အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ လက်ဘနွန်သတင်းရင်းမြစ်များသည် တောင်ပိုင်း လက်ဘနွန် ဒေသများ တွင် အစ္စရေးတိုက်လေယာဉ်များ၏ တိုက်ခိုက်မှုများကို ပြုခဲ့ကြောင်း သိရပါတယ်။
အယ်လ်မေယာဒီးန် မှ သတင်းထောက်တစ်ဦးက အန်ဆာရ်၊ အယ်လ်ရိုင်ဟန်၊ ဝါဒီ ဘာဂါဇ်၊ အယ်လ် မဟ်မူး ဒီယဟ် ၊ အယ်မရဝေဂျ် နှင့် အယ်တူဖာဟ် ဒေသများတွင် အစ္စရေးတို့ တိုက်ခိုက်ခဲ့ကြောင်း သတင်းပို့ခဲ့ ပါတယ်။
လက်ဘနွန် နယ်မြေ အသီးသီးကို သိမ်းပိုက်ထားသည့် အစ္စရေးတပ်များ၏ လေကြောင်းတိုက်ခိုက်မှုများဖြင့် အကြိမ်ကြိမ် ပစ်မှတ်ထားခဲ့ပါတယ်။
လက်ဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်များ၏ အလွန်ပြင်းထန်သော လေကြောင်းတိုက်ခိုက်မှုများကြောင့် ဖြစ်ပွား ခဲ့သော လူနှင့်ပစ္စည်းဆုံးရှုံးမှုများဆိုင်ရာ အစီရင်ခံစာများမှာ ယခုအချိန်ထိ မရရှိသေးကြောင်း သိရပါတယ်။
အစ္စရေးသိမ်းပိုက်တပ်ဖွဲ့ကမူ တောင်ပိုင်းလက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် ၏ ထိန်းချုပ်မှုအောက်ရှိ လက်နက် သိုလှောင်ရုံ များ၊ ဒုံးပစ်စင်များ နှင့် ဟစ်ဘွလ္လာဟ် အရာရှိများ၏ လေ့ကျင့်ရေးစခန်းများကို ပစ်မှတ်ထား ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။
#သတင်းမှန်များကို အချိန်နှင့် တပြေးညီအများပြည်သူသိနိုင်ရန် မိမိတို့ အသုံးပြုသည့် Facebook / Telegram / Instagram /Twitter / Viber / Tiktok စသည်တို့တွင် Share ပေးကြပါရန် လေးစား စွာ မေတ္တာ ရပ်ခံအပ်ပါတယ်။ ကြိုတင်ကျေးဇူးတင်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment