အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Dunyanews ၏ အစီရင်ခံစာအရ X လူမှုကွန်ရက်တွင် မှာ Khamenei.ir ၏ အင်္ဂလိပ်အကောင့်ရဲ့ ပို့စ်ကို အမျိုးသမီးဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ ၏ ထုတ်ပြန်ချက်များ ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ကြည့်ရှုသူ ၆ သန်းကျော် ရှိနေပါပြီ ဖြစ်ပါတယ်။ ဤအပိုင်းကို အင်္ဂလိပ်စကားပြော အသုံးပြုသူများက ကျယ်ကျယ်ပြန့်ပြန့် ကြိုဆိုခဲ့ကြပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ မိန့်ကြားခဲ့သည်မှာ “အမျိုးသမီးတစ်ယောက်ဟာ အိမ်ရဲ့ မန်နေဂျာဖြစ်ကြောင်း ဘာလို့ ဒီလို မလုပ်တာလဲ? ဘာလို့ ဒီလိုမလုပ်တာလဲ? အိမ်က ဘာလို့ မသန့်ရှင်းတာလဲ ? ဆို လို့ ပြောရမည့် အိမ်အစေခံ မဟုတ် ကြောင်း အမျိုးသမီးတစ်ယောက်ဟာ ပန်းတစ်ပွင့်နဲ့ တူ ကြောင်း ပန်းကို ဂရုစိုက်ရမယ်၊ ထိန်းသိမ်းရမယ်။ အဲလိုပြုစုမှ ပန်းကလည်း သူ့ရဲ့အရောင်၊ ရနံ့နဲ့ ဂုဏ်သတ္တိတွေကိုလည်း ပေးစွမ်းလိမ့်မည် ဖြစ်ကြောင်း ဖြစ်ပါ တယ်။
ဒီဇင်ဘာလ ၃ ရက်၊ ဗုဒ္ဓဟူးနေ့တွင် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ သည် အမျိုးသမီးများ နှင့် သမီးငယ်ပေါင်း ထောင်ပေါင်းများစွာနှင့် တွေ့ဆုံစဉ် “အမျိုးသမီးများ၏ ဂုဏ်သိက္ခာ” နှင့် “အမျိုးသမီးများ၏ အခွင့်အရေး” တို့သည် အမျိုးသမီးများ၏ နယ်ပယ်တွင် အရေးကြီးဆုံး ကိစ္စရပ်များဖြစ်ကြောင်း အလေးပေးမိန့် ကြားခဲ့ပြီး ဇနီးမယားများနှင့် နယ်ပယ်အသီးသီးရှိ အမျိုးသားများ၏ အပြုအမူတွင် ဘာလုပ်ရမည်၊ မလုပ်ရမည်ကို ရှင်းပြမိန့်ကြားခဲ့ပါတယ်။ ဆက်လက်ပြီး “အမျိုးသမီးများ၏ လုံခြုံရေး၊ ဂုဏ်သိက္ခာနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းသည် အမျိုးသမီးအခွင့်အရေး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကြောင်း အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း ဤဆိုးယုတ်သော အရင်းရှင်ဝါဒ ယုတ္တိဗေဒသည် အမျိုးသမီးများ၏ ဂုဏ်သိက္ခာကို ဖျက်ဆီးပြီး နင်းချေကြောင်း အစ္စလာမ် ဘာသာတွင် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် အမျိုးသမီးများအပေါ် လေးစားမှုသည် အရေးကြီးဆုံး အချက်များ ထဲမှ တစ်ခုဖြစ်ဖြစ်ကြောင်း ဟဒီးစ်တော် တစ်ပါး အရ တမန်တော်မြတ်(ဆွ) က “အမျိုးသမီး ဆိုသည်မှာ နူးညံ့ သိမ်မွေ့ သည့်ပန်းပမာ ဖြစ်ပါသည်။ ဝန်ထုပ်ကို မှသည့်အလုပ်သမားမဟုတ်ချေ။” ဟု မိန့်တော် မူခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
ဤအစည်းအဝေးတွင် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ၏ မိန့်ကြား ချက်များ၏ နောက်ထပ် အပိုင်းတစ်ခုသည်လည်း အင်္ဂလိပ်စကားပြောအသုံးပြုသူများထံမှ အထူးအာရုံစိုက်မှုကို ရရှိခဲ့ပြီး ကြည့်ရှုသူ ၃.၆ သန်းခန့် ကြည့်ရှုခဲ့ကြကြောင်း သိရှိရပါတယ်။ မိန့်ကြားချက် ၏ ဤအပိုင်းတွင် “ယနေ့ခေတ်တွင် အနောက် နိုင်ငံများ စွာတွင် အမျိုးသမီးများ၏ လုပ်ခလစာသည် တူညီသောအလုပ်အတွက် အမျိုးသားများထက် နည်းပါးကြောင်း ယနေ့ခေတ်တွင် ဤကဲ့သို့ဖြစ်နေကြောင်း ဤသည်မှာ လုံးဝတရားမျှတမှုမရှိကြောင်း အမျိုး သားများနှင့် ၎င်းတို့လုပ်ဆောင်သောအလုပ်အတွက် တန်းတူတန်ဖိုးဖြတ်ခြင်းဆိုင်ရာကိစ္စ၊ လုပ်ခလစာ၊ အမျိုး သားများနှင့် အစိုးရအခွင့်အရေး တန်းတူညီမျှမှု၊ ဥပမာအားဖြင့် အလုပ်သမားအမျိုးသမီးများအတွက် အာမခံ ပရီမီယံ၊ မိသားစုအကြီးအကဲအမျိုးသမီးများအတွက် အာမခံ၊ အမျိုးသမီးများအတွက် အထူးခွင့်နှင့် အခြား ကိစ္စရပ်များစွာကို လိုက်နာရ မည်ဖြစ်ကြောင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment