၂ ဒီဇင်ဘာ ၂၀၂၅ - ၂၀:၄၄
ဂါဇာကမ်းမြောင်ဒေသတွင် ဆေးဘက်ဆိုင်ရာအရင်းအမြစ်များ နှင့် ဆေးဝါးများ ပြင်းထန်စွာ ပြတ်လပ်

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဒေသသည် ဆေးဘက်ဆိုင်ရာ အရင်းအမြစ် များ နှင့် ဆေးဝါးများ ပြင်းထန်စွာပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News နှင့် မီဒီယာသတင်းများအရ ဂါဇာရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနက ဂါဇာ ကမ်းမြောင် ဒေသ သည် အခြေခံဆေးဝါး ၄၀% မရနိုင်သောကြောင့် ဆေးဘက်ဆိုင်ရာကပ်ဘေးနှင့် ရင်ဆိုင်နေရကြောင်း ကြေညာ ချက်တစ်စောင်တွင် ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန အကြီးအကဲ မိုနီးရ် အလ်ပရရှ် က ဂါဇာတွင် အရေး ပေါ်အခြေ အနေများ တွင် အသုံးပြုသော ဆေးဝါးများ၏ ၄၀ ရာခိုင်နှုန်း ကုန်သွားပြီး ဆေးဘက်ဆိုင်ရာ ပစ္စည်းကိရိယာ ၇၁ ရာခိုင်နှုန်း ကုန်ဆုံးသွားပြီဟု ပြောကြားခဲ့ပါတယ်။

Shahab သတင်းဌာန၏ သတင်းအရ မိုနီးရ် အလ်ပရရှ် က ဂါဇာကမ်းမြောင်ဒေသရှိ ကျန်ရှိနေသော ဆေးဝါးများ သည် အပစ်အခတ်ရပ်စဲရေး ကြေငြာထားသော်လည်း ဒေသ၏ လိုအပ်ချက်များကို တစ်လသာ ဖြည့်ဆည်းပေး နိုင်မည်ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် အာရစ်ရှ်ဒေသတွင် ဆေးဘက်ဆိုင်ရာပစ္စည်းများ တင်ဆောင်လာသော ထရပ်ကား ၃၀၀၀ ကို ပြင်ဆင်ထားပြီးဖြစ်သော်လည်း ကျူးကျော်သူများက ဤအကူအညီပေးရေးယာဉ်တန်း ဝင်ရောက်ခွင့် ကို တားဆီးထားကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာန၏ အကြီးအကဲက ယခင်က ဇီယွန်ဝါဒီအစိုးရ၏ ထိုဒေသရှိ ဆေးဘက်ဆိုင်ရာစနစ်ကို ပြင်းထန်စွာ ဝိုင်းရံထားမှုကို ဖော်ထုတ်ခဲ့ပြီး ကျူးကျော်သူများသည် မိုဘိုင်း ဖုန်းအသစ်များ နှင့် ဇိမ်ခံပစ္စည်းများ ဝင်ရောက်ခွင့်ပြုထားသော်လည်း ဖျားနာသူများ၊ ဒဏ်ရာရသူများနှင့် ကလေးများ၏ အသက်ကို ကယ်တင်ရန် လိုအပ်သော ဆေးဘက်ဆိုင်ရာပစ္စည်းများကို ဆက်လက် ပိတ်ဆို့ ထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

မိုနီးရ် အလ်ပရရှ် က သိမ်းပိုက်ထားသော ဇိုင်ယွန်ဝါဒီအစိုးရသည် အခြေခံအစားအစာအမျိုးအစား ၃၅၀ ခန့်ကို ပိတ်ပင်ထားပြီး အသေးအဖွဲအစားအစာများကိုသာ ခွင့်ပြုထားပြီး ကလေးများနှင့် သက်ကြီးရွယ်အိုများကို ပြင်းထန် စွာထိခိုက်စေကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီ အစိုးရ၏ ဆေးဘက်ဆိုင်ရာစင်တာများအပေါ် ရက်စက်ကြမ်းကြုတ် သောတိုက်ခိုက်မှုများ နှင့်ဆေးဘက် ဆိုင်ရာအခြေခံအဆောက်အအုံများကို ကြီးမားသောဖျက်ဆီးခြင်းသည် ဂါဇာရှိ ကျန်းမာရေးစနစ် လုံးဝပြိုလဲသွားစေပြီး လူနာထောင်ပေါင်းများစွာ၏ အသက်အန္တရာယ်ရှိနေကြောင်း ပါလက်စတိုင်း သတင်း ရင်းမြစ် များနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ပြောကြားကြသည်မှာ မှတ်သားစရာအချက် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha