၁၉ မတ် ၂၀၂၆ - ၁၉:၃၈
CIAက အီရန်က အမေရိကန်တပ်မတော်၏ ရဒါစနစ်များကို ဖျက်ဆီးခဲ့ပြီး ၎င်းတို့ကို အကန်း ဖြစ်အောင် ပြုလုပ်လိုက်ကြောင်း ပြောကြား

အမေရိကန်၏ ဗဟိုအဖြစ်ရှိသော လျှို့ဝှက်အေဂျင်စီ CIA အဖွဲ့ဝင်ဟောင်းတစ်ဦးက အီရန်သည် အမေရိကန် တပ်မတော် ၏ ရဒါစနစ်များကို ဖျက်ဆီးခဲ့ပြီး ၎င်းတို့၏ မျှော်မှန်းသည့် စစ်အင်အားကို မမြင်နိုင်အောင် (ခ)ကန်းအောင် ပြောင်းလဲခဲ့သည်ဟု ဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Irna သတင်းဌာန ၏ အစီရင်ခံစာအရ CIA ၏ အဖွဲ့ဝင်ဟောင်း လဲရီ ဂျွန်ဆန် (Larry Johnson) က အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများအပေါ် အီရန်က ပြန်လည်တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး စစ်ရေး ချိန်ခွင်ကို လုံးဝ ပြောင်း လဲခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် လျှို့ဝှက်အေဂျင်စီ၏ အဖွဲ့ဝင်ဟောင်း လဲရီ ဂျွန်ဆန်က “အီရန်သည် ဒေသတွင်ရှိသော အမေရိကန်၏ နောက်ဆုံးပေါ် ရဒါစနစ် ၅ ခုကို ဖျက်ဆီးနိုင်မည်ဟု မည်သူမဆို မမျှော်လင့်ခဲ့ပါ” ဟု ပြောကြားခဲ့ပါတယ်။

သူက ဆက်လက်ဖော်ပြသည်မှာ “အမေရိကန်၏ ရဒါစခန်းများ ဖျက်ဆီးခံရခြင်းကြောင့် အမေရိကန်နှင့် အစ္စရေးတို့သည် အကန်းများ ဖြစ်သွားကြသည်” ဟုဆိုကြပါတယ်။

လဲရီ ဂျွန်ဆန်က “ယခင်တုန်းက ဤ ရဒါစနစ်များ မဖျက်ဆီးခင် အစ္စရေးသည် မိမိ နိုင်ငံသို့ အီရန်၏ ဒုံးကျည်များ ရောက်မည့်အချိန်မတိုင်မီ ၃၀ မိနစ်အကြို သတိပေးချက် လက်ခံနိုင်ခဲ့သော်လည်း ယခုတော့ တစ်မိနစ်အကြိုသာ သိရှိနိုင်လာပြီး မျှော်မှန်းတုံ့ပြန်ရန်အချိန် အလွန်ကြီးမားစွာ လျှော့ကျသွားကြောင်း” ဟု ဆိုထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha