၇ မတ် ၂၀၂၆ - ၂၃:၅၉
ဟစ်ဘွလ္လာဟ် က အစ္စရေးအပေါ် ထူးခြားသော  ဒုံးကျည် နှင့် ဒရုန်း တိုက်ခိုက်မှုများကို  ပြုလုပ်

လက်ဘနွန်ရှိ ဟစ်ဘွလ္လာဟ် လက်နက်ကိုင် အဖွဲ့က ဇီယွန်အစိုးရ၏ ပြစ်မှုများနှင့် အပစ်ရပ် သဘောတူညီချက် ချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အသိမ်းပိုက်ခံထားရသော ဒေသများ၏ မြောက်ပိုင်းတွင်ရှိသော အစ္စရေး စစ်ရေးအခြေစိုက်စခန်းများနှင့် ယူဒယာအခြေချနေထိုင်ရာများကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ အစီရင်ခံစာအရ လက်ဘနွန်၏ ခုခံတော်လှန်ရေးအဖွဲ့ ဟစ်ဘွလ္လာဟ် က ဇီယွန်အစိုးရ၏ ပြစ်မှုများနှင့် အပစ်ရပ် ချိုးဖောက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အသိမ်းပိုက်ခံထားရသော ဒေသများ၏ မြောက်ပိုင်း တွင်ရှိသော အစ္စရေး စစ်အခြေစိုက်စခန်းများနှင့် အခြေချနေထိုင်ရာများကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

ဟစ်ဘွလ္လာဟ် ၏ ထုတ်ပြန်ချက်အရ ဘေရွတ်မြို့၏ တရားဝင်အချိန်အရ ညနေ ၆:၀၀ နာရီတွင် တောင်လက်ဘနွန်ရှိ အသစ်တည်ထောင်ထားသော « ဘလတ်သွ် » စစ်ရေးအခြေစိုက်စခန်း၌ စုဝေးနေသော အစ္စရေး စစ်သားများကို ဦးတည်ညွှန်ကြားနိုင်သော ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ထို့ပြင် ညနေ ၃:၀၀ နာရီတွင် ဂိုလန်ဒေသရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ကိုယ်တိုင်ပေါက်ကွဲ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

တစ်ချိန်တည်းတွင် ဆဖက်မြို့အနီးရှိ အမီအဒ် စစ်အခြေစိုက်စခန်းကိုလည်း ဒရုန်းများစွာဖြင့် တိုက်ခိုက်ခဲ့ပြီး မာကဘာ စစ်အခြေစိုက်စခန်းကိုလည်း အကြီးအကျယ် ဒုံးကျည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။

ထို့အပြင် ညနေ ၃:၀၀ နာရီတွင်ပင် အစ္စရေး အခြေချနေထိုင်ရာ «  ကီရယတ် ရှမိုနာ »  တွင် စုဝေးနေသော စစ်သားများ ကို ဒရုန်းများစွာဖြင့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် မွန်းလွဲ ၂:၀၀ နာရီတွင် « ရာမုတ် နက်ဖ်တလီ  » အမည်ရှိ အစ္စရေး အခြေချနေထိုင်ရာကိုလည်း အကြီး အကျယ် ဒုံးကျဉ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

မိုဂျာဟစ်ဒီးန် များက နံနက် ၉:၀၀ နာရီတွင် « အယ်လ်မာလ်ကီယာ  » အစ္စရေး အခြေချနေထိုင်ရာကိုလည်း ဒုံးကျည် ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

ထို့အပြင် မြောက်ပိုင်း အသိမ်းပိုင်ခံထားရသော ပါလက်စတိုင်းဒေသရှိ အစ္စရေး အခြေချနေထိုင်ရာများကို ပြည်သူများ ထွက်ခွာရန် သတိပေးချက် ထုတ်ပြန်ခဲ့ပြီးနောက်  « ရှိုမီရာ »  အမည်ရှိ အခြေချနေထိုင်ရာကိုလည်း အကြီး အကျယ် ဒုံးကျည် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha