၂၅ အောက်တိုဘာ ၂၀၂၅ - ၂၂:၂၃
ငါးလအတွင်း အွမ်ရဟ်ဗီဇာလျှောက်လွှာ ၄ သန်း ကျော် ရှိ

ဆော်ဒီဟဂ်ျ နှင့် အွမ်ရဟ်ဝန်ကြီးဌာနက ငါးလအတွင်း အွမ်ရာဟ် မိုဖရေဒဟ် အတွက် ဗီဇာလျှောက်လွှာ လေးသန်း ကျော် ရရှိခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Iqna သတင်းဌာန ၏ အစီရင်ခံစာ အရ ဆော်ဒီအာရေဗျနိုင်ငံသည် လက်ရှိ အွမ်ရဟ်ရာသီအတွင်း နိုင်ငံခြား အွမ်ရဟ် ပြုသူများ မကြုံစဖူး ဝင်ရောက်လာမှုကို တွေ့မြင်နေရကြောင်း ဖြစ်ပါတယ်။

ဟဂ်ျ နှင့် အွမ်ရဟ် ဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း COVID-19 ကန့်သတ်ချက်များနှင့် အခြေခံ အဆောက် အအုံများ ချို့တဲ့မှုကြောင့် အွမ်ရာဘုရားဖူးအရေအတွက် တိုးမြှင့်ရန် မဖြစ်နိုင်ခဲ့သော်လည်း ပြီးခဲ့သည့် နှစ်နှစ်အတွင်း ဆော်ဒီအစိုးရသည် နိုင်ငံခြားဘုရားဖူးများအတွက် ကြားခံများမပါဘဲ ဗီဇာများကို တိုက်ရိုက် လျှောက်ထားနိုင်ရန် အထောက်အကူပြုရန်အတွက် “Nusuk” ဟုခေါ်သော အွန်လိုင်းစနစ်တစ်ခုကို မိတ်ဆက် ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးဌာန၏ အဆိုအရ အွမ်ရာဟ်လျှောက်ထားသူ အများဆုံးနိုင်ငံများတွင် ပါကစ္စတန်၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ အီရတ် နှင့် အီဂျစ်တို့ ပါဝင် ကြောင်း သိရပါတယ်။

“စမတ်ကျပြီး လွယ်ကူသော ဇေယာရသ် စနစ်” သည် နိုင်ငံတော်အား Vision ၂၀၃၀ ရည်မှန်းချက်များ အောင်မြင် ရန် အထူးသဖြင့် ခရီးသွားလုပ်ငန်းမှ ဝင်ငွေတိုးမြှင့်ရန် နောက်ထပ်ခြေလှမ်းတစ်လှမ်း နီးကပ်စေခဲ့သည်ဟု ဆော်ဒီ အရာရှိများက ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha