန်းန်
မောင်လာနာ ဆယက်ဒ် နကီ အက္စ်ကရီ
မောင်လာနာ အခ်သရ် အဘာစ်ဂျောင်န်
မောင်လာနာ ဆယက်ဒ် ဆယက်ဒ် အရ်ရှဒ် ဟိုစိုင်းန် အရ်ရှီ
မောင်လာနာ ဆယက်ဒ် မွတ်စ်သဖွာရေဇာ
မောင်လာနာ ဆယက်ဒ် ဂိုလ်ဇါရ် ဟိုစိုင်းန် ဂျအ်ဖရီ
မောင်လာနာ ကလ်ဗေအာဗစ်ဒ်ခန်းန်
မောင်လာနာ ဆယက်ဒ် နဇရ် အဘာစ်
မောင်လာနာ ဆယက်ဒ် မိုဟမ္မဒ် ဟစနှိုင်း ဘာကဲရ်ရီ
မောင်လာနာ ဆယက်ဒ် အဖ်ဇာလ် ဟိုင်ဒဲရ် လဂျအ်ဖရီ
မောင်လာနာ ဆွာဗေရ် အလီ အင်န်မရာနီ
မောင်လာနာ ဆယက်ဒ် မိုဟမ္မဒ် ဟစန် နကဝီ
မောင်လာနာ ဆယက်ဒ် ဟိုင်ဒဲရ် အဘာစ် ရဇဝီ
မောင်လာနာ ဆယက်ဒ် မိုဟမ္မဒ် စကလိုင်း ဘာကဲရ်ရီ
မောင်လာနာ ဆယက်ဒ် ဖိုင်ဇ် အဘာစ် မရှ်ဟဒီ
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment