အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က ဆိုင်ဒါ မြို့နှင့် လက်ဘနွန်နိုင်ငံရှိ အိုင်နိုလ်ဟလ်ဝဟ် ဒုက္ခသည် စခန်း အပေါ် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို ပြင်းထန်စွာ ရှုတ်ချခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက ဇိုင်ယွန်ဝါဒီအစိုးရသည် ဆိုင်ဒါ ရှိ ဗလီဝင်းတစ်ခုနှင့် အားကစားခန်းမတစ်ခုနှင့် အိုင်နိုလ် ဟလ်ဝဟ် ပါလက်စတိုင်းဒုက္ခသည်စခန်းကို ပစ်မှတ်ထားခဲ့ပြီး ပါလက်စတိုင်းဒုက္ခသည်များစွာ အသက် ဆုံးရှုံး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
သူက ဒီတိုက်ခိုက်မှုတွေဟာ ကုလသမဂ္ဂပဋိဉာဉ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေကို ရှင်းရှင်း လင်းလင်း ချိုးဖောက် တာ ဖြစ်တယ်လို့ ခေါ်ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး အီစ္စမာအီ ဗကာအီ က ၂၀၂၅ ခုနှစ် နိုဝင်ဘာလ အပစ်အခတ်ရပ်စဲရေးကို ဇိုင်ယွန်ဝါဒီအစိုးရ အကြိမ်ကြိမ် ချိုးဖောက်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် အစ္စရေး၏ ဆက်လက်ကျူးကျော်မှုနှင့် ဒေသ တွင်း နိုင်ငံများအပေါ် ရာဇဝတ်မှုများကို ရပ်တန့်ရန် လက်တွေ့ကျသော ခြေလှမ်းများ လှမ်းရမည်ဟု ထောက် ပြခဲ့ ပါတယ်။
အပစ်အခတ်ရပ်စဲရေးကို အာမခံသော နိုင်ငံများ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၏ တိတ်ဆိတ်နေမှုကို ဇီယွန်ဝါဒီ သိမ်းပိုက်အစိုးရ၏ ပျက်ယွင်းသော အပြုအမူကို ထောက်ခံခြင်းဟု အီစ္စမာအီ ဗကာအီ က ခေါ်ဆိုခဲ့ပြီး အစ္စရေး၏ ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် ပြစ်မှုကျူးလွန်သူများကို တရားဥပဒေအရ အရေးယူရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝိုင်းကို ချက်ချင်းအရေးယူရန် တောင်းဆိုခဲ့ပါတယ်။
အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံ သည် လက်ဘနွန်အစိုးရ၊ ပြည်သူနှင့် ခုခံကာကွယ်ရေးတပ်ဦးတို့နှင့် အပြည့်အဝ စည်းလုံးညီညွတ်မှုကို ထပ်လောင်းအတည်ပြုကြောင်း အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ က အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment