၁၇ နိုဝင်ဘာ ၂၀၂၅ - ၁၂:၂၁
ကေယာမသ်နေ့ တွင် သခင်မကြီး ဟဇရသ် ဆစ်ဒ်ဒီကဟ် ကိုဗ်ရာ ဖွာတွေမဟ် (စ.အ) ၏ ရှဖာအသ်သေ အွဇ်မာ

ကေယာမသ်နေ့ တွင် သခင်မကြီး ဟဇရသ် ဆစ်ဒ်ဒီကဟ် ကိုဗ်ရာ ဖွာတွေမဟ် (စ.အ) ၏ ရှဖာအသ်သေ အွဇ်မာအကြောင်း တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကေယာမသ်နေ့ တွင် သခင်မကြီး ဟဇရသ် ဆစ်ဒ်ဒီကဟ် ကိုဗ်ရာ ဖွာတွေမဟ် (စ.အ) ၏ ရှဖာအသ်သေ အွဇ်မာ အကြောင်း  သခင်မကြီး (စ.အ) ကို အချစ်ထားသူ တိုင်း အတွက် အေမာမ်  မိုဟမ္မဒ် ဘာကဲရ် (အ.စ ) မိန့်ကြား ထား သည့် ဟဒီးစ်တော် ကို တင်ပြလိုက်ပါတယ်။

အေမာမ်  မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်ကြားတော်မူတယ်။

«  ဟဇရသ် ဖွာတွေမဟ် (စ.အ) ( မဲဟ်ရှရ်နေ့ (ခ) ကမ္ဘာ့တရားစီရင်မည့်နေ့) တွင် လျှောက်ထားတော်မူမည်။ အို မွေးမြူဖန်ဆင်းတော်မူသည့် အရှင် ၊ ယနေ့ ကျတော်မျိုးမ ၏ အဆင့်အတန်း ကို အားလုံး၏ အရှေ့ တွင် ရှင်းလင်း ထင်ရှား စေလိုပါတယ်။  အလ္လာဟ်ဟို အရှင်မြတ် အဖြေပေး မိန့်ကြားပေမည်။ အို ငါ့၏ ချစ်လှစွာသော (တမန် တော် မြတ်(ဆွ) )၏  သမီးတော်! ပြန်ပြီး ကြည့်လော့၊ သင့်ကို သို့မဟုတ် သင့်သားသမီးများကို ချစ်မြတ်နိုးသူ မည်သူမဆို ဂျန္နသ် သုခဘုံသို့ ဝင်ခွင့်ပြုလော့။    »

အေမာမ်  မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်ကြားတော်မူတယ်။

«   အိုဂျာဗေရ် ! အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ် ၊ ထိုနေ့ တွင် ဟဇရသ် ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သခင်မသည် မိမိ၏ ရှီအဟ်များ နှင့် အချစ်ထားသူများကို ဌက်သည် (ဆန်သို့မဟုတ်ပဲ ) စေ့ အကောင်းများ ကို မကောင်းသည့် အစေ့များ မှ ရွေးချယ်သကဲ့သို့ ရွေးချယ်တော်မူပေးမည်။  ပြီးနောက် သခင်မကြီး ဖွာတွေမဟ် ဇဲဟ်ရာ (စ.အ) သည်  မိမိ၏ ရှီအဟ်များ နှင့် အတူတကွ ဂျန္နသ် သုခဘုံ ၏ တံခါးဝများ အထိ  ကြွမြန်းလာတော်မူမည်။ အလ္လာဟ်ဟို အရှင်မြတ်သည် ၎င်းတို့အားလုံး (သခင်မကြီး(စ.အ) နှင့် ရှီအဟ်များ ) ၏ နှလုံးသားတွင် နောက်လှည့်ကြည့်ရန် စိတ်ကို ထည့်သွင်းပေးသနားတော်မူမည်။ ၎င်းတို့ ပြန်လှည့်၍ ကြည့်ချိန် အလ္လာဟ် ဟို အရှင်မြတ်သည် မိန့်တော် မူမည်။ အိုငါ့၏အချစ်တော်များ ! ဘာကြောင့် လှည့်၍ကြည့်ရပါသနည်း ? အသင်တို့ အတွက် ငါ့အချစ်တော် (တမန်တော်မြတ် (ဆွ))  ၏ သမီးတော် ဖွာတွေမဟ် (စ.အ) ၏ ရှဖာအသ် ကို လက်ခံ တော်မူ ထားဖြစ်ပါတယ်။  ၎င်းတို့ လျှောက်ထားကြလေမည်။   အို မွေးမြူဖန်ဆင်းတော်မူသည့် အရှင် ၊ ယနေ့ ကျတော်မျိုးတို့  ၏ အဆင့် အတန်း ကို အားလုံး၏ အရှေ့ တွင် ရှင်းလင်း ထင်ရှား စေလိုပါတယ်။  အလ္လာဟ် ဟို အရှင်မြတ် မိန့်တော် မူမည်။ အိုငါ့၏အချစ်တော်များ !    သွားကြည့်ကြလော့ ။ ဖွာတွေမဟ် (စ.အ)  ၏ အချစ် ကြောင့် သင်တို့ကို ချစ်သောသူ၊ ဖွာတွေမဟ် (စ.အ) ၏ အချစ် ကြောင့် သင်တို့ကို ကျွေးမွေးသောသူ၊ သင့်တို့ အား အဝတ်အစားပေးသောသူ၊ ဖွာတွေမဟ် (စ.အ) ၏ အချစ် ကြောင့် သင်တို့အား ရေတစ်ငုံတိုက် သူ၊ သင့်တို့ အတင်း အဖျင်း အား ကာကွယ်ပေးသောသူ ၎င်းတို့ အားလုံး ၏ လက်ကို ကိုင်ပြီး ဂျန္နသ် သုခဘုံသို့ ခေါ်ဆောင်သွားပါ လေ။   »

အေမာမ်  မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်ကြားတော်မူတယ်။

«  အလ္လာဟ်ဟို အရှင်မြတ်၏ ကစမ် ! ထိုအချိန် သံသယ ရှိသူ၊ ကာဖေရ် နှင့် မိုနာဖေက် မှအပ မည်သူမျှ ကျန်ကြမည် မဟုတ်ချေ။ ဖွာတွေမဟ် (စ.အ) ၏ ရှဖာအသ် (ခ) ကြားဝင်အသနားခံပေး ခြင်းဖြင့် အီမာန် သက်ဝင် ယုံကြည်သူများသည် ဂျန္နသ် သုခဘုံသို့ ဝင်ရောက်နေသည်ကို မြင်တွေ့ရသောအခါ ၎င်းတို့ ( သံသယရှိသူ၊ ကာ ဖေရ် ၊ မိုနာဖေက် များ ) က အော်ဟစ်တမ်းတ ကြလိမ့်မည်။   အိုဝမ်းနည်းစရာ ၊ ငါတို့ အတွက် ရှဖာအသ် ပြုပေး မည့်သူ မည်သူမှ မရှိပါလား။ စာနာတတ်ပေးမည့် မိတ်ဆွေ တစ်ဦးတစ်ယောက်မျှလည်းမရှိပါလား။ ငါတို့အား အီမာန် သက်ဝင် ယုံကြည်သူများ တွင်ပါဝင်နိုင် ရန် နောက် တစ်ကြိမ် ပြန်လှည့်ခွင့် ပေးလျင် ကောင်းလေစွ !   »

အေမာမ်  မိုဟမ္မဒ် ဘာကဲရ် (အ.စ) မိန့်ကြားတော်မူတယ်။

« ဝမ်းနည်းဖွယ်  ! ဝမ်းနည်းဖွယ် ! ၎င်းတို့ ( သံသယရှိသူ၊ ကာ ဖေရ် ၊ မိုနာဖေက် များ ) ၏ လျှောက်ထား တောင်းဆိုမှုသည် လက်ခံတော်မူခြင်း ခံရမည် မဟုတ်။ ပြီးနောက်  ၎င်းတို့ ( သံသယရှိသူ၊ ကာ ဖေရ် ၊ မိုနာဖေက် များ )   အား လောကီ သို့ပြန်၍ ပို့ပြီးဆိုလျင်လည်း  ၎င်းတို့ကို တားမြစ်ထားသည့် အလုပ်ကို ပြန်၍ လုပ်ကြ မည့်သူ များ ဖြစ်ပေတယ်။ (အကြောင်းသည်ကား )  ဧကန်မုချ ၎င်းတို့ ( သံသယရှိသူ၊ ကာ ဖေရ် ၊ မိုနာဖေက် များ ) သည် လိမ်ညာ ပြောဆိုသူများ ဖြစ်ကြသည့် အတွက်ဖြစ်ပါတယ်။    »

ကျမ်းကိုး -  ဘေဟာရိုလ်အန်နဝါရ် ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၆၄

အရာန်မေ ဖွာတွေမဟ်(စ.အ) ကို ပြုလုပ်နေကြသူတိုင်း သခင်မကြီး ဖွာတွေမဟ် (စ.အ) ၏ စစ်မှန်သည့် ရှီအဟ်များ ၊ မိုဟစ်ဗ်များ ဖြစ်ကြပြီး သခင်မကြီး (စ.အ) ရှဖာအသ် ရရှိကြပါစေ။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha