၁၀ မတ် ၂၀၂၆ - ၀၈:၄၉
အီရန်မှ ပစ်လွှတ်သော ဒုံးကျည် တစ်စင်း တယ်လ်အဗစ် တောင်ဘက်တွင် ကျရောက်၍ အစ္စရေးလူ ၂ ဦး သေဆုံး

တယ်လ်အဗစ် တောင်ဘက်ရှိ ဘတ်ယမ် မြို့တွင် အီရန်မှ ပစ်လွှတ်သော ဒုံးကျည် တစ်စင်း ကျရောက်သဖြင့် အစ္စရေးလူ ၂ ဦး သေဆုံးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေး သတင်းစာ Maariv က ယနေ့ တနင်္လာနေ့တွင် အစီရင်ခံခဲ့သည်မှာ အစ္စရေး အလယ်ပိုင်းဒေသတွင် အီရန်၏ ကလပ်စတာခေါင်းဖုံးပါ မစ်ဆိုင်လ် တစ်စင်း ကျရောက်ခဲ့ပြီး ထိုကြောင့် လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဖြစ်သည်။

Israel Hayomသတင်းစာက ထိုမစ်ဆိုင်လ်  (ဒုံးကျည်) သည် တယ်လ်အဗစ် တောင်ဘက်ရှိ ဘတ်ယမ် မြို့တွင် ကျရောက်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

အစ္စရေး Channel 12 က ထိုအီရန် မစ်ဆိုင်လ်တွင် သေးငယ်သော ဗုံး ၂၄ လုံး ပါရှိပြီး ဗုံးတစ်လုံးစီ၏ အလေးချိန်မှာ ၂ ကီလိုဂရမ်မှ ၅ ကီလိုဂရမ်အထိ ရှိကြောင်းနှင့် ထိုဗုံးများသည် ကျယ်ပြန့်သော ဧရိယာတစ်ခုအတွင်း ပျံ့နှံ့သွားခဲ့ကြောင်း အစီရင်ခံခဲ့ပါတယ်။

အစ္စရေး မီဒီယာများကလည်း ထိုကလပ်စတာ မစ်ဆိုင်လ်မှ ထွက်လာသော ဗုံးများသည် တယ်လ်အဗစ် မြို့တော် ဒေသအတွင်း နေရာ ၆ ခုတွင် ပျံ့နှံ့ကျရောက်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

စစ်ရေးကျွမ်းကျင်သူ နိဒါလ်အဘူဇေဒ် က အလ်ဂျာဇီရာ သတင်းဌာနသို့ ပြောကြားရာတွင် အစ္စရေး အလယ်ပိုင်း ကို တိုက်ခိုက်ပြီး လူ ၂ ဦး သေဆုံးစေခဲ့သော မစ်ဆိုင်လ်သည် ခိုရာမ်ရှဲဟ် ၄ မစ်ဆိုင်လ် ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့အစည်းကလည်း တယ်လ်အဗစ် အရှေ့ဘက်ရှိ ဘင်ဂူရီယွန် လေဆိပ် အနီး ရီဟူဒ် မြို့တွင် လူ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး ကျန်းမာရေး ဝန်ကြီးဌာနက ယနေ့ တနင်္လာနေ့တွင် ထုတ်ပြန်သော ကြေညာချက်အရ အမေရိကန်နှင့် အစ္စရေး၏ တိုက်ခိုက်မှုများကို အီရန်မှ ပြန်လည်တုံ့ပြန်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရသူ စုစုပေါင်း ၂၁၄၂ ဦးအထိ ရှိလာပြီဖြစ်ပြီး ထိုထဲမှ ၁၄၂ ဦးမှာ ဆေးရုံများတွင် ဆေးကုသမှုခံယူနေရကြောင်း ဖော်ပြခဲ့ပါတယ်။

အလ်ဂျာဇီရာ သတင်းဌာနမှ သတင်းထောက် ဝလီးဒ် အလ်အုမရီ က ပထမသတင်းအချက်အလက်များအရ မစ်ဆိုင်လ် တစ်စင်း တယ်လ်အဗစ်တွင် ကျရောက်ခဲ့ကြောင်းနှင့် မစ်ဆိုင်လ်များကို တားဆီးပစ်ချရန် ကြိုးပမ်းမှုများ ကြောင့် အနောက်ဘက်ကမ်းဒေသနှင့် အစ္စရေးအလယ်ပိုင်းရှိ နေရာအချို့တွင် ပေါက်ကွဲသံများ ကြားရကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး မီဒီယာများကလည်း မိနစ်အနည်းငယ်မတိုင်မီ အီရန်မှ အစ္စရေး အလယ်ပိုင်းသို့ ကလပ်စတာ မစ်ဆိုင်လ် တစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အစ္စရေး ပြည်တွင်းကာကွယ်ရေး အဖွဲ့က တယ်လ်အဗစ်နှင့် ၎င်း၏ ပတ်ဝန်းကျင်ဒေသများ၊ ယေရုရှလင်နှင့် အနောက်ဘက်ကမ်းရှိ အခြေချဒေသများတွင် သတိပေး အသံများ မြည်တမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အလ်ဂျာဇီရာ သတင်းထောက်ကလည်း အီရန်မှ မစ်ဆိုင်လ်များ ပစ်လွှတ်ကြောင်း ကြေညာပြီးနောက် ယေရုရှလင် ဒေသတွင် ပေါက်ကွဲသံများ ကြားရကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေး ပြည်တွင်းကာကွယ်ရေး အဖွဲ့က ထို့အပြင် တဘရီယာ၊ ဂိုလန်၊ ဘီဆန်နှင့် အနောက် ဘက်ကမ်း ဒေသများတွင်လည်း သတိပေး စိုင်ရင်များ မြည်တမ်းခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်က မိနစ်အနည်းငယ် မတိုင်မီ အဆိုပါ အခြေချထားသော နယ်မြေများသို့ တိုက်ခိုက်မှု လှိုင်းအသစ် တစ်ရပ် ပြုလုပ်ခဲ့ကြောင်း ကြေညာခဲ့ပါတယ်။

အနှစ်ချုပ်အားဖြင့် အစ္စရေး တွင် အီရန် ၏အဖြေပေး တိုက်ခိုက်မှုကြောင့် အများအပြားသေဆုံးပြီး ဒဏ်ရာ ရရှိသည်မှာ သေချာပြီး အစ္စရေး အစိုးရမှ မိမိတို့လူများ သေဆုံးမှု ဒဏ်ရာ ရမှုကို အရှိအတိုင်း မတင်ပြဘဲ ဖုံးကွဘ်ဆင်ဆာ လုပ်နေကြောင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha