၁၁ နိုဝင်ဘာ ၂၀၂၅ - ၁၁:၄၈
အစ္စရေး၏ Channel 12 မှ  ဆီးရီးယား-အစ္စရေး သဘောတူညီချက် အပြုသဘောဆောင်သော လမ်းကြောင်း ပေါ်တွင်ရှိကြောင်း ပြောကြား

လက်ရှိလှုပ်ရှားမှုများသည် ဆီးရီးယားနှင့် အစ္စရေးအကြား လုံခြုံရေးသဘောတူညီချက်တစ်ရပ် လက်မှတ် ရေးထိုး ရန် အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုကို ညွှန်ပြနေကြောင်း ဒမတ်စကတ်နှင့် နီးစပ်သော သတင်းရင်း မြစ်များက သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း အစ္စရေး၏ Channel 12 က ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေး၏ Channel 12 မှ သတင်းပေးပို့ချက်အရ ဒမတ်စကတ်နှင့်နီးစပ်သော သတင်းရင်း မြစ်များက လက်ရှိဖြစ်ပေါ်တိုးတက်မှုများသည် ဆီးရီးယားအနေဖြင့် အစ္စရေးနှင့် လုံခြုံရေး သဘော တူ ညီချက်တစ်ရပ် လက်မှတ်ရေးထိုးရန် အပြုသဘောဆောင်သော လမ်းကြောင်းတစ်ခုကို ညွှန်ပြ နေကြောင်း သတင်းကွန်ရက်သို့ ပြောကြားခဲ့ပါတယ်။

နိုဝင်ဘာ ၉ ရက် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သတင်းရင်းမြစ်က သတင်းဌာနသို့ ပြောကြားရာတွင် “ဆီးရီးယားသည် အစ္စရေးကို ခြိမ်းခြောက်လိုစိတ် မရှိပါ။ အစိုးရသစ်သည် စစ်ပွဲတွင် စိတ်မဝင်စားကြောင်း နားလည်သော်လည်း ပထမခြေလှမ်းအနေဖြင့် အမေရိကန်ကြားဝင်စေ့စပ်မှုနှင့် လုံခြုံ ရေးသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုသည်” ဟု ပြောကြားခဲ့ပါတယ်။

သတင်းရင်းမြစ်က Channel 12 သို့ အပြုသဘောဆောင်သော အဖြစ်အပျက်များဟု သူခေါ်ဆိုသည့်အရာကို ရည်ညွှန်း၍ ဆက်လက်ပြောကြားခဲ့ပြီး “ပထမဦးစွာ အစ္စရေးနှင့် လုံခြုံရေးသဘောတူညီချက်တစ်ခု၊ ထို့နောက် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု ဖြစ်နိုင်သည်။ ဤသည်မှာ ကျွန်ုပ်တို့မြင်တွေ့လိုသော အနာဂတ်ဖြစ်သည်” ဟု ပြောကြားခဲ့ပါတယ်။

ဆီးရီးယားသမ္မတ အဲဟ်မဒ် အရှ်ရှရအ် (ခ) အဘူမိုဟမ္မဒ်အလ်ဂျောင်လာနီ သည် အမေရိကန်ပြည်ထောင်စုသို့ ၎င်း၏ခရီးစဉ်အတွင်း ဝါရှင်တန်တွင် နေထိုင်သော ဆီးရီးယားပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံခဲ့ပြီး အစ္စရေးနှင့် လုံခြုံရေးသဘောတူညီချက်အသစ်တစ်ခုအတွက် လုပ်ဆောင်နေကြောင်း ကြေညာခဲ့ပါတယ်။

ထို့အပြင် ဒေါ်နယ်ထရမ့်အစိုးရသည် ဒမတ်စကတ်နှင့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့များအကြား ကြားဝင် စေ့စပ်ပေး သူအဖြစ် ဆောင်ရွက်နေကြောင်းလည်း ကြေညာခဲ့ပါတယ်။

ဆီးရီးယား၏ ကုလသမဂ္ဂသံတမန်ကလည်း အမေရိကန်သည် ဆီးရီးယား၏ တည်ငြိမ်မှုသည် ဒေသတွင်းလုံခြုံရေး အတွက် မရှိမဖြစ်လိုအပ်ကြောင်းနှင့် လုံခြုံရေးသဘောတူညီချက်အတွက် အစ္စရေးနှင့် ဆွေးနွေးမှု များ ဆက်လက်လုပ်ဆောင်နေကြောင်း Al Arabiya သို့ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha